Tag: ခမ်းသားငေါဝ်း

ဖရူဆိုမြို့နယ် ဒေါညေးခူရွာတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိူးသမီး ၂ ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ဒေါညေးခူကျေးရွာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ‌စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ် ဒေါညေးခူရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာပြန်ယူ သော စစ်ရှောင်အမျိုးသမီး ၂ ဦးထိမှန်ပြီး…

ပင်းပက်သံမဏိစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန် စစ်ခေါင်းဆောင် ကြိုးပမ်း

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ အမှတ်(၂)ပင်းပက်သံမဏီစက်ရုံမှ ထုတ်လုပ်သည့် ဝက်သံများကို စစ်ကောင်စီ၏ လက်နက်လုပ်ငန်းများအတွက် အသုံးပြုရန်ရည်မှန်းထားကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ အောက်တိုဘာ (၃၀)ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားပါသည်။ ပင်းပက်သံမဏီစက်ရုံသည် တောင်ကြီးမြို့နယ် နမ့်ဆီးအုပ်စု ပင်းပက်ဒေသတွင် တည်ရှိပြီး (၆)နှစ်ကျော်ကြာရပ်နားထားသည် စက်ရုံကို ယခုအခါ စစ်ကောင်စီက ရုရှားနှင့်ပူးပေါင်းကာ ပြန်လည်စတင်ရန် ကြိုးပမ်းလာနေကြောင်း သိရသည်။ “စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အင်အားဖြည့်တင်းတာ လက်နက်အင်အားဖြည့်တင်းတာ…

(၆)နှစ်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စစ်ကောင်စီမှ ပြန်လည်လည်ပတ်မည်ကို ‌ဒေသခံလူထုများ အလိုမရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊၂၀၂၃ (၆)နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစီမံကိန်းအား စစ်ကောင်စီမှပြန်လည် လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ပြောဆိုထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စုအတွင်းရှိ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံသည် (၆)နှစ်ကျော်ကြာ ရပ်နားထားရာမှ စစ်ကောင်စီက ပြန်လည်လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ယနေ့နိုဝင်ဘာလ (၁)ရက်နေ့တွင်သိရသည်။ ယခုချိန်တွင် သံရည်ကြိုသည့်အလုပ်ရုံ(၂၂)ရုံရှိသည့်အနက် (၁၉)ရုံသည် စမ်းသပ်လည်ပတ်နေပြီဖြစ်ပြီး…

စစ်ကောင်စီ‌ကြောင့် နိုင်ငံတစ်ဝန်းတွင် သတ်ဖြတ်ခံရသည့်အမျိုသမီး (၆၃၀) ဦး ရှိလာ

ခမ်းသားငေါဝ်း ‌နိုဝင်ဘာ ၁၊၂၀၂၃ စစ်ကောင်စီ‌ကြောင့် နိုင်ငံတစ်ဝန်းတွင် သတ်ဖြတ်ခံရသည့်အမျိုသမီး (၆၃၀) ဦး နှင့် ကလေးသူငယ် (၄၇၆) ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။ စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နေ့မှစပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသမီးများ နှင့် ကလေးများ သေဆုံးမှုစာရင်း ဖမ်းဆီးခံရစာရင်းများကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ယနေ့ နိုဝင်ဘာလ…

စစ်ကောင်စီတပ်သားများ အမြန်ဆုံးအလင်းဝင်လျှင် အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးမည် ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊၂၀၂၃ စစ်ကောင်စီ တပ်သားများအနေဖြင့် စစ်စခန်းမှထွက်၍ အမြန်ဆုံးအလင်းဝင်လျှင် အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့မှ ထုတ်ပြန်ချက်အရသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် ကိုးကန့် MNDAA၊ တအင်းအမျိုးသား တပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်တော် AA…

