Tag: ခမ်းသားငေါဝ်း

ဗန်းမောက်ရွာမှာ ဒေသခံတွေပိတ်မိနေပြီး ကယ်ထုတ်ပေးမယ့် အကူအညီအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ ပင်‌လောင်းမြို့နယ် ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ဗန်းမောက်ကျေးရွာ ပြည်သူတွေ ထွက်မရဘဲ အရေးပေါ်ကယ်ထုတ်မယ့်သူတွေရဲ့ အကူအညီလိုအပ်နေတယ်လို့ ယနေ့ မှာ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောလာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဗန်းမောက်ကျေးရွာမှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမောက်ရွာအတွင်း ဒေသခံများကကြောက်လန့်နေပြီး မနေရဲတော့ပဲ ဒေသခံနဲ့နီးစပ်သူက…

ဝ”ဒေသ တရုတ်နယ်စပ်ဂိတ် အားလုံး ပိတ်လိုက်သောကြောင့် ကုန်ဈေးနှုန်း မြင့်တက်ပြီး ဒေသခံများ အခက်ကြုံ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ “ဝ”ပြည် တရုတ်မြန်မာ နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ပိတ်လိုက်သောကြောင့် ကုန်စည် စီးဆင်းမှုနည်းပြီး ကုန်ဈေးနှုန်း မြင့်တက်လာသောကြောင့် ဒေသခံပြည်သူများ အခက်တွေ့နေရကြောင်း အောက်တိုဘာ (၃၀)ရက်တွင် စုံစမ်းသိရသည်။ ရှမ်းပြည် အရှေ့ပိုင်း”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဖြစ်သည့် ကျိုင်းခမ်း၊ မိုင်းလားမြို့ရှိ ကုန်ပစ္စည်းအများစုသည် တရုတ်ဘက်ကအဓိကထား တင်သွင်း‌ပြီး ဂိတ်များအားလုံးကို တရုတ်ဘက်မှ တင်းတင်းကြပ်ကြပ် ပိတ်ထား‌…

ကယန်းအမျိုးသားတပ်မတော် KNA ဖွဲ့စည်းပြီး တော်လှန်ရေးအဖွဲ့များနှင့်လက်တွဲကာ တိုက်ပွဲဝင်သွားမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦး ဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖန်တီးကာ ကယန်းအမျိုးသားတပ်မတော် -KNA ကို အခြေခံမူ ၉ ချက် အမျိုးသားရည်မှန်းချက် ၅ ချက်ဖြင့် အောက်တိုဘာလ (၂၉) ရက်နေ့က ဖွဲ့ စည်းခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ကယန်းအမျိုးသားတပ်မတော်သည် လွိုင်ကော်၊ ဒီးမော့ဆို ၊…

ကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီ တပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူအခက်ခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ဆီဆိုင်မြို့တွင် သီတင်းကျွတ်အပြီးကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီတပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူများအခက်ခဲကြုံတွေ့နေရရြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် လွယ်တဖြွီးတောင်တွင် ယခင်ကတစ်ရက်ကိုထမင်းထုပ် တနပ်စာသာပို့ခဲ့ရသော်လည်း ယခုတစ်ရက်သုံးကြိမ်ပို့ဆောင်ပေးနေရကြောင်းသိရသည်။ “စစ်ပွဲပြီးကတည်းက အဆင်ပြေအောင်မနည်းလုပ်ရတာ၊အခုလိုသူတို့အတွက်ပါထပ်ပို့ရတော့ပိုဆိုးတာပေါ့၊အခုဆိုကုန်ဈေးနူန်းအများကြီးထိုးတက်လာတော့ဘယ်လို၀ယ်ရမှန်းတောင်မသိဘူး”ဟု ဒေသခံတစ်ဦးဆီကပြောသည်။ စစ်ကောင်စီ တပ်အတွက်ထမင်းထုပ်ကို နေ့စဥ်သုံးနပ်စာပေးပို့နေရပြီးယခင်ကအသားမပါလျှင် ပြဿနာ ရှာဆဲဆိုပြီးယခုတွင်အသားဟင်းမပါလည်း ဘာမှမပြောတော့ကြောင်းသိရသည်။ ဆီဆိုင်မြို့တွင် စစ်ပွဲပြီးကတည်းက ဒေသခံတစ်ချိူ့…

