Tag: ခမ်းသားငေါဝ်း

ဆန်စျေးနှုန်းတည်ငြိမ်စေရန် အရန်ဆန်များထုတ်ရောင်းသော်လည်း ဆန်စျေးထပ်တက်

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့်အခြေခံပြည်သူများစားသုံးနိုင်စေရန်တွက်သက်သာသောစျေးနှုန်းဖြင့်အရန်ဆန် အိတ်များထပ်မံရောင်းချပေးသော်လည်း ဆန်စျေးများဆက်လက်မြင့်တက်နေကြောင်းသိရသည်။ လက်ရှိဆန်စျေးကွက်တွင် တည်ငြိမ်မှုမရှိဘဲ ပို၍ပင်မြင့်တက်လာကြောင်းဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါသည်။ ” အရင်ကနဲ့စာရင် တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ အထိတက်သွားတယ်။ ကိုယ်ကဝယ်စျေးနဲ့ပြန်ရောင်းပေးလိုက်ရင်လည်း တစ်ဖက်ကရန်ကုန် ကုန်စည်ဒိုင်စျေးက ပြန်တက်သွားပြီ၊ကိုယ်အနေနဲ့ဘယ်လိုခန့်မှန်းပြီးရောင်းရမလဲမသိဘူး၊ အခက်အ ခဲတော့ရှိတာပေါ့၊ ဝယ်သူတွေလည်းစျေးတက်တော့ ဝယ်စားရတာအဆင်မပြေတာတွေရှိတာပေါ့” ဟုဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။ လက်ရှိရန်ကုန်…

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဥ်များလုပ်ဆောင်နိုင်ရန် ဌာန ၁၂ ခုကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု IEC ဆို

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၃ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC မှပြည်သူ့ဝန်ဆောင်မှုနှင့်ပြည်သူ့လုံခြုံရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် ဌာန ၁၂ ခုကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အထောက်အကူပြုဌာန ၁၂ ခုအနက် ဦးစားပေးဌာနအဖြစ် ၇ ခုကိုစတင်ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် IEC မှအသိပေးကြေညာထားပါသည်။ ဦးစားပေးဌာန ၇ ခုတွင် ပညာရေးဌာန၊ ကျန်းမာ ရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့်ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ကာကွယ်ရေးနှင့်လုံခြုံးရေးဌာန၊…

လဲချားတွင် စစ်ကောင်စီတပ်နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွား

…………….. ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ နေရာနှစ်နေရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် စစ်ကောင်စီတပ်တို့ သြဂုတ်လ ၆ရက် နံနက် ၆ နာရီအချိန်၌နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။ ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက်ကျေးရွာအနီးရှိ SSPP တပ်စခန်းကို စစ်ကောင်စီတပ်ဖက်မှ အင်အား ၇၀ ခန့်ဖြင့်ထိုးစစ်ဆင်…

အမျိုးသမီးအကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး ထိရောက်သည့်အကူအညီပေးရန် ခက်ခဲ

ခမ်းသားငေါဝ်း ဩဂုတ် ၆၊ ၂၀၂၃ (ဆောင်းပါး) တိုင်းရင်းသားဒေသတွင် စစ်တပ်အာဏာမသိမ်းခင်ကတည်းကပင် အမျိုးသမီးအပေါ် အကြမ်ဖက်မှုများ၊ အမျိုး သမီးအခွင့်အရေးချိုးဖောက်ခံရမှုများက ရှိနေခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးအပေါ် အကြမ်းဖက်မှုပိုမိုမြင့်တက်လာသလို ကူညီစောင့်ရှောက်ရန်လည်း ခက်ခဲလာသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဖြစ်ပွားပါက အကူအညီ‌ ပေးသည့်အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာကူညီနိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။ တရား ဥပဒေစိုးမိုးမှုမရှိသည့်အချိန်ကာလသည် တရားဥပဒေလမ်းကြောင်းပေါ် ရောက်ရှိရန်လည်း အလွန်ခက်ခဲသည်။…

မဲဆောက်တွင် ကုန်စိမ်းတင်ဆောင်သည့်ကားထဲတွင် မြန်မာနိုင်ငံသား ၅၂ ဦးဖမ်းဆီးမိ

ခမ်းသားငေါဝ်း ဩဂုတ် ၅၊၂၀၂၃ ထိုင်းနိုင်ငံ မြဝတီ-မဲဆောက်နယ်စပ်ဘက်တွင် ကုန်စိမ်းတင်ဆောင်လာသည့် ကုန်တင်ကားကြီးထဲတွင် မြန်မာနိုင်ငံသား ၅၂ဦး ဖမ်းဆီးမိကြောင်း သတင်းရရှိရသည်၊၊ ဖြစ်စဥ်သည် ထိုင်းနိုင်ငံ တာ့က်ခရိုင်ရှိ မဲဆောက်မြို့အထွက်တွင် အသီးအရွက်ကားထဲ၌ ပုန်းအောင်းလိုက်ပါလာ၍ သြဂုတ် ၃ ရက်ည ၉ နာရီအချိန်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မဲဆောက်မြို့အထွက် ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် ၆ ဘီးကားဖြင့် တင်ဆောင်လာသည့်…

