Tag: ခမ်းသားငေါဝ်း

ယုံဗွေကွမ်းသီးခြံမှ ပြန်လာသည့်စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်လာသည့်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် တပင်ပျော်၊ ငှက်သောက်ကျေးရွာရှိ ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်သား ၂၀၀ခန့်သည် သွားရောက်စခန်းချပြီး အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် အပြန်ရေဦးလမ်းမကြီးတွင် တိုက်ခိိုက်ခံရခြင်း ဖြစ်သည်။ အဆိုပါ…

နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ၂ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပွဲကွဲမှုကြောင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး နှင့် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ယနေ့အောက်တိုဘာ၂၇ ရက်နေ့ မနက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သော MNTJP/MNDAA နှင့် စစ်ကောင်စီတပ် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ကလေးတစ်ယောက်က ပွဲချင်းပြီး သေဆုံးတယ်။အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ နမ့်ဖက်ကာဆေးရုံကို…

ပင်လောင်းရောက်စစ်ရှောင်များ တုပ်ကွေးဖြစ်ပွားသူ များပြားနေဆဲ

ခမ်းသားငေါဝ်း ‌အောက်တိုဘာ ၂၀၊၂၀၂၃ ရှမ်းတောင် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိသည့် စစ်ရှောင်များသည် ယနေ့အထိ တုပ်ကွေးဖြစ်ပွားသူ များပြားနေဆဲဖြစ်ကြောင်း စစ်ရှောင်အရေးကူညီသူတစ်ဦးက အောက်တိုဘာလ ၂၀ရက် နေ့တွင် ပြောဆိုသည်။ တုပ်ကွေး ဖြစ်ပွားသူအများစုသည် ခြင်ကိုက်ခြင်းနှင့် ရာသီဉတုကြောင့် ဖြစ်ပွားပြီး ရိုးရိုးတုပ်ကွေးဖြစ်ပွားသူများ နှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများရှိကြကြောင်း သိရသည်။ ” မိုးစဝင်ကတည်းက တုပ်ကွေးဖြစ်ပွားလာတာ ခုထိများနေဆဲပဲ။ တစ်ချို့လူဆို…

KLFB အွန်လိုင်းဂိမ်းသည် ဂိမ်းကစားသူလူပေါင်း (၅)သိန်းကျော်ထံမှ ငွေသိန်းပေါင်းများစွာလိမ်လည်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊၂၀၂၃ KLFB အမည်ရှိ အွန်လိုင်းဂိမ်းသည် ဂိမ်းကစားသူလူပေါင်း(၅)သိန်းကျော်ထံမှ ငွေသိန်းပေါင်းများစွာ လိမ်လည်မှုပြုလုပ်ခဲ့ကြောင်း အဆိုပါဂိမ်းကစားသူ‌ များပြောပြချက်အရ သိရသည်။ KLFB အမည်ရှိ အွန်လိုင်းဂိမ်းသည် အောက်တိုဘာ (၁၃)ရက်နေ့ကစပြီး ဂိမ်းကစားသူများကို အကြောင်းပြချက်အမျိုးမျိုးပေးကာ ငွေလိမ်လည်မှုစတင်ပြုလုပ်ခဲ့ရာ ယမန်နေ့အောက်တိုဘာ (၁၉)ရက်နေ့တွင် ဂိမ်းအကောင့်ထဲရှိပိုက်ဆံများ ထုတ်ယူမရတော့ကြောင်း လိမ်လည်ခံရသူတစ်ဦးက ပြောဆိုသည်။ “ကျွန်တော်ဆော့တာက (၃)လတော့ရှိပြီ။ ဒီလ(၁၃)ရက်နေ့ကစဖြစ်တာ ငွေထုတ်ရင်…

ပင်လောင်းတွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ပင်လောင်းမြို့နယ်တွင် ဓားမြတိုက်မှုဆက်တိုက်ဖြစ်ပွားပြီး ဒေသခံပြည်သူများက မိမိအသက်အိုးအိမ်လုံခြုံ‌ရေးကို စိုးရိမ်နေရကြောင်း ‌ပင်လောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည် အောက်တိုဘာလ ပထမပတ်တွင် ပင်လောင်းမြို့အရှေ့ဖက်ရှိ ထာငိုရွာ ဒေသခံအမျိုးသမီးတစ်ဦးသည် ဓားမြတိုက်ခံရပြီး ဆွဲကြိုးတစ်ကုံး၊ ပိုက်ဆံတစ်သိန်း နှင့် ဖုန်းတစ်လုံးပါသွားခဲ့ ကြောင်း သိရသည်။ ထိုနည်းတူ စက်တင်ဘာလတွင်လည်း နောင်တရား- ပေါအင်းရွာ သွားလမ်းတွင် ဆိုင်ကယ်တစ်စီး ဓားမြတိုက်ခံရပြီး…

ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်အင်အား၂၀၀ ခန့် လာရောက်တပ်စွဲထားသဖြင့် ဒေသခံများကြောက်လန့်နေရ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၉၊၂၀၂၃ ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတောတွင် စစ်ကောင်စီတပ်သား အင်အား၂၀၀ ခန့်လာရောက်တပ်စွဲထားသဖြင့် အနီးတဝိုက်ရှိဒေသခံများက ကြောက်လန့်ပြီး ခြံမသွားရဲကြကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော် ကျေးရွာ၊ ငှက်သောက်ကျေးရွာအနီးရှိ ယုံ​ဗွေတော ကွမ်းသီးခြံတွင် စစ်ကောင်းစီတပ်သားများက ဒေသခံများ၏ခြံတွင် လာရောက်တပ်စွဲထားပြီး စစ်ဆေးမှုများပြုလုပ်နေသဖြင့် ခြံထဲသို့မသွားရဲကြကြောင်း သိရသည်။ စစ်ကောင်စီတပ် လာရောက်တပ်စွဲထားမှုကြောင့် ဒေသခံများ၏ခြံများတွင် လာရောက်စစ်ဆေးခြင်း…

ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်အချို့ ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်များတွင် ဓားပြတိုက်မှု၊ လုယက်မှုများ ဖြစ်ပွားနေကြောင်း‌ ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မြို့ကုန်းနှင်ညောင်ပင်သာရပ်ကွက်ရှိ ဒေသခံပြည်သူများ နေအိမ်အချို့တွင် အမည်မသိလူနှစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အခုက အခြေနေတော်တော်ဆိုးတယ်။ အိမ်ရှင်နာမည်ခေါ်ပြီး ဓားပြတိုက်တာ။ လာတိုက်တဲ့သူက လက်နက်‌လည်း ပါတယ်။ ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။…

စစ်ကောင်စီက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း‌နေတာပါ ဟု PNFC ဥက္ကဋ္ဌပြော

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူစာချုပ် NCA နှင့်ပတ်သက်ပြီး ဗန်းပြတလွဲအသုံးချနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။ စစ်ကောင်စီသည် NCA၏ (၈)နှစ်ပြည့်အခမ်းအနားကို မိမိသဘောဖြင့် နေပြည်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာ (၁၅)ရက်နေ့က ခေါ်ယူကျင်းပခဲ့‌တာဖြစ်ကြောင်း ‌ ပြောဆိုသည်။ “NCAနဲ့ပတ်သက်တာ သူလုပ်ခွင့်ကိုင်ခွင့်မရှိဘူး။ သို့သော်လည်းပဲ NCAကို ဗန်းပြပြီးတော့ တလွဲအသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေးကို…

ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးလာကြသော်လည်း ဈေးကောင်းမရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ဈေးကောင်းမရရှိတော့ကြောင်း ဝဥ စိုက်တောင်သူ တစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ကိုင်တောင်သူများသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးထားပြီး ယခုအခါ ဝဥ ဈေးသည် ၂၀၁၈ နှင့် ၂၀၂၂ခုနှစ်များကဲ့သို့ ဈေးကောင်းမရရှိသေး‌သဖြင့် မြေကြီးထဲ လှောင်ထားနေရကြောင်း သိရသည်။…

ရွာငံ-မန္တလေးလမ်းရှိ စစ်ကောင်စီဂိတ်များတွင် အတင်းအကြပ်စစ်ဆေးမှုများကြောင့် ခရီးသွားများ စိတ်အနှောက်အယှက်ဖြစ်ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ရွာငံ- မန္တ​လေးလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အတင်းအကြပ် စစ်ဆေးမှုပြုလုပ်သဖြင့် ခရီးသွားများစိတ်အနှောင့်ယှက်ဖြစ်ရကြောင်း ခရီးသွားများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာလမ်းတွင် ခရီးသွားကားများကို စစ်ဆေးမှုများပြုလုပ်ရာ၌ စစ်ကောင်စီဂိတ်‌စောင့်များက ရှာဖွေမွှေနှောက်ကြသဖြင့် စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း သိရသည်။ အမျိုးသမီးတစ်ဦးက ဓမ္မတာလာနေချိန်တွင် အသုံးဆောင်ပစ္စည်းများကို ခရီးဆောင်အိတ်အတွင်း ထည့်ထားစဥ် စစ်ကောင်စီဂိတ်က အိတ်သွန်ပြီးစစ်ဆေးသဖြင့် အရှက်ကွဲခဲ့ရကြောင်း ယခုလိုပြောပြထားပါသည်။…

You missed