Tag: ခမ်းသားငေါဝ်း

ဖောင်တောင်ဦးဘုရားရုပ်ရှင်တော်မြတ်ကြီးအား ရိုးရာမပျက်(၂၁)ဌာန အပူဇော်ခံကြွရောက်သွားမည်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်ကြီးအား ရိုးရာမပျက် (၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲ ရိုးရာအစဥ်အလာအား ထိန်းသိမ်းသည့်အနေဖြင့် ယခုနှစ်တွင်ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ” ၂၀၁၉တုန်းက နောက်ဆုံးအကြိမ်ကျင်းပဖြစ်တာပါ၊ ၃နှစ်လောက်ရှိပြီ မလုပ်ဖြစ်တာ၊ကြားသိရသလောက် ဒီလိုဒေသစာရီကြွချီတာ နှစ်ပေါင်း ၄၀၀ ကြာပီ၊ အရင်နှစ်တွေက ကိုဗစ်ရောဂါကြောင့်မလုပ်ဖြစ်ဘူး၊…

စစ်ကောင်စီ၏ ကာလုံအစည်းအဝေးကို ပူးပေါင်းသည့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်အဖြစ်မှ ထုတ်ပယ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူအား စစ်ကောင်စီ၏ ကာလုံအစည်းအဝေးကို ပူးပေါင်းတက်ရောက်ခဲ့သဖြင့် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ဦးဟင်နရီဗန်ထီးယူသည် ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီအုပ်စုနှင့် (၃၁.၇.၂၀၂၃)နေ့တွင် ပူးပေါင်း ဆောင်ရွက်မှု တွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအဖွဲ့ဝင်အဖြစ်မှ…

ဆိုက်ခေါင်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု ကျူးလွန်သူအား တရားရုံးက ထောင်ဒဏ် နှစ် ၂၀ အမိန့်ချ

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်း မှုတွင် ကျူးလွန်သူတရားခံအား ဟိုပုံးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် အမိန့်ချလိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့က ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင် နေထိုင်သည့် ၁၁ နှစ်အရွယ် အမျိုးသမီးကလေငယ်အား တစ်ရပ်ကွက်တည်း နေထိုင်သူ ဦးထွန်အောင်က မုဒိန်းပြုကျင့် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး…

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားလာ၍ အထောက်အထားစုံလင်လိုအပ်

ခမ်းသားငေါဝ်း ဩဂုတ် ၉၊၂၀၂၃ မြန််မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ သွား‌ ရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာ၍ အ ထောက်အထားစုံလင်မှသာလျှင် အလုပ်ရရန်လွယ်ကူကြောင်း အလုပ်ရှာဖွေရေး အေးဂျင်းတစ်ဦးထံမှ သိရှိရသည်၊၊ လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းဖြင့် ဝင်ရောက်သူ များပြားလာပြီး အထောက်အထားမရှိသောကြောင့် အလုပ်ရှာဖွေရန် ခက်ခဲကြရကြောင်း သိရသည်၊၊ ” ဒီတစ်လနှစ်လအတွင်းကိုမှ အောက်လမ်း (တရားမဝင်လမ်း)ကနေပြီး ဝင်လာတဲ့သူက ရက်တိုင်းလိုလိုရှိနေတယ်။ ဖမ်းမိတာတွေလည်း…

စစ်ရှောင်စခန်းများရှိ ရေသိုလှောင်ကန်အတွင်း ပိုးလောက်လန်းများကြောင့် ကူးစက်ရောဂါများဖြစ်လာမည်ကို စိုးရိမ်

ခမ်းသားငေါဝ်း ဩဂုတ် ၉၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေသိုလှောင်ကန်အတွင်း ပိုးလောက်လန်းများနေသဖြင့် ကူးစက်ရောဂါများဖြစ်လာမည်ကို စိုးရိမ် နေရကြောင်း သိရသည်။ ပိုးလောက်လန်းနှိမ်နင်းရန်နည်းလမ်းများနှင့် ကာကွယ်ခြင်းနည်းလမ်းများကို ပြည်သူများစုဝေးပြီး အသိပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း စစ်ရှောင်အရေးကူညီစောင်ရွက်သူတစ်ဦးက ဆိုပါသည်။ ” ပိုးလောက်လန်းကနေ ခြင်ဖြစ်လာတယ်၊ပိုးလောက်လန်းရှိ နေတဲ့ရေတွေကို ဖြစ်နိုင်ရင်မသောက်စေချင်ဘူး၊ ဒါမှမဟုတ် ဘိတ်ဆေးတွေ ခတ်ဖို့လိုမယ်ပေါ့၊ အခြားအစားထိုးသုံးလို့ရတာတွေလည်း သုံးလို့ရတယ်၊အမှိုက်တွေစနစ်တကျ…

အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှုများကို အသိအမှတ်ပြုသောအားဖြင့် အင်းလေးအမျိုး သမီးသမဂ္ဂ-IWUက ဂုဏ်ပြုအခမ်းအနားပြုလုပ်

ခမ်းသားငေါဝ်း ဩတ်ဂုတ် ၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသအခြေစိုက် IWU အဖွဲ့က ၈၈၈၈ လုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်နေ့တွင် ခေတ်အဆက် ဆက်အမျိုးသမီးများ၏ နိုင်ငံရေးစွမ်းဆောင်ရည်များကို ဂုဏ်ပြုသည့်အခမ်းအနားတစ်ရပ် ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးများ၏ ပါဝင်မှုများ၊ စည်းရုံးတိုက်ပွဲဝင်မှုများ ၎င်းကဲ့သို့အကြမ်းမဲ့နှလုံးရည်တိုက်ပွဲဝင်အံတုမှုကို ပြည်သူတစ်ယောက်ချင်းစီတိုင်း နိုင်ရာအခန်းဏ္ဍမှ ပါဝင်နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း IWUအတွင်းရေးမှူးက…

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပင်လောင်းမြို့ မြေနိမ့်ပိုင်း ရေကြီးရေလျှံမှု ဖြစ်ပွား

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် (၁၀) ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းများ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ​ခရမ်းချည်သီးခြံ၊ စပါးခြံ၊ ပြောင်းခြံ၊ဂျင်းခြံစသည့် စိုက်ပျိုးရေးခြံများစွာအပြင် ပင်လောင်းမြို့ပေါ် အရှေ့ရပ်ရပ်ကွက်၊ကန်သာဦးရပ်ကွပ် ပင်လောင်းအနောက်ဖက်ရှိ ပင်လောင်းကြီးရွာနှင့် မြေနိမ့်ပိုင်းရှိကျေးရွာများတွင် ရေကြီး ရေလျံမှုများ ဖြစ်ပြီး ယခုထိ ရေပြန်ကျခြင်းမရှိသေးကြောင်းသိရသည်။ “ဒီနေ့တော့ မိုးမရွာတော့ဘူး ရေတော့မကျသေးဘူး ခရမ်းချဉ်ပင်တွေ…

စစ်တပ်အာဏာသိမ်းပြီးနောက်အကျဥ်းထောင်အတွင်းမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၁၉ ဦးအထိရှိ

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် အကျဥ်းထောင်အတွင်းမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၁၉ ဦးအထိရှိလာကြောင်းနိုင်ငံရေးအ ကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။ အကျဥ်းထောင်အတွင်း မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူအပါအဝင် စုစုပေါင်းသေဒဏ်ချမှတ်ခံရသူ (၁၅၈)ဦးရှိသည့်အနက် ဝါဆိုလပြည့်နေ့တွင် ၇ ဦးအားတစ်သက်တစ်ကျွန်း​ပြစ် ဒဏ်ပြောင်းလဲသတ်မှတ်မှုကြောင့်လက်ရှိတွင်သေဒဏ်ချမှတ်ခံထားရသူ(၁၅၁)ဦးရှိနေဆဲဖြစ်ကြောင်းသိရသည်။ ၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၂၂၈) ဦးဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသည့်ဦးရေ(၃,၈၉၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။ ထို…

တစ်ပတ်အတွင်းရွာငံ၊ ပင်းတယ၊ ရပ်စောက်မြို့နယ်တွင် အရပ်သားပြည်သူ ၁၅ ဦးအထိဖမ်းဆီးခြင်းခံရ

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီပူးပေါင်းအဖွဲ့များက အရပ်သားပြည်သူ ၁၅ ဦးအထိ ဖမ်းဆီးထားကြောင်း သိရှိရပါသည်။ သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်သားနှင့် ဒေသဗျူစောထီးများက လက်နက် ကိုင်တော်လှန်ရေးလှုပ်ရှားသူများနှင့်ဆက်စပ်သည်ဟုဆိုကာ ပြည်သူကို ဖမ်းဆီးထားခြင်းဖြစ်သည်။ အဖမ်းခံရသူသည် ပင်းတယမြို့နယ်မှ ၃ ဦး ၊ရပ်စောက်မြို့နယ်မှ…

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောက်မဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက် (၁)၌ ပတ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံ တစ်ဦးထံမှ သိရှိရသည်။ ညမထွက်ရ အမိန့်ကို ည ၇ နောက်ပိုင်းမှစပြီး မနက် ၄ နာရီ အထိ အပြင်သို့သွားလာခြင်းမရကြောင်း သိရှိပါသည်။ “ဗုံးပေါက်ကွဲပြီးတဲ့နောက်ပိုင်းမှာ ည ၇…

You missed