Tag: ခမ်းသားငေါဝ်း

ဆောင်းပြောင်းဒေသတွင် PNA ပြည်သူ့စစ်အဖွဲ့က ဒေသခံများကို နေကြာနှင့်ပြောင်း စ်ိုက်ခွင့်မပြု

ခမ်းသားငေါဝ်း, မေလ ၁၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် PNA ပြည်သူ့စစ်အဖွဲ့က ဒေသခံတောင်သူများကို နေကြာနှင့်ပြောင်းများစိုက်ပျိုးခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။ ဆောင်းပြောင်းဒေသ စိုက်ပျိုးတောင်သူများသည် ပြောင်းကိုသာ အဓိက စိုက်ပျိုးနေကြသဖြင့် ယခုကဲ့သို့ ပြောင်းမစိုက်ပျိုးရန် ကန့်သတ်လိုက်ခြင်းကြောင်း ဒေသခံများအတွက် အခက်ခဲများတွေ့ရကြောင်း သိရသည်။ “မေလ ၁၅ ရက်နေ့က ရွာလူကြီးအိမ်မှာ အစည်း ဝေးခေါ်ပြီး ပြောင်းနဲ့…

ဆီဆိုင်တွင်စစ်ရှောင်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိ

ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ် အပေါ်ရွာရှိ စစ်‌‌ရှောင်စခန်းတွင် စစ်ရှောင် ပြည်သူများ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဆေးဝါးများ အရေးပေါ်လိုအပ်ကြောင်း မေ ၁၇ ရက်က စစ်ရှောင်ကူညီသူတစ်ဦးထံ သိရသည်၊၊ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ဆေးဝါးအလုံအလောက်မရှိခြင်းကြောင့် ၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ လက်ရှိတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူ…

ပင်လောင်းမြို့နယ် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပိုများလာ

ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် အလွယ်တကူရရှိနိုင်ပြီး ရောင်းဝယ်သူပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ယာမ (ခေါ်) မူးယစ်ဆေးဝါးကို ခိုးရောင်းသူပိုများလာသည့်အတွက် သုံးစွဲသည့်လူငယ်လူလတ်လည်း ပိုများလာကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ “အခုက မူးယစ်ဆို ရွာတိုင်းလိုလိုမှာ ရောင်းတဲ့သူ ရှိတယ် အလွယ်လည်းရကြတယ်…

မြန်မာပြည်သူအတွက် Burma Act ကိုအကောင်အထည်ဖော်ဆောင်သွားမည်ဟု အနိုင်ရထိုင်းပါတီခေါင်းဆောင်ဆို

ခမ်းသားငေါဝ်း၊ မေလ ၁၇၊၂၀၂၃ မြန်မာနိုင်ငံပြည်သူအတွက် အမေရိကန်နိုင်ငံကဖော်ဆောင်ပေးသည့် Burma Act ကို အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရပါတီခေါင်းဆောင်က ဆိုသည်၊၊ ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Move Forward ပါတီခေါင်းဆောင် Mr. Pita Limjaroenrat သည် မြန်မာအရေးဦးစားပေးဆောင်ရွက်ပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အလယ်အလတ် ဖြစ်တဲ့နိုင်ငံတွေအတွက်က…

လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ကူညီရန် NUGနှင့်EROsတို့မှ အာဆီယံကို တိုက်တွန်း

ခမ်းသားငေါဝ်း၊ မေလ ၁၁၊၂၀၂၃ မြန်မာနိုင်ငံပြည်သူအားလုံးကို လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအထောက်အပံ့များ ကူညီခွင့်ပြုပေးရန် အာဆီယံကို တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ EROs နှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားပါသည်။ လက်ရှိအခြေအနေတွင် နိုင်ငံတစ်ဝှမ်း၌ ပြည်သူ ၁.၅သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ နယ်မြေအနှံအပြားတွင်လိုအပ်နေပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကပ်ဘေးရင်ဆိုင်နေရသည့်အခြေအနေဖြစ်ကြောင်းပါရှိပါသည်။…

မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် နောင်တရားရှိ စန္တာခမ်းရုမ်း စမ္မာရုံပျက်စီး

ခမ်းသားငေါဝ်း၊ မေလ ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တ‌‌ရားမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံးဖြို့ရးကွင်း တရားနာရာဓမ္မရုံသည် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးခဲ့ရကြောင်း သိရသည်။ မေလ ၈ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မိုးကြီးလေပြင်း တိုက်ခတ်ခဲ့ပြီး ယင်းဓမ္မရုံပျက်စီးသည့်အပြင် ကျေးရွာဖက်ရှိ နေအိမ်အချို့နှင့် တောင်သူများ စိုက်ခင်းလည်း ပျက်စီးခဲ့ကြောင်းသိရသည်။ “လူတွေ သံဃာတွေထိခိုက်တာတော့မရှိခဲ့ဘူး အောက်ကကွန်ကရစ်နဲ့စိုက်လုပ်ထားတာတောင် လေဒဏ်မခံနိုင်အာင် လေအရမ်းပြင်းခဲ့တာ ကွန်ကရစ်တစ်ချို့လည်း…

