Tag: ခမ်းသားငေါဝ်း

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲကို စစ်ကောင်စီက စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊ ၂၀၂၄ ယခုနှစ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီ(၇) ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟုဆိုကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ ၏ အထင်ကရ ပွဲတစ်ခုဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲ ပွဲတော်ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟုဆိုသည်။ ” အရင်နှစ်ကထက် ပိုစည်ကားအောင်လုပ်သွားမယ်လို့ပြောတယ်၊ ပြီးတော့ လူလည်းအရမ်းများလာတာလေတောင်ကြီးမှာ၊ ဘယ်လိုဖြစ်ဖြစ်အရင်နှစ်ကထက်တော့ပိုစည်မှာပဲ၊…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်ဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်ဖြင့်လာရောက်ပစ်ကူပေးနေကြောင်းအောက်တိုဘာ ၁၉ ရက်ကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့တောင်ဘက်ရှိ နောင်ဝိုး၊ပင်စုံ၊နမ်းဖာမူ၊ကောင်သုဲင် ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယနေ့ မနက် ၈ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့်လာရောက်ပစ်ကူပေးခဲ့ကြောင်းသိရသည်။ ” တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ လက်နက်ကြီးတွေတော့နေ့တိုင်းပစ်တယ်၊ ဒီမနက်တော့…

ပန်ခါးရွာတွင် လက်နက်ကြီးတစ်လုံးအား ယူဖြုတ်ရာမှ ပေါက်ကွဲ မှုဖြစ်ကာ အမျိုးသား ၂ ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာ၌ အမျိုးသား ၂ ဦး လက်နက်ကြီးတစ်လုံးဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးသွားကြောင်း TNLA ကထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် ၆၀ မမအမျိုးအစား ဗုံးသီးတစ်လုံးအတွင်းရှိ ယမ်းမှုန့်များကို ထုတ်ယူရန်ဖြုတ်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပွဲချင်းပြီးသေဆုံးသွားသည့်…

ဆီဆိုင်မြို့ဒေသခံကို ဗိုလ်ကျအနိုင်ကျင့် ဆဲဆိုငွေတောင်းနေသည့် ဝန်ထမ်းအိမ်ရာရှေ့က စစ်ဆေးရေးဂိတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့ ဝန်ထမ်းအိမ်ရာ ရှေ့ စစ်ကောင်စီနှင့်ရဲစစ်ဆေးရေးဂိတ်သည် ရွာသားနှင့် ဒေသခံ​ပြည်သူကို ဗိုလ်ကျအနိုင်ကျင့် ဆဲဆိုငွေတောင်းနေသည်ဟု ဆီဆိုင်မြို့ခံထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့တောင်ဘက်ဝန်ထမ်းအိမ်ရာရှေ့ဂိတ်တွင် ခမရ ၄၂၄ တပ် ဗိုလ် လှိုင်ဘုန်းမော်က ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျလုပ်ဆောင်နေသည်ဟုသိရသည်။ “ခေတ်ပျက်ကြီးမှာ ပြည်သူကို ဗိုလ်ကျ အနိုင်ကျင့် ယုတ်မာနေတာ ဆီဆိုင်က ရွာသားနဲ့ ပြည်သူတွေ တော်တော်…

