Tag: ခမ်းသားငေါဝ်း

ယောက်ျားလေးတိုင်း ပြည်သူ့စစ်ထဲသို့ အတင်းအဓမ္မခေါ်ဆောင်ခံရပြီး မသွားပါက တစ်ရက်တစ်သောင်းခွဲပေးဆောင်ရမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ပင်လောင်းမြို့နယ်ရှိ သစ်ပင်ကောက်ရွာတွင် PNOပြည်သူ့စစ်က ယောက်ျားလေးတိုင်းကို ပြည်သူ့စစ်ထဲသို့ အတင်းမအဓမ္မဝင်ခိုင်းနေပြီး မဝင်ပါက တစ်ရက်တစ်သောင်းခွဲပေးဆောင်ရမည်ဖြစ်ကြောင်း အောက်တိုဘာလ (၂၄)ရက်‌နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်ရှိ သစ်ပင်ကောက်ရွာတွင် PNOပြည်သူ့စစ်က ယောက်ျားလေးတိုင်းကို ကျေးရွာလုံခြုံရေးဟုဆိုကာ ပြည်သူ့စစ်ထဲသို့ အတင်းအဓမ္မဝင်ခိုင်းနေကြောင်း သိရသည်။ “သစ်ပင်ကောက်က ရွာသားတွေဆို ယောက်ျားလေးအကုန် အဖြူအဖွဲ့(PNO)က သူတို့တပ်ထဲဝင်ခိုင်းတယ် မဝင်ရင်တစ်ရက်တစ်သောင်းတဲ့၊…

အင်းလေးကန်ရှိကျေးရွာပေါင်း ၅၂ ရွာတွင် ရေကောင်းရေကြည်ရရှိရေး ဆောင်ရွက်နိုင်ပြီဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ကျေးရွာပေါင်း၅၂ ရွာတွင် ရေကောင်းရေကြည် ရရှိရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ရေကောင်းရေကြည် ရှာဖွေဆောင်ရွက်သော အဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ အစောပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော ရေကောင်းရေကြည် ရှာဖွေရေး အဖွဲ့သည် အောက်တိုဘာလ ၂၄ ရက် အထိ အင်းလေးကန် ရှိ ကျေးရွာပေါင်း ၅၂…

ဖမ်းဆီးထားသည့် သတင်းသမား (၂)ဦးကို ချက်ချင်းပြန်လွတ်ပေးရန် (KIA)ကို (IMJA) တောင်းဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဖမ်းဆီးထားသည့် သတင်းထောက် ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ကို အမြန်ဆုံး ပြန်လွတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းစာ အစည်းအရုံး (IMJA) က အောက်တိုဘာ (၂၃)ရက်တွင် (KIA) ခေါင်းဆောင်များကို တောင်းဆိုထားသည်။ IMJA သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်များ၏ အရေးပါသော အခန်းကဏ္ဌကို…

ဒေသတွင်းမငြိမ်မသက်မှုကြောင့် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ရွာပြင်ထွက်ခွင့်ပိတ်ပင်ထား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ပင်‌လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး နန်းတောင်းရွာနှင့် သစ်ပင်ကောက်ရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဒေသခံများကို ရွာပြင်ထွက်ခွင့် လုံးဝပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဒေသခံပြောပြချက်အရ အောက်တိုဘာလ(၂၄)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ်တွင်ရှိသည့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ရွာပြင်ထွက်ခွင့် လုံးဝပိတ်ထားပြီး ရွာပြင်ထွက်တာ တွေ့ရှိပါက ပစ်ခတ်မည်ဟု…

အမျိုးသမီးတစ်ဦးကို ပစ်သတ်သည့် (PDF)တပ်ဖွဲ့ဝင်အား ထောင် (၁၀) နှစ် ချကြောင်း NUG ထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ဝက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁)- ဒုတပ်ခွဲ့မှူး ရဲဘော်အား ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက အောက်တိုဘာ(၂၂)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်၌ သမီးရည်းစားချင်း…

