Tag: ခမ်းသားငေါဝ်း

တောင်ကြီးရှိ ရွှေတောင်ရိုးကားခြံ မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံအား ယနေ့နံနက်အစောပိုင်း ၁ နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံကို ယနေ့ဇန်နဝါရီလ ၁၈ ရက်က်နေ့ နံနက် ၁၂ နာရီ ၅၈ မိနစ်အချိန်တွင် မီးစတင်လောင်ခဲ့ပြီး ၁ နာရီ ၄၁ မိနစ်အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ကာ မိနစ် ၄၀ ကျော်ကြာ…

ဒေါတခြောကျေးရွာသို့ ထပ်မံရောက်လာသည့် စစ်ရှောင်မိသားစုများအား PNLOမှ ဆန် ဆီ ဆား များကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ကရင်နီ နယ်စပ်ရှိ ဒေါတခြောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထပ်မံရောက်ရှိလာသည့် ကရင်နီပြည်မှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စစ်ဘေးရှောင်များအတွက် ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ သွားရောက်ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ ထပ်မံရောက်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၈ စု လူဦးရေ ၄ဝ ဝန်းကျင်ကို ဆန် ဆီ ဆားနှင့်…

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်‌ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားများအတွက် ဒေသခံကျေးရွာများ နေ့စဉ်ထမင်းထုပ်ပြီး ပို့ပေးရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ စံကားအင်းဒေသတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNA)တပ်သားများအတွက် ရွာသားများက စားနပ်ရိက္ခာထောက်ပံ့ ပေးနေရကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ ဒေသခံပြည်သူများသည် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်‌ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားများအတွက် အလှည့်ကျထမင်းထုပ်များထောက်ပံ့ ပို့ဆောင်ပေးရကြောင်း သတင်းရင်းမြစ်က ယနေ့ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ပြောဆိုသည်။ “သူတို့အတွက် တစ်အိမ်ကို ထမင်းထုပ်(၄)ထုပ်စီ…

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင်များ အလုပ်အကိုင်ရှားပါးပြီး လုပ်အားခနှိမ်ခံရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း လာရောက်တိမ်းရှောင်နေသည့်စစ်ရှောင်များအလုပ်အကိုင် ရှားပါးပြီး လုပ်အားခနှိမ်ခံရနေရကြောင်း စစ်ရှောင်တစ်ဦးက ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောသည်။ အလှူရှင်နည်းပါးသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲရှိနေပြီး စစ်ရှောင်အများစုအလုပ်အကိုင် လိုအပ်သော်လည်း စစ်ရှောင်များကို အလုပ်ခေါ်သူ နည်းပြီး အလုပ်ခွင်များတွင် လုပ်အားခနှိမ်ပေခြင်း နှင့် ခွဲခြားဆက်ဆံခြင်း ကြုံတွေ့နေရသည်ဟု ဆိသည်။ “ကရင်နီဘက်က စစ်ရှောင်လာတော့…

တောင်ကြီးတွင် လျှပ်စစ်မီးပုံမှန်မလာ၍ လုပ်ငန်းခွင်များ နှင့် အိမ်ရှင်မများ အခက်ခဲဖြစ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ တောင်ကြီးမြို့ပေါ် ရှိ ရပ်ကွက်များတွင် လျှပ်စစ်မီးပုံမှန်လာခြင်းမရှိသောကြောင့် မီးနှင့်အလုပ်လုပ်နေရသည့် လုပ်ငန်းများနှင့် အိမ်ရှင်မများ အခက်အခဲ ဖြစ်ရကြောင်း အမျိုးသမီးတစ်ဦးထံမှ သိရသည်။ လျှပ်စစ်မီးပုံမှန်ပျက်လေ့ရှိသော်လည်း ယခုရက်ပိုင်းတွင် နေ့စဉ်မီးပျက်နေပြီး မီးလာချိန်အနည်းသာရှိသောကြောင့် မီးသုံးရန်လိုအပ်သည့်လုပ်ငန်းများ နှောင့်နှေးခြင်း၊ မီးအချိန်ကြာပျက်သဖြင့် ရေအတွက်အခက်အခဲဖြစ်ခြင်း၊ ကျောင်းသားကျောင်းသူများ စာကျက်ချိန်မီးပျက်ခြင်းနှင့် အချို့အိမ်တွင်းလုပ်ငန်းကိစ္စများတွင် မီးလိုအပ်ချက်ရှိနေသဖြင့် အခက်အခဲဖြစ်ရကြောင်း ဆိုသည်။ “မီးကသုံးဖို့လိုပြီဆို မလာဘူး။…

