စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် အပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက်ဖော်ဆောင်ရာ၌ အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ်ဆို
ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးဥပဒေ(Martial law)ကို ကြေညာလိုက်ခြင်းသည် အပစ်ရပ်ဆဲရေးဖြစ်သည့် ဟိုင်ဂင်သဘောတူညီချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ဟိုင်ဂင်သဘောတူညီချက်အား အကောင်အထည်ဖော် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံပွဲများတစ်ခုပြီးတစ်ခုကျင်းပခဲ့သည်မှာ…