Tag: ခမ်းသားငေါဝ်း

အင်းလေးဒေသရှိ ကံရွာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်‌ကောင်စီတပ်က ဒေသခံလူငယ် ၆  ဦးကို ဖမ်းဆီး

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၄၊ ၂၀၂၃ ကံရွာ လောင်းကစားဝိုင်း၏ အနောက်ဘက်ဖြစ်ပွားသည့် ပေါက်ကွဲမှုအပြီးတွင် စစ်‌ကောင်စီတပ်သားများက ဒေသခံလူငယ် ၆ ဦးကို ဖမ်းဆီးခေါ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာတွင် အောက်တိုဘာလ ၁၂ ရက်ည ၈ နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီက ဒေသခံလူငယ် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း…

မီးပုံပျံကွင်းတွင် နေ့ခင်းအချိန်မှာပင် တက္ကသိုလ် ကျောင်းသူနှစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးပါသွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ တောင်ကြီးမြို့ အဝေရာ မီးပုံပျံကွင်းတွင် နေ့ခင်းအချိန်မှာပင် တက္ကသိုလ် ကျောင်းသူနှစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးပါသွားခဲ့ကြောင်း ကျောင်းသူတစ်ဦးထံမှ သိရသည်။ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦးသည် မီးပုံပျံကွင်းရှိ ပျံကျဈေးတွင် ဈေးသွားသုံးစဉ် ဈေးမရောက်ခင် ဈေးအနီးမှာပင် ဓားပြတိုက်ခံရကြောင်း သိရသည်။ ” ဓားမြက နှစ်ယောက်…

ဘောလခဲမြို့တွင် ဆန်များပြတ်လပ်နေပြီး ဒေသခံများ ဆန်ပြုတ်နှင့်ပြောင်းဆံများ ချက်စားနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ဘောလခဲမြို့ပေါ်တွင် ဆန်ပြတ်လပ်မှုရှိနေပြီး ဒေသခံများက ဆန်ပြုတ်ချက် စားသောက်နေရကြောင်း ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် ဘောလခဲမြို့တွင် ရိက္ခာသယ်ယူခွင့်တင်းကြပ်သဖြင့် ဆန်များပြတ်လပ်နေပြီး ဒေသခံများက ဆန်ပြုတ်သောက်နေရသူများရှိသလို အချို့မှာပြောင်းဆံများရောနှော ချက်စားနေရကြောင်း သိရှိရပါသည်။ “ကျနော်တို့တကယ် အဆင်​​ပြေမနေကြဘူး၊ ဆန်ကလည်းရှားတယ်၊ ရှားတယ်ဆိုတာက ဆန်စျေးကလည်း အဆမတန်ကြီးတယ်။ ဆန်ကလည်းရှား တော့ ဆန်ပြုတ်သောက်ရတာက ပိုများတယ်၊ပြောင်းဆံကို…

ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ ကျေးရွာဒေသခံများနှင့် စစ်ရှောင်များ အရေပြားရောဂါဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်ဒေသ ပျဉ်းမနားနယ်စပ် လေဒူခေါင်၊ ဖိုးစိုး၊ခေါင်တလိုကျေးရွာများရှိဒေသခံများ နှင့် စစ်ရှောင်များသည် အရေပြားရောဂါဖြစ်ပွား နေကြကြောင်းဒေသခံများထံမှ သိရသည်။ အဆိုပါဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရွာသုံးရွာပေါင်း ဆေးခန်းတစ်ခုတည်းရှိကာ တစ်ရွာနှင့်တစ်ရွာလည်း အလှမ်းဝေးသဖြင့် ဆေကုသရန်အတွက် အခက်ခဲများရှိကြောင်း သိရသည်။ ကယန်းအမျိုးသမီးအစည်းအရုံး၏ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတာဝန်ခံတစ်ဦးက “သူတို့ဖြစ်တာက ၅လ လောက်ရှိပြီ ဒေသခံတွေ…

မိုးဗြဲတွင် စစ်ရှောင်များ နေထိုင်သည့်တဲများ ရေနစ်မြုပ်ပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် စစ်ရှောင်များ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်သွားကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးပြောပြချက်အရ သိရသည်။ မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘီလူးချောင်းရေ မြှင့်တက်လာသဖြင့် စစ်ရှောင်ပြည်သူများ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်ပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့နေရကြောင့် စစ်ရှောင်ကူညီသူထံမှ သိရသည်။ ထိုစစ်ရှောင်စခန်းသည် မိုးဗြဲ-လွိုင်ကော် နန်းမယ်ခုံကြားတွင်ရှိပြီး ယခုတလောအတွင်းမိုးများ ဆက်တိုက်ရွာသောကြောင့် စစ်ရှောင်အိမ်ခြေ ၅၀၀…

တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်က အင်အား ၄၀၀ ခန့် လာရောက်တပ်စွဲသဖြင့် ဒေသခံများ လုံခြုံရေးစိုးရိမ်ရ ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် အောက်တိုဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက်တပ်စွဲနေထိုင်ခဲ့ကြောင်း ‌စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ စိတ်ရောကိုယ်ပါလုံခြုံမှုမရှိသလိုခံစားရပြီး ထိတ်လန့်နေကြရသည် ဟု ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။ တောင်မဲသင်းဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက စစ်ရှောင်ရာကနေ နေရပ်ပြန်လာကြပြီး…

အောင်ကလပ်စစ်ရှောင်စခန်းတွင် ဆေးဝါးများ ပြတ်လတ်နေပြီး တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေကြောင်း စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် ဆေးဝါးများ ပြတ်လတ်နေပြီး တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီတွင် ဆေးအလှူတစ်ခေါက်ရရှိခဲ့ပြီး ယခုအခါ ထိုဆေးဝါးများပြတ်လတ်နေပြီ ဖြစ်ကြောင့် သိရသည်။ “ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းကလည်း…

ရွာငံ-အောင်ပန်း လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များ ယခုရက်ပိုင်း စစ်ဆေးမှု ပိုတင်းကြပ်လာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ရွာငံ-အောင်ပန်း လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခင်လထက် ယခုရက်ပိုင်းက စစ်ဆေးမှုများပိုတင်းကြပ်လာကြောင်း ခရီးသည်တစ်ဦးထံမှ သိရသည်။ ရှမ်းတောင်၊ ရွာငံ-အောင်ပန်း လမ်း‌ပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးများ တင်းကြပ်လာပြီး ငွေတောင်းခံမှုများလည်း ရှိနေသည် ဟု သိရသည်။ စစ်ကောင်စီဂိတ်မှ ငွေတောင်းသူများသည် စစ်ကောင်စီတပ်သားများ၏ မိန်းမဟု ယူဆရသည့် အမျိုးသမီးများက ငွေတောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ…

မြေစာပုံများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီး သွေးမိုင်းတွင်းလမ်း သွားလာရေးအခက်အခဲကြုံတွေ့‌နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ မြေစာပုံများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာနေရသည့် ဒေသခံများ သွားလာရေး လမ်းအခက်အခဲကြုံတွေ့‌နေရကြောင်း ဒေသခံများထံမှသိရသည်။ ပင်လောင်းမြို့နယ် တီကျစ်မြို့ အရှေ့ဘက်ရှိကျေးရွာများမှ ဒေသခံများသည် မြေစာများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာရသဖြင့် သွားလာရေး လမ်းအခက်အခဲ ကြုံတွေ့‌နေရခြင်း ဖြစ်သည်။ တောင်ပို့လရွာ၊ ပင်မှီကုန်းရွာမှ ဒေသခံများသည် တီကျစ်မြို့သို့သွားလာရာတွင် မိုင်းတွင်းကို ဖြတ်သွားရပြီး မိုးရာသီတွင်…

ဘုရားပွဲတော်လုံခြုံရေးဟုဆိုကာ စစ်ကောင်စီနှင့် PNO တပ်သားအများအပြားက နေရာယူထားသဖြင့် ဒေသခံများကြောက်လန့်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ညောင်ရွှေမြို့နယ်တွင် ကျင်းပမည့် ဘုရားပွဲတော်အတွက် လုံခြုံရေးဟုဆိုကာ စစ်ကောင်စီ နှင့်PNO တပ်သားအများအပြားက နေရာယူထားသဖြင့် ဒေသခံများကြောက်လန့် နေကြရကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ် ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပမည်ဖြစ်ပြီး ဘုရာပွဲအတွက် စစ်ကောင်စီ နှင့် PNO တပ်သားများက လုံခြုံရေးတာဝန်ယူပေးမည်ဟု ဆိုထားပါသည်။ ယခု ပွဲတော်ကာလ…

You missed