Tag: ခမ်းသားငေါဝ်း

စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် လနုကိုယ်ဝန်​ဆောင်မိခင် ကိုယ်ဝန်ပျက်ကျ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ စစ်ကောင်စီတပ်ဖမ်းဆီးခေါ်ဆောင်သွားသည့်စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျသွားကြောင်း နှီးစပ်သူအမျိုးသားတစ်ဦးထံမှသိရပါသည်။ ဖမ်းဆီးခေါ်​ဆောင်သွားစဥ် စစ်သားများက လမ်းပေါ် ကားခပ်ကြမ်းကြမ်းမောင်းပြန်သည့်အတွက် လနုကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျရခြင်း ဖြစ်ကြောင်း နှီးစပ်သူပြောသည်။ ” ရဲတွေက ရွာငံဆေးရုံကိုဝင်ပို့သေးတယ် သွေးဆင်းတာမရပ်လာလို့ ပင်းတယဆေးရုံ ရောက်လာတာ အခုဆေးရုံကဆင်းခွင့်မရသေးဘူး ၊ကိုယ်ဝန်သုံးလနဲ့ပျက်ကျတာ” ဟု မပိုးဥနှင့်နီးစပ်သူတစ်ဦးကပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့လည်ပိုင်းတွင်​စစ်ကောင်စီလက်အောက်ခံရွာငံမြို့နယ်ရဲတပ်ဖွဲ့မှ မပိုးဥ၏ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်ကိုရှောင်တစ်ခင်ဝင်ရောက်ဖမ်းဆီးရာတွင်ဖမ်းဆီးမမိဘဲ…

ယောကျ်ားဖြစ်သူကိုဖမ်းဆီး၍မရခြင်းကြောင့် ဇနီးကို စစ်ကောင်စီဖမ်းဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၃ ရွာငံမြို့နယ် ပဲယင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် ကိုဝင်းကျော်ကို စစ်ကောင်စီကလိုက်လံဖမ်းဆီးရာမမိလိုက်သောကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးသွားကြောင်း ရပ်ကွက်အတူနေထိုင်သောဒေသခံထံမှစုံစမ်းသိရပါသည်။ ပင်းတယမြို့နယ်၊ ပုန်းတကန်အနောက်ဘက်၊ဆင်ခေါင်းရပ်ကွက်သို့ စစ်ဘေးရှောင်ပြောင်းရွေ့နေထိုင်လာသည့် ကိုဝင်းကျော်နှင့် ဇနီးမပိုးဥနေအိမ်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့တွင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ အဆိုပါဖြစ်စဥ်တွင်ယောကျာ်းဖြစ်သူကိုစစ်ကောင်စီက မဖမ်းမိလိုက်သောကြောင့် ကိုယ်ဝန်သုံးလ ရှိဇနီးမပိုးဥကို ရွာငံမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ပြောသည်။ ” အဲနေ့လည်က…

တောင်ကြီးမြို့အဝင် စစ်ကောင်စီဂိတ်များတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုရှိနေ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၀၊၂၀၂၃ တောင်ကြီးမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်စစ်သားများက လမ်းသွားလာသည့်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုများရှိနေကြောင်း အမျိုးသမီးတစ်ဦးထံမှ သိရသည်။ သွားလာသည့်အမျိုးသမီးများကို အထက်စီးပြောဆိုခြင်း၊ မဖွယ်မရာစကားပြောခြင်း၊ အသားယူစစ်ဆေးခြင်း၊ ဆဲဆူအောငေါက်ခြင်း ပြုမူဆက်ဆံခြင်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံဖူးသူအမျိုးသမီး တစ်ဦးပြောဆိုချက်အရ သိရသည်။ “မေးတဲ့ဟာကိုကောင်းကောင်းပြောနေရက်သားနဲ့ ဟိုကိုင်ဒီကိုင် လက်မောင်း ပုခုံးကိုလာကိုင်တယ်၊ ပုခုံးပေါ်ဓားတင်တဲ့ ကိစ္စတွေလည်းကြုံရတယ်၊ ဒါနဲ့ဆို ကြုံရတာနှစ်ခါရှိပြီ ဘယ်သွားမလဲ၊ ခနနေဒီကိုပြန်လာဦးမလား၊…