တိုက်ပွဲများကြောင့် သုံးလအတွင်း နိုင်ငံတစ်ဝန်းတွင် အရပ်သားပြည်သူ ၁၀၀၀ ကျော် သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ နိုင်ငံတစ်ဝန်းတွင် ဇူလိုင်လ မှ စက်တင်ဘာလအထိ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၁၀၄၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအနည်းဆုံး ၁၃၈၃ ဦး ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ အောက်တိုဘာ ၂၂ ရက်နေ့ တွင်ထုတ်ပြန်ထားသည်။ အရပ်သားသေဆုံးမှုများတွင် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိသလို အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် လည်းပါဝင်ကြောင်းသိရသည်။ သုံးလအတွင်း စစ်ဆင်ရေးများ…

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အစုအပြုံလိုက်သတ်ဖြတ်မှု (၆၅) ခုအထက် ရှိပြီး အရပ်သား (၁၃၀၀) ကျော်သေဆုံးမှုရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်က အရပ်သားများအပေါ် ကျူးလွန်ခဲ့သော (လူ ၁၀ ဦးနှင့်အထက်) အစုအပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် (၆၅) ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား (၁,၃၀၇) ဦးထက်မနည်း သေဆုံးခဲ့ကြရကြောင်း Institute for Strategy and Policy – Myanmar( ISP)…

တောင်ကြီးမြို့တွင် ညပိုင်း ဆိုင်ကယ်များအား အစစ်အဆေးကြမ်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၄ တောင်ကြီးမြို့၌ ညပိုင်းအချိန်တွင် ဆိုင်ကယ်များအား အစစ်အဆေးကြမ်းနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဝါးပြားလမ်းဆုံ၊ မြို့မစျေးအနီး ဒလကုန်း နှင့် နီလာရိုးမ နားတို့ ၌ အောက်တိုဘာလ ၁၁ ရက်နေ့မှစပြီး ညပိုင်းအချိန်တွင် ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးမှုများ ရှိနေသည်။ ” ဟို ၁၁ ရက် ည…

ဒီမောဆိုမြို့နယ်နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ဆေးဝါးများပြတ်လပ်နေသောကြောင့် ပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၄ ဒီမောဆိုမြို့နယ် နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ဆေးဝါးများပြတ်လပ်နေသောကြောင့် ပြည်သူများအခက်အခဲ ဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား)ပြည်နယ် ဒီမောဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဖက်ခြမ်းတို့တွင် အောက်တိုဘာလမှ စတင်ပြီး ဆေးဝါးပြတ်လပ်မှု နှင့်ကြုံတွေ့နေရကာ ပြည်သူများအခက်အခဲ ဖြစ်နေသည်။ ” ဆေးက ပြတ်သလောက်ဖြစ်နေပြီ၊ ရှာဝယ်ဖို့အရမ်းခက်သွားပြီ၊ ကျွန်တော့ အမေဆို သွေးတိုးရောဂါ ရှိတော့ သွေးကျဆေးဆိုအမြဲ…

သားငယ်ကို ခန္ဓာကိုယ်နှင့် ကာပေးရင်း အသက်ပေးခဲ့ရသည့် ရင်နှစ်ဖွယ် ဖြစ်ရပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၄ “လေယာဥ် နဲ့ဗုံးလာကြဲတဲ့အချိန်က ဒီရွာပတ်ပတ် လည်အကုန်လာချတယ်၊ ကျွန်မတို့ ကချင်ရွာအပေါ်ပိုင်းမှာပေါ့ ဒုတိယ အကြိမ်လာကြဲတဲ့အချိန်မှာကျွန်မတို့မိသားစု အိမ်ကိုထိတာပေါ့” ဟုဗုံးကြောင့်သေဆုံးသူ အီနိုင်းရွာနေ ဦးဇော်ရှိန်၏မိသားစုကပြောသည်။ လားရှိုးမြို့၊ အီနိုင်းရွာ လွယ်တောင်တွင်နေထိုင်သော ဦးဇော်ရိန်သည် စစ်ကောင်စီမှ ဗုံးလာကြဲချိန် သားငယ်လေးအတွက် သူ့ရဲ့ခန္ဓာကိုယ်ကို ကာပေးရင်း အသက်သေဆုံးခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အီနိုင်းရွာတွင်ကချင်လူမျိုး…

You missed