နောင်ပီရွာရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်စစ်ဆေးရေးဂိတ်က စားနပ်ရိက္ခာများသယ်ခွင့်မပြု

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်းမြို့နယ် နောင်ပီရွာရှိ စစ်‌ကောင်စီနှင့် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ‌ဒေသခံများအား စားနပ်ရိက္ခာများသယ်ယူခွင့်မပြုကြောင်း အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာရှိ စစ်ကောင်စီနှင့် PNOပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ဒေသခံပြည်သူများအား စားနပ်ရိက္ခာသယ်ဆောင်ခွင့်မပြုပဲ သယ်ဆောင်ပါက လူဖမ်း၊ ပစ္စည်းများသိမ်းယူမှုရှိနေသည်။ “စားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ဆီ၊ဆားစသဖြင့်ပေါ့ အဲ့လိုပစ္စည်းတွေဆိုရင်သူတို့ပေးမသယ်ဘူး သယ်ရင်ကားရောပစ္စည်းရောအကုန်သိမ်း တစ်ခါတစ်လေလူကိုလည်းဖမ်းတော့…

ပင်လောင်းတောင်ဘက်တိုက်ပွဲကြောင့် ကန်တော်ရွာရောက်စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွါးနေသောကြောင့် ဒေသခံများက စစ်ဘေးတိမ်းရှောင်နေရပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအရေးပေါလိုအပ်နေသည်ဟု အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံစစ်ဘေးရှောင်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်၊ ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်‌ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင် (၁၂၅၀)ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေသည်။ “အခုလောလောဆယ် အဓိကလိုအပ်တာကတော့…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်း မြို့နယ် နောင်ဝိုး၊ပင်စုံ၊ နမ့်ဖာမူကျေးရွာ များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တွင် စက်တင်ဘာလ ၁၇ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ နောင်ဝိုး၊ ပင်စုံ၊ နမ့်ဖာမူ ကျေးရွာများတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။…

ရေဘေးကြုံခဲ့ရသည့် ကလောမြို့တွင် ပြန်လည်ထူ ထောင်ရေးကာလ၌ သူခိုးများ သောင်းကျန်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ရေကြီးနှစ်မြှုပ်မှုကြုံခဲ့ရသည့် ကလောမြို့တွင် ရေကျပြီးနောက် ပြန်လည် ထူထောင်ရေး ကာလ၌ သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းကလောမြို့တွင်ရေကြီးရေလျှံမှုဖြစ်ကာ ရေကျပြီးနောက် ပြန်လည်ထူ ထောင်ရေးကာလ လုပ်ငန်းများ ပြန်လည် စတင်ချိန် သူခိုးများ ယခင်ထက် ပိုမို သောင်းကျန်းလာကြောင်း သိရသည်။ “ကလောမြို့၊ ရပ်ကွက်(၈) နဲ့ အိုးစည်တောင်…

သီပေါမြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် ဆောင်းရာသီ ခြုံစောင်နှင့် အနွေးထည် များလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် ဆောင်းရာသီ ခြုံစောင်နှင့် အနွေးထည် များလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ သီပေါမြို့ ရှိ စခန်း(၃) ခု တို့တွင် စစ်ဘေးရှောင်ပေါင်း တစ်ထောင်ကျော် ကျန်ရှိနေသေးပြီး ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။ “တိုက်ပွဲတွေ မရှိတော့ပေမယ့် အိမ်မပြန်နိုင်သေးတဲ့စစ်ရှောင် ပြည်သူအတွက်…

တောကျယ်ရေပြာစမ်း ရေတံခွန် သွားလမ်းတွင် ဓါးထောက်၍ ဆိုင်ကယ် လုယက်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တောကျယ် ရေပြာစမ်း ရေတံခွန် သွားလမ်းတွင် ဓါးထောက်၍ Click 2019 မော်တော် ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အောက်တိုဘာလ ၂၈ ရက် မွန်းလွဲပိုင်း (၂) နာရီ အချိန်တွင် ရေပြာစမ်း သွားလမ်း၌ ဓါးထောက်၍ မော်တော်ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း…

You missed