Tag: ခမ်းသားငေါဝ်း

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်းအား တရားမျှတမှုဖော်ဆောင်ပေးရန် နိုင်ငံတကာသို့ (NUG) တောင်းဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် စေခိုင်းခြင်းတို့သည် စစ်ကောင်စီ၏ စစ်ရေးနည်းဗျူဟာအရ ကျူးလွန်ခြင်း ဖြစ်ကြောင်း ထိုလုပ်ရပ်အပေါ် တရားမျှတမှုဖော်ဆောင်ပေးရန် နိုင်ငံတကာကို (NUG) က အောက်တိုဘာ(၂၂)ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။ ထိုသတ်ဖြတ်ခံရသူများတွင် ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁)…

စက်လှေဂိတ်ကို စစ်ကောင်စီမှ လေယာဥ်နှင့်လာရောက်ဗုံးကြဲသဖြင့် စက်လှေထွက်မရသောကြောင့်စစ်ဘေးရှောင်ရန်ခက်ခဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၄ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြား ဆောင်လန်ရှိ စက်လှေဂိတ်ကို စစ်ကောင်စီမှ လေယာဥ်နှင့်လာရောက်ဗုံးကြဲသဖြင့် စက်လှေထွက်မရသောကြောင့် စစ်ဘေးရှောင်များ အခက်အခဲကြုံနေရကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြားရှိ ဆောင်လန် စက်လှေဂိတ်ကိုအောက်တိုဘာလ ၁၆ ရက်နေ့ မှစ၍ တစ်ပတ်အတွင်း စစ်ကောင်စီမှလေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံများစစ်ရှောင်ရန် ခက်ခဲနေသည်။ “ မနက်ကတည်းက သူတို့နဲ့…

ပင်လောင်းတောင်ဘက် မိုင်းဖြတ် လွယ်ဖွီးရွာဘက်တွင် တိုက်ပွဲပြင်းထန်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း အောက်တို ဘာလ (၂၂)ရက်‌နေ့တွင် ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တွင် စက်တင်ဘာလဒုတိပတ်မှစတင်ကာ ယနေ့ထိတိုင်စစ်ကောင်စီ၊ လက်အောက်ခံ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။ “တိုက်ပွဲအခြေအနေကတော့…

အများသုံးကား ဝယ်ရန်ဟုဆိုကာ တစ်အိမ်အနည်းဆုံး ၇ သောင်းကျပ် ကောက်ခံမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်တွင် အများသုံးကား၀ယ်ရန် တစ်အိမ်လျှင် အနည်းဆုံးခုနှစ်သောင်းကျပ်ကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်တွင် အများသုံးကားမရှိသေးသည့်အတွက် ရပ်ရွာအတွင်းအဆင်ပြေစေရန်၊ ကားတစ်စီး၀ယ်ရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ် အနည်းဆုံးခုနှစ်သောင်းကျပ် ကောက်ခံသွားမည်ဟုသိရသည်၊၊ “ရွာမှာကကိုယ်ပိုင်ကားရှိတာကနည်းတယ် အခါတိုင်းသူတို့ဟာနဲ့သုံးရင် ပြောစရာဖြစ်မှာစိုးတယ်‌၊ အဲကြောင့်ရပ်ရွာအတွက်အဆင်ပြေအောင်ဆိုပြီး ၀ယ်မယ်ပြောတာပဲ၊ ရပ်ရေးရွာရေးအတွက်ဓာတ်ဆီ၊ ဒီဇယ်တွေ၀ယ်ထည့်ပြီးသုံးပေါ့ဆိုပြီးပြောတယ်”ဟု ဒေသခံအမျိူးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို…

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ရေလွမ်းမိုးခြင်း၊မိုးကြိုးပစ်ခြင်းနှင့်၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း NUG အသိပေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြို့ပြဒေသများတွင် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် လုံခြုံသည့်နေရာများတွင် သတိပြု နေထိုင်နိုင်ကြပါရန် NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ပင်လယ်ပြင်တွင်လိုင်းကြီးခြင်းများ ဖြစ်လာနိုင်သောကြောင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်းလည်း အသိပေးထားသည်။ ထို့အတူ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့်…

နောင်ချိုနှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲရာ ပြည်သူ ၁ ဦးထိခိုက်ပြီး အဆောက်အဦးများပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ (၂၁)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း (TNLA) က သတင်းထုတ်ပြန်ထားသည်။ နောင်ချိုမြို့ သပြေရပ်ကွက်တွင် အောက်တိုဘာ (၂၁) ယနေ့ နံနက် (၁)နာရီကျော်၌ စစ်ကောင်စီိကလေကြောင်းမှတစ်ဆင့်…

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကျဲမှု၊ လူ(၂)ဦး ထိခိုက်၊ အဆောက်အဦးပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ လားရှိုးမြို့ကို စစ်ကောင်စီမှ ထပ်မံဗုံးကျဲတိုက်ခိုက်သဖြင့် ဒေသခံပြည်သူ (၂)ဦးထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ ရပ်ကွက် (၁၂)တွင် အောက်တိုဘာ(၂၂)ရက်၊ နံနက် (၁၂) နာရီကျော်အချိန်က စစ်ကောင်စီမှ လေကြောင်းဗုံးကျဲ တိုက်ခိုက်ခဲ့သည်၊၊ “ရပ်ကွက် (၁၂)ဘက်မှာ ကျတယ်။ လူသေတာတော့…

ရွှေညောင်နှင့် ကလောတို့တွင်တစ်ရက်အတွင်း မော်ဆိုင်ကယ် ၆ စီးထက် မနည်း ပျောက်ဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ၂၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ နှင့် ကလောမြို့ တို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၆ စီး ထက် မနည်း ပျောက်ဆုံးမှု ရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ (၁၉) ရက်တွင် ရွှေညောင်မြို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၄ စီး အခိုးခံရကြောင်း သိရသည်။ “ယခုရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့တွေမှာ အခြေချလာသူ…

ရွာငံတွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ခရီးသွားဧည်သည်လာရောက်လည်ပတ်သူနည်းပါး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရွာငံမြို့နယ်ရှိဂိတ်များတွင် အစစ်ဆေး တင်းကြပ်မှုကြောင့် သီတင်းကျွတ်အချိန်ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း ၊ ရွာငံမြို့ရှိ ရွာငံ-အောင်ပန်းလမ်း ကျုံးဂိတ် ၊ ရွာငံမြို့အဝင်ဂိတ်နှင့် မန္တလေးသွားလမ်း ပေါ်များတွင် အစစ်ဆေး တင်းကြပ်သဖြင့် သီတင်းကျွတ် အချိန် ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်း သိရသည်။…

ရေဘေးသင့်အင်း​လေး ရွာသာကျေးရွာအုပ်စု ရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရေဘေးသင့် အင်းလေးကန် မြောက်ဘက် ရွာသာကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသရွာသာကျေးရွာအုပ်စုရှိ ရွာသာ ၊ ကနု ၊ ကန်လှ နှင့် ဝမ်းဘဲအင်း စသောကျေးရွာ ၄ ရွာက စားနပ်ရိက္ခာနှင့်…

You missed