ဆီဆိုင်- လွိုင်ကော်လမ်းမကြီးအရှေ့ဘက်ဒေသခံများထံPNLA ဆက်ကြေးကောက်သည်ဆိုသည့်သတင်းမဟုတ်မှန်ကြောင်းPNLA ငြင်းဆို
ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးအရှေ့ဘက်ကျေးရွာကို PNLA က ပိုက်ဆံကောက်နေသည် ဟူသောသတင်းသည် မဟုတ်မမှန်ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တာဝန်ရှိသူတစ်ဦးက ငြင်းဆိုပြောကြားလိုက် သည်။ အွန်လိုင်းပေါ်၌ ပျံ့နှံ့နေသောသတင်းသည် PNOအကောင့်တုသမားများနှင့် ပြည်သူကိုသတင်းအမှားပေးနေသည့် လော်ဘီသတင်းများသာဖြစ်ကြောင်းပြောဆိုသည်။ “ပြည်သူလူထုကို ၇ သိန်း၊ ၅ သိန်း၊ တစ်အိမ်ဘယ်လောက် သေနတ်ဖိုးတစ်အိမ်ဘယ်နှစ်သိန်းကောက်တယ်တွေက ကျွန်တော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLAက လုံးဝမလုပ်ဘူး။…