ပင်လောင်းသို့ ရောက်ရှိသည့် စစ်ရှောင်များ မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်များ ဖျားနာဖြစ်ပွား

ခမ်းသားငါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ပင်လောင်းသို့ ရောက်ရှိလာသည့် ဖယ်ခုံမှ စစ်ဘေးရှောင်များသည် မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်များ ဖျားနာနေကြရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ စစ်ပွဲကြောင့် ဖယ်ခုံမြို့မှ ဒေသခံများသည် နီးစပ်ရာ ပင်လောင်းမြို့နှင့် အနီးအနားတစ်ဝိုက်ကျေးရွာများတွင် စစ်ရှာင်ခဲ့ကြရပြီးနောက် မတူညီသည့်ဒေသ၊ မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်အများစု ဖျားနာနေကြရကြောင်း ဆိုသည်။ ပင်လောင်း‌ဒေသ၏ ဆောင်းရာသီသည် အလွန်အေးသဖြင့် စစ်ရှောင်များ…

ဆီဆိုင် မဲဟဲရွာတွင် စစ်ကောင်စီ နှင့် PNO ဂိတ်လာဖွင့်ပြီး တင်းကြပ်စစ်ဆေးသဖြင် ဒေသခံများ အခက်ခဲဖြစ်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ဆီဆိုင်မြို့နယ် မဲဟဲရွာ အဝင်တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဂိတ်လာဖွင့်ပြီး ဒေသခံများအား တင်းတင်းကြပ်ကြပ် စစ်ဆေမှုများပြုလုပ်နေ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ မဲဟဲရွာ အဝင်တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဂိတ်လာဖွင့်ပြီး စစ်ဆေမှုများပြုလုပ်နေသဖြင့် ဒေသခံများ အခက်ခဲဖြစ်နေရသည် ဟု ဒေသခံတစ်ဦးက ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြောဆိုသည်။…

နမ့်စန်တွင် တိုက်လေယာဥ်များ နေ့ရောညပါအဆက်မပြတ် ဆင်းတက်နေသဖြင့် ဒေသခံပြည်သူများ ထိခိုက်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ နမ့်စန်မြို့တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များ နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကို ထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များသည် ရှေ့တန်းစစ်မြေပြင်စစ်ကူသွားရန် နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကိုထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ နမ့်စန်မြို့သည် စစ်တပ်၏ ‌လေတပ်စိုက်မြို့ဖြစ်ပြီး တိုက်လေယာဥ်များ (လေယဉ်အစီးရေ ဆယ်စီးထက်မနည်း )က…

ဆီဆိုင် စစ်ရှောင်များအတွက် အလှူရှင်မရှိသဖြင့်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ စစ်ရှောင်များသည် ဆီဆိုင်မြို့ရှိစစ်ရှောင်စခန်းများနှင့်ဆွေမျိုးအိမ်များသို့ လာရောက်ခိုလှုံနေကြပြီး အလှူရှင်မရှိသည့်အတွက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်ခဲကြုံ‌တွေ့နေရကြောင်း ယနေ့တွင် ပြောဆိုသည်။ “အဓိက သူတို့အလုပ်အကိုင်မရှိတော့ ဝင်ငွေကမရှိဘူး။အရင်လက ပြောင်းချိုးတာနဲ့ငရုတ်သီးခူးတဲ့အချိန်ခနဘဲ အလုပ်ရှိတယ်။ စစ်ရှောင်အရမ်းများတော့ အလှည့်ကျနဲ့သွားရသေးတယ်။အဲလိုအခြေအနေကြောင့် အလှူရှင်တွေ အပေါ်ဘဲအဓိကမှီခိုနေရတယ်”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။…

တိုက်ပွဲအတွင်းကျဆုံး အာဇာနည်ရဲဘော်များကို “သိန္နီတိုက်ပွဲအာဇာနည်”များအဖြစ် PLA ဂုဏ်ပြု

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ နောက်ဆုံးထွက်သက်ထိ တိုက်ပွဲဝင်သွားသည့် ရဲဘော်တို့၏စိတ်ဓာတ်ကို လက်စွဲကိုင်ကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွဲသွားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သံဓိဋ္ဌာန်ပြုထားသည်။ ရှမ်းမြောက်၊ သိန္နီမြို့သိမ်းတိုက်ပွဲတွင် နောက်ဆုံးထွက်သက်ထိ ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘောတို့၏စံပြအာဇာနည်စိတ်ဓာတ်ကို ဆက်လက်ဆွဲကိုင်ကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင် တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွဲသွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် PLA ထုတ်ပြန်ချက်အရသိရသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်နေ့တွင်…

You missed