ပြည်သူများ စစ်ဘေးရှောင်နေသည့်ကြား PNO ပြည်သူ့ စစ် အတင်းခေါ်ယူခြင်းလည်းခံရ
ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုဒေသခံများ စစ်ဘေးရှောင်နေရသည့်ကြား တစ်အိမ်တစ်ယောက် ပြည်သူ့စစ် စစ်မှုထမ်းဆောင်ရန် PNOပြည်သူ့စစ်ကအတင်းခေါ်ယူနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ မြောက်ဘက် ပင်စုံကျေးရွာအုပ်စုအတွင်း ဝါးခြာ၊ နမ်းသြ၊ ပင်တီ စသည့်ကျေးရွာများရှိ ဒေသခံများကို PNOပြည်သူ့စစ်က စစ်မှုမထမ်းပါက ငွေ ၄ သိန်းကျပ် ပေးဆောင်ခိုင်းပြီးမပေးပါက အိမ်ခြံမြေများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်နေကြောင်းသိရသည်။…