နမ်းသြကျေးရွာအနီး အာဆီယံသံတမန်ယာဥ်တန်းတိုက်ခိုက်ရမှု PNLOအနေနှင့် လုပ်စရာအကြောင်းမရှိ ဟုဆို

ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နမ်းသြကျေးရွာအနီး ပြီးခဲ့သည့်မေလ(၇)ရက်နေ့တွင် အာဆီယံလူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA Center)၏ ယာဥ်တန်းပစ်ခတ်တိုက်ခိုက်ရမှုပတ်သက်ပြီး PNLO အနေနှင့်ပြုလုပ်စရာအကြောင်းမရှိဟု PNLO တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အာဆီယံသံတမန်၏ ခရီးစဥ်တစ်လျောက်လုံးကို PNLO က ပြီးသည့်ဧပြီလနောက်ဆုံးပတ်အထိပင် ပြင်ဆင်ထားခဲ့ပြီးယာဥ်တန်းတွင် PNLOအရာရှိများလည်းလိုက်ပါခဲ့ကြောင်း သိရသည်။ “အဲ့နေ့က ယာဥ်တန်းမှာ ကျွန်တော်တို့လူကြီးတွေပါပါတယ်၊ဆီဆိုင်ထဲမှာလည်းကျွန်တော်တို့အဖွဲ့ဖြစ်တဲ့…

လူနေအိမ် ၁၀လုံးကျော်မီးရှို့ဖျက်ဆီးခံရ၊ ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အကြားရှိ မျက်ခါးအင်းကျေးရွာတွင် နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီတပ်သားများက မီးရှိုဖျက်ဆီးရာ ထွက်ပြေးတိမ်းရှောင်နေရ သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရှိရပါသည်။ မေလ ၇ ရက်နေ့က မျက်ခါးအင်းကျေးရွာအနီး ကျွဲတပ်ကျေးရွာ ၊ ကျောက်ပချုပ်ကျေးရွာများက ထွက်ပြေးတိမ်းရှောင်နေရပြီး လူဦးရေ ၂၀၀ ခန့် ရှိကြောင်း ဒေသခံပြောပြချက်အရ…

ပင်လောင်းတွင် ဆန်နှင့် ဆေးဝါးများကို စစ်‌ ကောင်စီ အကန့်အသတ်ဖြင့်သာ သယ်ခွင့်ပြု

ခမ်းသားငေါဝ်း၊ မေ ၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဆန်နှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုကြောင်း မေလ၂ရက်နေ့တွင် ဒေသခံများ ပြောပြချက်အရ သိရသည်။ ပင်လောင်းမြို့ကို အဓိကဆက်သွယ်ထားသည့် အောင်ပန်းဂိတ် တီကျစ်မြို့ရှိ နဂါးဘီလပ်မြေရှေ့ရှိ ဂိတ် နှင့် ပင်လောင်းမြို့အဝင် ဂိတ်တို့တွင် တင်းကြပ် စစ်ဆေးလျက်ရှိပြီး ဆန်နှင့် ဆေးဝါးအပြင် အခြား ကုန်ပစ္စည်းများလည်း…

ဖူလုံသောလုပ်ခလစာရရှိရေး၊ လုံခြုံသောလုပ်ငန်းခွင်များဖြစ်ရေးအတွက် အလုပ်သမားလူထုအနေဖြင့် စဉ်ဆက်မပြတ်တော်လှန်သွားမည်

ခမ်းသားငေါဝ်း၊ မေလ ၁၊ ၂၀၂၃ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဖူလုံသောလုပ်ခလစာရရှိရေး၊ လုံခြုံကောင်းမွန်သောလုပ်ငန်းခွင်ဖြစ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့ကို ဆက်လက်ကြိုးပန်းသွားမည်ဖြစ်ကြောင်း ယနေ့တွင်ကျရောက်သည့်ကမ္ဘာ့အလုပ်သမားများနေ့ (မေဒေးနေ့)တွင် မေလ ၁ရက်နေ့တွင် FGWMက ထုတ်ပြန်လိုက်ပါသည်။ အာဏာဖီဆန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားခဲ့ကြသည့် အလုပ်သမားများ ၊ သမဂ္ဂခေါင်းဆောင်များကို စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ငန်းရှင်များက အကြောင့်မဲ့အလုပ်ထုတ်ခြင်း၊ လုပ်ခလစာဖြတ်တောက်ခံရခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို…