Tag: ခမ်းသားငေါဝ်း

နန်းတုတ်တွင် PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင်းနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး အယ်ဝေး က ဩဂုတ်လ ၂၈ ရက်နေ့တွင် ပစ်သတ်ခံခဲ့ရကြောင်း ခမ်းသားငေါဝ်း သတင်းရင်းမြစ်ထံမှ သိရပါသည်။ ၄င်းသည် လက်ရှိတွင် #PNO ပအိုဝ်းပြည်သူ့စစ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈…

လွိင်လင်မြို့နယ်တွင် သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး ဩဂုတ်လ(၂၆)ရက်နေ့ ည(၈)နာရီ(၅)မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နောင်မင်းအေးမောင်းနင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစားကားအား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ရှာဖွေစစ်ဆေးရာ ယာဥ်ပေါ်တွင် ဒေသကာလ ပေါက်ဈေး သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀၀…

ရွာငံမြို့နယ်တွင် သိန်းလေးဆယ်ကျော် တန်ဖိုးရှိဘိန်းနှင့်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ကျပ်သိန်းလေးဆယ်ကျော် တန်ဖိုးရှိဘိန်းနှင့် ကျပ်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC myanmar ထုတ်ပြန်ချက် အရသိရသည်။ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ဩဂုတ်လ (၂၆) ရက်နေ့ ညနေ(၆)နာရီဝန်းကျင်တွင် ရွာငံမြို့မှ မန္တလေးမြို့ဘက်သို့မောင်းနင်လာသည့် ခရီးသည်တင်မော်တော်ယာဥ်အား ရပ်တန့်စစ်ဆေးရာမှတွေ့ရှိကြောင်းသိရသည်။ ယာဥ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် မလှဟန်(ခ)လှခင်၊ မဝီရိည(ခ)ညအေးနှင့်…

စစ်ရှောင်ပြည်သူတိုးလာသည့်အတွက် အောင်ကလပ်အပေါ်ရွာစစ်ရှောင် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲရင်ဆိုင်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက်အခက်အခဲများ ရှိနေသေးကြောင်း ယနေ့ဩဂုတ်လ(၂၈)ရက်နေ့တွင် သိရသည်။ စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ကလေးပညာရေး စသည့်အခက်အခဲများ ယခင်ကထက်ပိုမိုဆိုးရွားလာကြောင်း သိရသည်။ ”အခုလောလောဆယ်ဆိုရင် ဆေးဝါးအရမ်းလိုအပ်တယ်။ ဘာလို့ဆို နာတာရှည်ရောဂါသည်တွေ၊ လူကြီးရောဂါတွေ၊ သွေးတိုးရောဂါသည် စတာတွေများတော့ ကုသဖို့ဆေးကလည်းမရှိတော့ အခက် အခဲအရမ်း…

ယခုနှစ်ပြောင်းသီးနှံ စျေးကောင်းရရှိသော်လည်း သွင်းအားစုစျေးမြင့်မားမှုကြောင့်တွက်ခြေမကိုက်သေး

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ယခုနှစ်ရာသီထွက် ပြောင်းသီးနှံများ စျေးကောင်းရသော်လည်း သွင်းအားစုစျေး​မြင့်မားသောကြောင့် ပြောင်းစိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့တွင် သိရသည်။ ထို့အပြင်ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ပြောင်း စိုက်ပျိုးမှုနည်းပါးလာပြီး ပြောင်းစိုက်ပျိုးသူ ၃ ပုံ ၁ ပုံခန့်သာကျန်ရှိကြောင်း ဖယ်ခုံမြို့နယ်ပြောင်းစိုက်ပျိုးဒေသခံတစ်ဦးက ဆိုပါသည်။ ” စစ်ရေးအခြေအနေမကောင်းတော့ စိုက်ပျိုးသူမရှိတော့ဘူး၊ကြောက်ရတယ်လေ၊ စိုက်ပြီးရင်လည်းစိုက်ခင်းအတွင်းမိုင်းတွေဘာတွေလည်း ကြောက်ရတယ်၊စစ်ကြောင်းနဲ့တွေ့မှာလည်း…

လေမတိုက်သော်လည်း ယိုင်လဲပျက်စီးလာဖွယ်ရှိသည့် မြို့ငယ်လေး

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၃ သတင်းဆောင်းပါး တောတောင်များနှင့် နွေဆိုလျှင် နီဝါဝါ၊ မိုးဆိုလျှင် စိမ်းစိမ်းစိုစို၊ ဆောင်းဆိုလျှင် အုံ့အုံ့မှိုင်းမှိုင်းနှင့် ဥတုသုံးပါစလုံး လှပသည့်မြင်ကွင်းများရှိသည့် နမ့်စခန်မြို့ကလေးသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အရှေ့ဘက် ၁၄ မိုင်အကွာတွင်ရှိသည်။ နမ့်စန်မြို့သည် ယခင်က လွိုင်လင်ခရိုင်အတွင်းတွင် တည်ရှိနေပြီး၊ ယခင်ဝန်ထမ်းမြို့ ဟု ခေါ်ကြသလို စစ်တပ်က ပြည်သူ့အာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့ကို နမ့်စန်ခရိုင်ဟုလည်း…

ကွတ်ခိုင်သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းတပ် TNLA တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ တအာင်းပြည်နယ်၊ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်မှာ အင်အားအလုံးအရင်းဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သြဂုတ်၂၆ ရက်နေ့ TNLA ထုတ်ပြန်ချက် အရ သိရပါတယ်။ ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့ ညနေ(၅း၀၀)နာရီမှ(၆း၀၀)နာရီအထိ လုံဆွေရွာအနီးမှာ (၁)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကား(၁၆)စီးနဲ့အတူ…

ကရင်နီပြည်ရဲဌာန ဖွဲ့စည်းပြီး ၂နှစ်အတွင်း ဒေသအမှုပေါင်း (၃၆၂) မှုအရေးယူဆောင်ရွက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ ကရင်နီပြည်နယ် ရဲဌာန (KSP)ဖွဲ့စည်းဆောင်ရွက်ပြီး ၂ နှစ်တာကာလတွင် ဒေသတွင်းအမှုပေါင်း (၃၆၂)မှု အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန ၂ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။ ကရင်နီပြည်ရဲဌာန (KSP)အား ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ၂၅.၈.၂၀၂၁ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးအကြမ်းဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ၂ နှစ်တာကာလတွင် ကရင်နီပြည်နယ်ထိန်းချုပ်နယ်မြေအတွင်း…

တရားမဝင် နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲခြင်း မပြုရန် NUG တားမြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အဖွဲ့မှ ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ၂၀၀၀၀ (နှစ်သောင်း)တန်ငွေစက္ကူကို သုံးစွဲခြင်းမပြုရန် NUG ကဩဂုတ်လ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအခန်း ၁၂ ပါရှိချက်အရ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာများအား တားဆီးရန်ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုထားပါသည်။ အဆိုပါ ၂သောင်းတန်ငွေစက္ကူအား လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ လွှဲပြောင်းခြင်းများကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ရာရောက်ကြောင်း…

တောင်ကြီးမြို့‌ပေါ်ရပ်ကွက်များတွင် မီတာခမဆောင်သည့်အိမ်များကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ မီတာဘောက် လိုက်ဖြုတ်သိမ်း ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မီတာခမ‌ပေးဆောင်သည့် အိမ်များကို စစ်ကောင်စီလက်အောက် ခံဝန်ထမ်းများက မီတာဘောက်များ လိုက်ဖြုတ်သိမ်း‌နေကြောင်း သိရှိရပါသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း မီတာဘောက်လိုက်လံဖြုတ်သိမ်းမှုများ ရှိနေပြီး အချို့ရပ်ကွက်များတွင် မီတာဘောက်အလုံး ၂၀ ကျော်အထိ ဖြုတ်သိမ်းခံရသလို အချို့ရပ်ကွက်တွင် ၁၀ လုံးကျော် ဖြုတ်သိမ်းခံရမှုရှိနေကြောင်း မီတာဘောက်လာဖြုတ်သူတစ်ဦးထံမှ သိရသည်။ မီတာဘောက်အဖြုတ်ခံရသည့်အိမ်များသည်…

You missed