Tag: ခမ်းသားငေါဝ်း

စစ်ပွဲကြောင့် နေအိမ်ပျက်စီးသူများနှင့် မီးလောင်ပြာကျ သူများအတွက်နေအိမ်ဆောက်ရန် မီရဲ့ရွာက ဝါးများ လှူပေးမည်ဟုဆို

ခမ်းသားငေါဝ်း မေ ၉ ၊ ၂၀၂၄ ဆီဆိုင်မြို့တွင် စစ်ပွဲကြောင့်နေအိမ်ပျက်စီးသွားသောသူများနှင့် မီးထဲနေအိမ်ပါသွားသူများအတွက် နေအိမ်ဆောက်ရန် မီရဲ့ရွာမှ ဝါးများလှူပေးမည် ဒေသခံဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မီးထဲအိမ်ပါသွားသောသူများနှင့် စစ်ပွဲကြောင့်နေအိမ်ပျက်စီးသွားသောသူများအတွက် နေအိမ်ပြန်ဆောက်ရန် မီရဲ့ရွာမှ ဝါးရုံပိုင်သော ရွာသားများက…

မဲနယ်တောင်‌ဒေသ အဝင်အထွက်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က တင်းကြပ်စွာစစ်ဆေးနေဟုဆို

ခမ်းသားငေါဝ်း မေ၉ ၊ ၂၀၂၄ မဲနယ်တောင်ဒေသရှိ အဝင်အထွက်များတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က တင်းကြပ်စွာစစ်ဆေးနေကြောင်း ‌ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တစ်ကြောရှိ အဝင်အထွက်အားလုံးတွင် လုံခြုံရေးအရဟုဆိုကာ ရွာထဲဝင်လာသည့် လူမှန်သမျှအား တင်းကြပ်စွာစစ်ဆေးနေပြီး…

ဆီဆိုင်မြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် ပြည်သူများထပ်မံတိမ်းရှောင်

ခမ်းသားငေါဝ်း မေ၊ ၈၊ ၂၀၂၄ ဆီဆိုင်မြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီး ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သဖြင့် ထပ်မံတိမ်းရှောင် နေကြကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ၊ တောင်ရှေ့အုပ်စု၊ တဘက်အုပ်စု၊ နောင်ကျောအုပ်စုရှိကျေးရွာများမှ…

ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်များထပ်မံရောက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၈၊ ၂၀၂၄ ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် နေ့စဥ်နှင့်အမျှစစ်ဘေးရှောင်များထပ်မံရောက်လာနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်များထပ်မံရောက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေသည်၊၊ “စစ်ဘေးရှောင်လာသူတွေထဲမှာ အိမ်ငှားနေသူအချို့ ရှိသလို အများစုမှာဘုန်းကြီးကျောင်းမှာနေကြပြီး စားနပ်ရိက္ခာနဲ့…

ခိုလှိုင်ကျေးရွာရှိလူငယ်၂၂ ဦးအား စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်စာပေးပို့

ခမ်းသားငေါဝ်း မေ ၈၏ ၂၀၂၄ ခိုလှိုင်ကျေးရွာတွင် အသက်ပြည့်ပြီး လူငယ် ၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဆင့်ခေါ်စာ ပေးပို့ကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု…

စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်၊မူကြိုကျောင်းပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၈ ၊ ၂၀၂၄ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး၊မူကြိုကျောင်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ…

ကရင်နီပြည်တွင် တိုက်ပွဲ​ဖြစ်ပွားသည့်တစ်လ​အတွင်း အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် ၁၅ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၈၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဧပြီလတစ်လအတွင်း အမျိုးသမီးနှင့်ကလေးင၊ယ်အပါ အဝင် ၁၅ ဦးသေဆုံးခဲ့ရကြောင်း KNDF ဗဟို ၏ ထုတ်ပြန်ချက်အရသိသည်။ သေဆုံးရသည့် အရပ်သားပြည်သူတို့သည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်ကလေးငယ် ၅ ဦး…

ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းဆီးထားဟုဆို

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီကဖမ်းဆီးထားကြောင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဗွာရွာတွင်မေလ ၆ ရက်နေ့ကဒေသခံ…

ရှမ်းတောင်တိုက်ပွဲ ၃ လ‌ ကျော် အတွင်း အဆောက် အဦး ခြောက်ရာကျော်ပျက်စီး

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲသုံးလကျော်အတွင်းတွင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုခြောက်ရာကျော်အထိရှိလာသည်ဟုပအိုဝ်းလူငယ်အစည်း အရုံး(PYO)က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ မေလ ၄…

ကရင်နီပြည်တွင် တစ်လအတွင်း စစ်ကောင်စီမှ တပ်ရင်းမှူးအပါဝင် ၅၆ ဦးလက်နက်ချအညံ့ခံ၊တပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် ဧပြီလ ၁ လအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးတို့အပါဝင် လက်နက်ချအညံ့ခံသူ ၅၆ ဦးထိရှိပြီး တိုက်ပွဲတွင်သေဆုံးရသူတပ်ဖွဲ့ ၅၀ ဦး ကျော်အထိရှိကြောင်း KNDF ဗဟိုထံကသိရသည်။ စစ်ကောင်စီ…