Tag: ခမ်းသားငေါဝ်း

ဆောင်းပြောင်းတွင် စားသုံးဆီနှင့်အခြားကုန်ဈေးနူန်းအဆမတန်မြင့်သဖြင့် ဒေသခံများ နောင်တရားသွားရောက်ဝယ်ယူရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ရှမ်းပြည်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်းကျေးရွာတွင် စားသုံးဆီနှင့်အခြားကုန်များ ကုန်ဈေးနူန်းအဆမတန်မြင့်သဖြင့် ဒေသခံများနောင်တရားမြို့ထိ သွားရောက်ဝယ်ယူရကြောင်းဒေသခံပြောပြချက်အရ သိရသည် ။ ဆောင်းပြောင်းကျေးရွာတွင် ပုံမှန်စားသုံးဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊မြေပဲဆီတစ်ပိဿာ ၂၀၀၀၀ ကျပ်နှင့် ပုံမှန်စားသုံးဆီ ၁၀ ပိဿာဗုံးကို တစ်သိန်းသုံးသောင်းအထိ‌ ဈေးရှိကြောင်း သိရသည်။ “ဈေးကတအားကွာတယ်။နောင်တရားမှာ ဆီ ၁၀ ပိဿာပုံးဆိုကိုး သောင်းဂဏန်းဘဲရှိတာ။တံဆိပ်လည်းတူတူဘဲ။ပိဿာချိန်လည်းမှန်တယ်။‌ ဈေးကသုံးသောင်းကျော်လောက်ကွာတော့အဲမှာဘဲသွားဝယ်ကြတယ်”ဟု ဆောင်းပြောင်းဒေသခံတစ်ဦးကပြောသည်။…

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်‌နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်‌နေကြောင်း စစ်ရှောင်တစ်ဦး‌က အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြောသည်။ အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀၀‌ ကျော်ရှိပြီး စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ အလှူရှင်များလျော့နည်းလာ၍ စားနပ်ရိက္ခာများလည်း လုံလောက်မှု မရှိကြောင်း သိရသည်။ “ကျွန်တော်တို့မှာ ဘာမှလုံလုံလောက်လောက်မရှိ‌ တော့ဘူး။ ဆန်၊ ဆီ၊…

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုရှိ‌နေ၍ ဒေသခံများ စပါးရိတ်သိမ်းမရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်မှုများရှိ‌နေသဖြင့် ဒေသခံများစပါးရိတ်သိမ်းရန်မသွားရဲပဲ စပါးပင်များပျက်စီးမည်ကို စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလလောက်မှစပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများရှိ‌နေသောကြောင့် ဒေသခံများ တောင်ယာသို့မသွားရဲသဖြင့် စပါးရိတ်သိမ်းရန်အခက်ခဲရှိနေကြောင်း သိရသည်။ ဖယ်ခုံ အခြေစိုက် ခမရ (၃၃၆) နှင့် မိုးဗြဲ ရေကာတာ…

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပြီး MNDAA တပ် နှင့် တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြစ်လာရောက်ဗုံးကြဲတာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The KoKang ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့အောက်တိုဘာလ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မန်တုံပရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ်လာပစ်ခတ်ခဲ့ကြောင်း ဆိုထားသည်။ ထို့ပြင် ၁ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ကွမ်လုံဒေသတွင် တပ်စွဲထားသည့်စစ်ကောင်တပ်က…

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ရပ်ကွက်အလိုက် မီးပုံးပျံပြုလုပ်ရန် စစ်ကောင်စီက ငွေချပေးပြီး ပြုလုပ်ခိုင်း

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် မီးပုံးပျံများ ပြုလုပ်ရန် စစ်ကောင်စီက တစ်ရပ်ကွက်ကို ငွေ ၁၈ သိန်းကျပ်ပေးကာ ပြုလုပ်ခိုင်း‌နေကြောင်း တောင်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျင်းပမည့်တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်ခိုင်းမှုရှိနေပြီ မီးပုံးပျံများပြုလုပ်ရန်အတွက်လည်း ငွေထုတ်ပေးကာ အတင်းအကြပ်လုပ်ခိုင်းကြောင်း သိရသည်။ “စစ်ကောင်စီကတစ်ရပ်ကွက်ကို ၁၈ သိန်းချပေးတယ်။ အဲထက်ပိုကုန်ရင် ရပ်ကွက်က လူတွေဘဲ…