ရွှေတွင်းတွင် အိပ်ပျော်နေစဥ် မြေပြို၍ လူနှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ သာစည်မြို့နယ်၊ လယ်ပြင်ရွာကျေးရွာရှိ ရွှေတွင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် အိပ်ပျော်နေသည့် အလုပ်သမားနှစ်ဦး သေဆုံးသွားသည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီဝန်းကျင် တွင် မိုးများရွာသွန်းထားမှုကြောင့် မြေပြိုသွားပြီး တဲအိမ်များကိုပိကာ အလုပ်သမား ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်…

PNO က ရုံးစရိတ် နှင့် စစ်ဖိနပ်ဖိုးဟုဆိုပြီး မကြာခဏ ပိုက်ဆံကောက်ယူ ဟုဆို

ခမ်းသားငေါဝ်း စက်တက်ဘာ ၂၇၊၂၀၂၃ လွိုင်လင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာများတွင် PNO ပြည်သူ့စစ်အဖွဲ့က ရုံးအတွက်နှင့် စစ်ဖိနပ်ဖိုး ဟုဆိုကာ ဒေသခံများထံမှာ မကြာခဏ ပိုက်ဆံကောက်ယူမှုများ ရှိနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “မြို့နယ်က ကျွန်တော်တို့ကို ပြောလာတာကတော့ ရုံးအတွက် ရုံးမှာရှိတဲ့သူ သွားလာရေးအတွက် မြို့နယ်အသွားအလာစရိတ်အတွက် ပအိုဝ်းရုံးပါ၊ ပင်လုံမှာရှိနေတဲ့ PNO ရုံးပါ။ အုပ်စုတိုင်း အုပ်စုတိုင်းကောက်ပါတယ်” ဟု…

PNA ပြည်သူ့စစ်က ပြောင်းများ ပေးမစိုက်သဖြင့် ဒေသခံတောင်သူများ ဝင်ငွေနည်းပါးရ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၆၊၂၀၂၃ ဆောင်းပြောင်းဒေသ လမ်းမကြီး‌ဘေးနှင့် PNA စခန်းအနီးတွင် ပြောင်းများကို ပေးမစိုက်သဖြင့်‌ တောင်သူများဝင်ငွေနည်းပါးလာရသည်‌‌ဟု ပြောင်းစိုက်‌တောင်သူတစ်‌ဦးက ပြောသည် ။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး နန်းနိမ့်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်း PNA ပြည်သူ့စစ်အဖွဲ့က ဩဂုတ်လတွင်‌ ဒေသခံများအား ဘုန်ကြီး‌ကျောင်းသို့ အစည်း‌ဝေးခေါ်ပြီး လမ်းမကြီးဘေးနှင့် PNA စခန်းအနီး‌‌ကို ပြောင်းစိုက်ပျိုးခြင်းပိတ်ပင်ခဲ့ကြောင်း သိရသည်။ “ပြောင်းစိုက်ရမယ့် ခြံက…

ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်များရရှိသည့်ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံမှ အမြတ်ထုတ်ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၅၊၂၀၂၃ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကရင်နီစစ်ရှောင်များအတွက်ရရှိသည့် ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံ၏ အမြတ်ထုတ်ခြင်းခံနေရသည်ဟု စစ်ရှောင်တစ်ဦးကပြောပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသ ထီးကာကျေးရွာရှိ စစ်ရှောင်သူများအတွက် တောင်ကြီးအလှူရှင်တစ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့က တစ်အိမ်ထောင်လျှင် ၁သိန်းကျပ်ထောက်ပံ့ပေးခဲ့ရာ စစ်ရှောင်တာဝန်ခံက ယင်းသို့ အမြတ်ထုတ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။ ” အလှူရှင်မလာကတည်းက ကျေးရွာလမ်းခင်းဖို့ ၅ သောင်းကျပ် ပြန်ထည့်ပေးရမယ်ပေါ့၊…