ဆီဆိုင်ရှိ ကုန်းဆွတ်တံတား ပျက်စီးသွားသောကြောင့် သွားလာရခက်ခဲနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ကုန်းဆွတ်တံတားကျိူး၍ပျက်စီးသွားသောကြောင့်ဒေသခံများအတွက်သွားလာရခက်ခဲ ကြောင်းသိရပါသည်။ ရှမ်းပြည်နယ်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာအုပ်စု ကုန်းဆွတ်တံတားသည် ရေကြီးရေလျှံမူကြောင့် ကျိူးသွားသောကြောင့် တစ်ရွာမှတစ်ရွာ၊ တစ်ခြံမှတစ်ခြံသို့သွားလာရန်ခက်ခဲကြောင်း စိုက်ပျိူးရေးလုပ်ကိုင်သူများထံမှသိရသည်။ “ဒီကုန်းဆွတ်တံတားကျိူးတော့ အမွိုးတို့ သွားလာရခက်ခဲတယ်လေ၊ အရင်ကဆိုရွာတွေ ပတ်မသွားရဘူး လယ်တွေတခြားရွာ‌တွေကိုသွားရင်ပေါ့၊ အခုတော့ အဝေးကြီးရွာတွကို ပတ်သွားနေရတယ် အမွိုးတို့ခြံဆို ကုန်းဆွတ်ကန်ရဲ့အရှေ့နဲ့အနောက်မှာရှိတယ်လေရေကလည်းကြီးတံတားလဲကျိူးဆိုတော့ လုပ်ကိုင်စားသောက်လို့မလွယ်ကူတဲ့အပြင်သွားလာလို့လဲအဆင်မပြေဘူး”ဟု အမျိူးသမီးတစ်ဦးကပြောသည်။ အခု‌ကကုန်းဆွတ်ကန်ရှိရေကကျသွားပေမဲ့…

အင်းလေးရေညစ်ညှမ်းမှုကြောင့် ဒေသခံများယားယံမှုဖြစ်ပြီး ဆေးဝါးများအကူအညီလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ အင်းလေးကန် တောင်ကျရေများကြောင့် ရေများညစ်ညမ်းမှုဖြစ်နေပြီး အင်းရေကိုသာသုံးနေရသည့် ‌ဒေသခံများ အရေပြားယားယံမှုဖြစ်သောကြောင့် ဆေးဝါးများအကူအညီလိုအပ်နေကြောင်းအောက်တိုဘာလ(၁၅)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်တင်ဘာလဒုတိယပတ်တွင် ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ပြီး တောင်ကျရေများကြောင့်အင်းလေးကန်ရှိ ရေများညစ်ညမ်းသွားခဲ့ရသည်။ “ရေကတောသိတဲ့အတိုင်းပဲလေ အင်းလေးကန်ရေကအကုန်လုံးညစ်ပတ်သွားပြီဆိုတော့ သောက်သုံးရေတွေ ချက်ပြုတ်တဲ့ရေတွေကအဆင်မပြေတော့ဘူး၊ ချိုးရေလေးတစ်ခုပဲသုံးလို့ရတယ်ဆိုပေမဲ့ ယားယံခြင်းတွေကတော့ ဖြစ်တာပေါ့ အဓိကဖြစ်တာက ကုန်းမပေရေမပေရှိတဲ့ရွာတွေဘက်မှာ…

အောင်ပန်းတွင် ဆိုင်ကယ်မောင်းသူနှင့် လမ်းဖြတ်ကူးသူတို့ ယာဥ်တိုက်မှုဖြစ်ပွားပြီး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ အောင်ပန်းတွင် ဆိုင်ကယ် နှင့် လမ်းဖြတ်ကူးသူတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဘက် ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်း ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် စာသင်ကျောင်းအနီးလမ်းမ၌ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ဆိုင်ကယ် မောင်းလာသူ ကိုဝေ( မိတ္ထီလာနေ) နှင့် လမ်းဖြတ်ကူးသူ ကိုဆန်း(ညောင်ပင်သာရပ်ကွက်နေ)…

ပင်လယ်ဓားပြတိုက်ခံရပြီး စွန့်ပစ်ထားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို AA က ဘင်္ဂလားဒေ့ရှ်ထံသို့ လွှဲပြောင်းပေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ ဘင်္ဂလားပင်လယ်အော်တွင် ဓားပြတိုက်ခံရပြီး စွန့်ပစ်ခံထားရသော ဘင်္ဂလားဒေ့ရှိ နိင်ငံသား ၁၆ ဦးကို AA က ကယ်ဆယ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း AA က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီခန့်အချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန်…

သီပေါမြို့အတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို TNLA ပြန်လွှတ်ပေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၅၀၃)နှင့်(၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် အတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား စက်တင်ဘာလ ၂၆ ရက်နေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး…

You missed