စစ်ကောင်စီတပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၄၄ မှု ကျူးလွန် ဟု NUG ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၄၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ ဇူလိုင်လအထိ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၁၄၄)မှု ကျူးလွန်ခဲ့ကြောင်း NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၁ ခုနှစ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု(၁၁)ကြိမ်၊ ၂၀၂၂ခုနှစ်တွင် (၈၅)ကြိမ်နှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ (၄၈)ကြိမ် ကျူးလွန်ခဲ့ကြောင်း ပါရှိသည်။ စစ်ကောင်စီတပ် နောက်ဆုံးကျူးလွန်ခဲ့သည့် ၂၀၂၃ခုနှစ်ဇူလိုင်လ (၂၁)ရက်နေ့…

ဂေါ်ဖီထုပ် ဈေးနှုန်းအဆမတန်ကျသဖြင့် စိုက်ပျိုးတောင်သူများ အခက်အခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ရွာငံမြို့နယ် နှင့် အောင်ပန်းမြို့နယ်တကြောရှိ ကော်ဖီထုပ် စိုက်ပျိုးတောင်သူများသည် ဂေါ်ဖီထုပ် ဈေးနှုန်းအဆမတန်ကျဆင်းသဖြင့် တောင်သူများ အခက်အခဲကြုံ တွေ့နေရကြောင်း သတင်းရရှိပါသည်။ တောင်သူများအနေဖြင့် ဂေါ်ဖီထုပ် စစိုက်ပျိုးချိန်တွင် အသုံးပြုရသည့် အရင်းအနှီးများ၊ လုပ်အားခများသည် အစစအရာအရာဈေးနှုန်းမြင့်မားပြီး အရင်းစိုက်လုပ်လာသော်လည်း ဂေါ်ဖီထုပ် ရောင်းရချိန်တွင် ဈေး‌ကောင်းမရရှိသည့်အပြင် ဝယ်ယူသူပင်မရှိ၍ အခက်အခဲဖြစ်ရကြောင်း ကော်ဖီထုပ် စိုက်ပျိုးတောင်သူထံမှ…

အခြေခံအိမ်သုံးဆေးဝါးများ ဈေးတက်သဖြင့် ဒေသခံများ အခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဩဂုတ် ၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ရှိဆေးဆိုင်များတွင် အခြေခံအိမ်သုံးဆေးဝါးများ ဈေးတက်သဖြင့် ဒေသခံများအခက်အခဲ ကြုံတွေ့နေရကြောင်း ဩဂုတ်လ ၃ ရက်နေ့တွင် သိရသည်။ ‌ပင်လောင်းဒေသတွင် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူသယ်ဆောင်ခွင့်ရှိ၍ ယခုအခါ အိမ်သုံးဆေးများသည် ယခင်ဈေးထက် သုံးဆနီးပါး ဈေးနှုန်းပိုမိုတက်လာခြင်းကြောင့် အ ခြေခံလူတန်းစားများအတွက် အခက်ခဲဖြစ်စေ ကြောင်းသိရသည်။ ” ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျွန်မ အမေက…

DPLA ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီးနောက် မြစေတီကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲနေထိုင်သဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေရ

ခမ်းသားသငါဝ်း ဩဂုတ် ၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြစေတီကျေးရွာ ဘုန်းကြီးကျောင်းတွင် ဓနုပြည်သူ့လွှတ်‌ မြောက်ရေးတပ်ဦး DPLA ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီးနောက်ရက်တွင် စစ်ကောင်စီတပ်များက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ဖြစ်နေကြ‌ရသည်ဟု သိရသည်။ DPLA ထုတ်ပြန်ပြီးနောက် ဇူလိုင် ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ် အင်အား ၃၀ ဝန်းကျင် လာရောက်တပ်စွဲကင်းလှည့်နေထိုင်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။…

ရှမ်းပြည်နယ်တွင် ယဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးအဆင့်ရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၃၊၂၀၂၃ ရှမ်းပြည်နယ်တွင် ယဉ်မတော်တဆမှုဖြစ်ပွားမှုများကြောင့် ယခု ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း သေဆုံးသူ ၁၉၄ ဦးရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် သေဆုံးမှုအများဆုံးအဆင့်တွင်ရှိနေကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးငှာန ထုတ်ပြန်ချက်အရ သိရသည်။ မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်ပြီး သေဆုံးသူ ၉၄ ဦးရှိကာ ကျန်တိုင်းနှင့် ပြည်နယ်များတွင် သေဆုံးသူ လျှော့နည်းလာကြောင်း ထုတ်ပြန်ချက်တွင်…

You missed