လွိုင်လင်လေးတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုရှိပြီး ဒေသခံများ ထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊၂၀၂၃ လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုရှိပြီး ဒေသခံများ ထိခိုက်မှုရှိသည် ဟု KNDF/B-12 ဖော်ပြချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ တစ်ရက်အတွင်း စစ်ကောင်တပ်၏ လက်နက်ကြီး အချက် ၃၀ ထက်မနည်း ကျရောက်ခဲ့ပြီး ဒေသခံများ ထိခိုက်မှုရှိနေကြောင်း…

ပင်လောင်းတွင် မိုးများသဖြင့် ငရုတ်သီးများ ပုတ်ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊နောင်တရားဒေသ နှင့် တီကျစ်ဒေသတွင် မိုးများသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့်ငရုတ်သီးများ အပင်ပေါ်တွင်ပုတ်ပျက်စီးကုန်ရကြောင်း သိရသည်။ အဆိုပါဒေသမှ ဒေသခံများ၏ စားဝတ်နေရေးသည်ငရုတ်သီးစိုက်ပျိုး‌ရေးအပေါ် တစ်ဖက်တစ်လမ်း မှီခိုနေရပြီး ယခုကဲ့သို့ ငရုတ်သီးများပျက်စီးသွားခြင်းကြောင့် အရင်းပြန်မကာမိသည့်အပြင် မိသားစုစားဝတ်နေရေးအတွက် အခက်ခဲဖြစ်စေကြောင်း ငရုတ်သီးစိုက်တောင်သူက ဆိုသည်။ “ဒီနှစ်က ဈေးကောင်းတယ်။ ဒါပေမယ့် အရင်းအရမ်းများတယ်။အရင်က မိုးကြီးလို့…

လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၃၁၊၂၀၂၃ လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းနှင့် အနောက်ဖက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေစဥ်ပစ်ခတ်နေကြောင်း ဒေသခံများ‌ ပြောပြချက်အရ သိရသည်။ ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းဒေသ နှင့် အနောက်ဘက်ခြမ်းဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ တစ်ရက်ကို ၆ ကြိမ်ထက်မနဲ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း သိရသည်။ ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်နေသည်မှာ ၂ လ…

၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် စစ်သုံ့ပန်း(၃၇)ဦးဖမ်းဆီးရပြီး စစ်ကောင်စီတပ်စခန်း(၂၁)ခု သိမ်းယူနိုင် ဟု MNDAA ဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊၂၀၂၃ မြောက်ပိုင်းညီနောင်မဟာမိတ်များ MNDAA ၊ TNLA နှင့်ရခိုင်တပ်မတော်( AA )တို့၏ ၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် စစ်သုံ့ပန်း(၃၇)ဦးဖမ်းစီးရရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်း(၂၁)ခုကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း အောက်တိုဘာ(၃၀)ရက်နေ့ MNDAA ထုတ်ပြန်ချက်အရသိရသည်။ ၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်ထံမှ စစ်သုံ့ပန်း(၃၇)ဦးဖမ်းဆီးရမိခဲ့ပြီး နန်ကျွမ်းပြည်သူ့စစ်အဖွဲ့များကိုလည်း ပြန်လည်စည်းရုံးပြီး လူအင်အား(၃၀)ကျော်ဖြင့် (MNDAA…

တနိုင်ငံလုံးရှိပြည်သူများ၏ လိုလားချက်တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် (၁၀၂၇)စစ်ဆင်ရေး စတင် ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်‌ရေးကော်မတီ တို့က (၁၀၂၇)စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးအတွက် အိတ်ဖွင့်စာကို ယနေ့အောက်တိုဘာ (၂၇)ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။ အိတ်ဖွင့်စာထဲတွင် တနိုင်ငံလုံးရှိပြည်သူများ၏ လိုလားချက်တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းတိုက်ထုတ်သွားရန်၊ စစ်ကောင်စီမှ ပြည်သူလူထုများ အကြမ်းဖက်သတ်ဖြတ်နေမှုများကို ကာကွယ်တားဆီးရန်နှင့် နိုင်ငံတော်အား ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအစရှိသည်များကို…

You missed