တန့်ယန်းတွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂) ဦးကို (UWSA)က တရုတ်ထံလွဲပြောင်း
ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးကို (UWSA)က တရုတ်ထံ နိုဝင်ဘာ(၁၉)ရက်နေ့က လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးနှင့်အတူ ဂြိုလ်တုအင်တာနက်(၇၆)ခု၊ ဖုန်း(၁၅၄၉)လုံးနှင့် ကွန်ပျူတာ(၈၂) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ကျားဖြန့်လုပ်နေကြတာက ကြာပြီလေမပြောလို့သာ။ ဆိုင်ရာဆိုင်ရာတွေ ရှိမှာပဲ။ ကိုယ်တေမသိနိုင်တဲ့ လုပ်ရပ်တွေလည်း…