နောင်တရားတွင် ရုတ်တရက် မိုးရေကြီးပြီး သီးနှံစိုက်ခင်းနှင့် အသုံးအဆောင်များ ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၅၊ ၂၀၂၃ နောင်တရားဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးရုတ်တရက် ရေကြီးသဖြင့် သီးနှံစိုက်ခင်းနှင့် လူအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် စက်တင်ဘာလ၂၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက် ၁ တွင်ရုတ်တရက်ရေကြီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “ရေကရုတ်တရက်မျောလာတော့ပစ္စည်းတွေ ဆီဗုံးတွေလည်းအကုန်မျှောပါသွားတာပေါ့။ ပစ္စည်းလှောင်ဝယ်ထားတာတွေတော့ ပျက်စီးသွားတာပေါ့နော်။ နှမ်းလုံးတွေဆိုပိဿာချိန်တစ်ထောင်ကျော်တာပေါ့။ မျောပါသွားတယ်ပြန်ရတဲ့ဟာကိုတော့နေပူပြန်လှန်းရတယ်ပြန်မရတဲ့ဟာတော့မရဘူးပေါ့နော်” ဟုအဆိုပါဒေသခံတစ်ဦးကပြောသည်။ ထိုကဲ့သို့ ရုတ်တရက်ရေကြီးမှုသည်…

ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင်ပြင်ဆင်လျက်ရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် (၄၈)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့တွင် PNFC မှအသိပေးထုတ်ပြန်လိုက်သည်။ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင် ပြင်ဆင်ရာတွင် ပအိုဝ်းပြည်သူတစ်ရပ်လုံး တူညီသောအမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)မှ ပန်ကြားထားသည်။ တော်လှန်ရေးခရီးကြမ်းတွင် အံတုတိုက်ပွဲဝင်ခဲ့သော ဖြားဗွာလှဖေနှင့် သူရဲကောင်းအပေါင်းအပါများကျဆုံးသည့် ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ…

စားဝတ်နေရေးအတွက် စိုက်ရသည့် ဘိန်းခင်းများ ဖျက်ဆီးခံရမည်ကို စိုးရိမ်ကြောင်း ဒေသခံများပြော

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ စစ်အာဏာသိမ်းပြီးနောက် လွိုင်လင်မြို့အနောက်ဘက်ရှိတောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုများလာပြီး ယခင်နှစ်ကလို ဘိန်းခင်းများဖျက်ဆီး ခံရမည်ကိုစိုးရိမ်ကြောင်းဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကဘိန်းပန်းပွင့်ချိန်တွင် အဆိုပါဒေသရှိ ဘိန်းခင်းပုံများအွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး ဘိန်းခင်းအကုန်လုံးနီးပါးဖျက်ဆီး ခံခဲ့ရကြောင်းဆိုသည်။ “အဲ့ချိန်က လက်ကမြင်းထပြီးပုံရိုက်ပြီးလိုင်းပေါ်တင်လိုက်လို့တဲ့ အဲ့နဲ့ရဲတွေ စစ်သားတွေက ဓားမြောင်နဲ့အသီးဖျက်တာရှိတယ် တချို့လည်းစက်နဲ့အကုန်ပါပြောင်ပြီးလာဖျက်ဆီးသွားတာ”ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။ ဘိန်းခင်းပုံ အွန်လိုင်းပေါ်ပျံ့ပြီးနောက် ရဲနှင့်စစ်သား ဦးရေ (၅၀)ဝန်းကျင် လာရောက်ပြီး ဖျက်ဆီးခဲ့သည်။…

You missed