အရပ်သားလူနေအိမ်တွင် စစ်ကောင်စီက တပ်စွဲဂိတ်ဖွင့်ထားသဖြင့် မိသားစုဝင်များ ပြောင်းရွှေ့ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူနေအိမ်တွင် စစ်ဆေးဂိတ်ဖွင့်တပ်စွဲထားသဖြင့် မိသားစုဝင်များက ကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်​​​ရကြောင်း ပြောင်းရွှေ့နေထိုင်မိသားစုနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာမှ သိမ်ကုန်းကျေးရွာ သွားလမ်းမပေါ်ရှိ ဒေါ်နွဲ့ဦးနေအိမ်အား စစ်ကောင်စီတပ်သားများက ‌အောင်တိုဘာလ ၂၁ နေ့မှစပြီး ဂိတ်ဖွင့်တပ်စွဲထားကြောင်း စုံစမ်းသိရှိရပါသည်။ “အခုက သူတို့ရဲ့နေအိမ်မှာ မနေရဘူး ဒီတိုင်းမပြောမဆိုပဲ လာတပ်စွဲဂိတ်ဖွင့်တယ် စစ်သားတွေက” ဟု…

ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ နှင့် တောင်မဲသင်းကျေးရွာတွင် မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊‌နန်းနိမ့်ကျေးရွာနှင့်တောင်မဲသင်းကျေးရွာရှိ နေရပ်ပြန်စစ်ရှောင်များထံ မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ နေရပ်ပြန်စစ်ရှောင်ဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက နေရပ်ပြန်လာကြပြီး ရွာပတ်ပတ်လည်ရှိ မိုင်းများကို မိုင်းအကြောင်းအနည်းငယ်သိရှိသူဒေသခံများက ကိုယ်တိုင်ရှင်းလင်းခဲ့ကြောင်းသိရသည်။ “တစ်ချို့က မိုင်းအကြောင်းနည်းပါးသိတဲ့သူရှိတယ်။သူတို့တွေဘဲရှင်းပေးတာ။ ပိုက်ဆံကောက်ပြီး ရှင်းပေးတာ ဘာညာတော့မရှိဘူး။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါင်းကိုပြောသည်။ ရွာသားများ ကိုယ်တိုင်မိုင်းရှင်းလင်းရာတွင် ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီး ယ‌နေ့ချိန်ထိ မည်သည့်အဖွဲ့စည်းမှ မိုင်းရှင်းလင်းပေးခြင်းမရှိကြောင်းသိရသည်။ ဒေသခံတစ်ဦးကလည်း “သူတို့ကကျွမ်းကျင်လို့ရှင်းတာမဟုတ်ဘူးလေ။ဘာအကာကွယ်မှလည်း…

စစ်ရှောင်များ မွေးသည့်ဝက်များ ဝက်နာကျရောဂါဖြစ်ပွားပြီး သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်များ မွေးမြူထားသည့် ဝက်များ ဝက်နာကျ‌ရောဂါဖြစ်ပွားပြီး သေဆုံးနေကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရသည်။ ရောဂါဖြစ်ပွားသောဝက်များသည် အစပိုင်းတွင်တုန်ပြီး အစာမစားဘဲ ဝမ်းချုပ်၊ ဝမ်းပိတ်ဖြစ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ ” ရောဂါကူးတာ အရမ်းမြန်တယ် ခုရောဂါဖြစ်ပွားတဲ့ဝက်က သပ်သပ်စီ ထားထားတယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မဖြစ်သေးတဲ့ ဝက်တွေကို ကာကွယ်ဆေးထိုးထားတာ တွေလုပ်တယ်…

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး (၂၉၃)ဦး သေဆုံးခဲ့ပြီး အဆိုပါ အရေအတွက်သည် လက်နက်ကြီးကျဉ်ကြောင့် သေဆုံးသူအရေအတွက်မှ အမျိုးသမီး(…

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊၂၀၂၃ ရှမ်း-ကယား(ကရင်နီ)ပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရသေးကြောင့် ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရသိရသည်။ စက်တင်ဘာလ ၁၆ ရက်‌နေ့တွင် စစ်ကောင်စီတပ်က ဖုန်းနှင့် ဖုန်းထဲအသုံးပြုသည့် လူမှုကွန်ယက် ဖေစ်ဘုတ် များကို စစ်ဆေးပြီး ဒေသခံလူငယ် ၅ ဦး ကို ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း သိရသည်။ “ဖုန်းမက်ဆေ့မှာ…

You missed