ပြည်သူ့ကာကွယ်ရေးတပ်များထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများသွားလာခွင့်ထိန်းချုပ်
ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ တောထဲရှိပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ကိုသွားရောက်ထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများ သွားလာခွင့်ကို ထိန်းချုပ်ထားသည်။ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာဒေသခံများကို တောခြံသွားလာခွင့်နှင့် ရွာအပြင်ထွက်ခွင့်များကို စစ်ကောင်စီတပ်သားများထံလက်မှတ်ရေးထိုးပြီး သွားလာရကြောင်းစုံစမ်းသိရှိရပါသည်။ ”သွားလာခွင့်လက်မှတ်တွေနဲ့အကြပ်ကိုင်ထားတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ လုံးဝမပတ်သက်တော့ဘူးလို့ မိသားစုအလိုက်လက်မှတ်ထိုးသူတွေရှိတယ်” ဟု နွားဘန်းကြီးကျေးရွာသူတစ်ဦးကပြောပါသည်။ ထိုသို့ စိုက်ပျိုးရာသီအချိန်တွင် ခံဝန်လက်မှတ်ခနခန သွားထိုးရသောကြောင့် တောခြံသွားလာလုပ်ကိုင်သူများ အဓိကအခက်အခဲကြုံတွေ့ရကြောင်း ဒေသခံ ကပြော…