Tag: ခမ်းသားငေါဝ်း

မီးခိုးမြူပြဿနာဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများ၏ ပြောင်းတင်သွင်းမှုကို တားမြစ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြောဆို

ခမ်းသားငေါဝ်း မတ်လ ၈၊ ၂၀၂၄ ထိုင်းနိုင်ငံမြောက်ပိုင်းက လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများ၏ ပြောင်းတင်သွင်းမှုကိုလာမည့်နှစ်တွင် ရပ်တန့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ တောမီးနှင့် မီးခိုးမြူ ကာကွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံ့အဖွဲ့အစည်းများ ကြိုတင်ကာကွယ်ရေး အစီအမံများကို စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် Srettha Thavisin သည် စနေနေ့က ချင်းမိုင်မြို့သို့ သွား ရောက်ခဲ့သည်။ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် လာမည့်၂၀၂၅ခုနှစ်…

ဆောင်းပြောင်းရဲစခန်း ကို ကရင်နီ တော်လှန်ရေးအဖွဲ့သိမ်းပိုက်

ခမ်းသားငေါဝ်း မတ်လ ၁၈၊ ၂၀၂၄ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရဲစခန်းကို ကရင်နီ တော်လှန်ရေး အင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဆောင်းပြောင်း ဒေသခံတစ်ဦးခံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရဲစခန်းကို ယနေ့ ၁ နာရီအချိန်ခန့်က တော်လှန်ရေးအဖွဲ့များက သိမ်းလိုက်ကြောင်း သိရသည်။ ” PDF အဖွဲ့ဝင်တိုက်ပြီး စစ်သားနဲ့ရဲတွေ ပြေးကုန်တယ်။သူတို့ပြေးကုန်တော့တော့ ရွာသားတွေလည်း အကုန်နီးပါးရှောင်ကြပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို…

EAO (၇) ဖွဲ့ မျက်နှာစုံညီအစည်းဝေးမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့ မဟာမိတ်ဖွဲ့လိုက်သည့်အပေါ် PNLO သဘောထားမပါဝင်ကြောင်း PNLO ဥက္ကဌပြောဆို

ခမ်းသားငေါဝ်း မတ်လ ၁၈၊ ၂၀၂၄ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ၏ မျက်နှာစုံညီအစည်းအဝေးတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း(၇) ဖွဲ့၏မဟာမိတ်အဖွဲ့အဖြင့် ဖွဲ့စည်းလိုက်သည်ဟု( 7 NCA-S EAO Summit) မျက်နှာစုံညီအစည်းအဝေးမှ ယနေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။ အစည်းအဝေးထုတ်ပြန်ချက်တွင် PNLO ကအဖွဲ့ဝင်ဟုထည့်ထားခြင်းသည် PNLO သဘောထားမပါ ကြောင်း…

ပင်လောင်းတိုက်ပွဲတွင် မကွဲသေးသည့်လက်နက်ကြီးရှိ၍ အန္တရာယ်ဖြစ်မည်ကိုဒေသခံစိုးရိမ်

ခမ်းသားငေါဝ်း မတ် ၁၈၊၂၀၂၄ ပင်လောင်းမြို့တောင်ဘက် တိုက်ပွဲအတွင်းမပေါက်ကွဲသေးသည့် လက်နက်ကြီးများရှိသည့်အတွက် ဒေသခံထိခိုက်အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်နေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့၏ တောင်ဘက်ဒေသတွင် စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် တော်လှန် ရေးအင်အားစုတို့ကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။ “မပေါက်ကွဲတာရှိတယ် တောင်ယာသွားတာ တောထဲသွားတာမျိုးဆိုစိုးရိမ်ရတာပေါ့ ဒါပေမယ့် မသွားဖို့တားထားတာရှိတယ်လေ အဲ့လိုနဲ့ရွာပြင်တွေသိပ်မထွက်ကြဘူး လုံးပျဥ်ကလူဆိိုလုံးဝမသွားတာမျိုးရှိတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ မပေါက်ကွဲသည့်လက်နက်ကြီးအန္တရာယ်ကိုစိုးရိမ်နေသည့်အပြင် ယမန်နေ့ နံနက်ပိုင်းအစောမှာလည်း တောင်မဲသင်းရွာအနီးတိုက်ပွဲထပ်မံဖြစ်ပွားခဲ့၍ ည လေယာဥ်ပျဲဝဲခြင်း ဒရုန်းပြန်ဝဲခြင်း ရှိသည့်အတွက် သတိထားပြီးနေနေရကြောင်းဆိုသည်။…

နောင်ကားကျေးရွာအုပ်စုအတွင်းတွင် PNOပြည်သူ့စစ်က အဆမတန်ဆက်ကြေးကောက်ခံနေခြင်းကြောင့် ဒေသခံအချို့မှာအခက်ခဲရှိနေ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ နောင်ကားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စက်အမျိုးမျိုး ယာဥ်အမျိုးမျိုးရှိသည့်ပြည်သူများထံ PNO ကအဆမတန် သိန်းချီ ဆက်ကြေးကောက်နေသည့်အတွက် ဒေသခံအချို့ အခက်အခဲဖြစ်ရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့နယ်ခွဲ နောင်ကားကျေးရွာအုပ်စုအတွင်းရှိကျေးရွာကို PNO ပြည်သူ့စစ်က ယာဥ်များ စက်များအတွက် အခွန်ပေးဆောင်ရန် စာထုတ်ပြီး အတင်းဆက်ကြေးကောက်နေသည်။ “အာဏာသိမ်းချိန်ဆို ပြည်သူက စစ်ကောင်စီအတွက်ရော သူတို့(PNO)အတွက်ပါ အခွန်ပေးနေရတာ အဲ့လိုပေးဖို့ပြည်သူမှာ…

တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံနှင့် လူငယ်အများစုစိတ်ပိုင်​ဆိုင်ရာထိခိုက်မှုများနေ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်ရှိဒေသခံပြည်သူနှင့် လူငယ်အများစုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဘက်ဒေသတွင် မတ်လ ၁၀ ရက်နေ့ကစပြီး ယနေ့အထိ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းကြောင့် ဒေသခံများ၊လူငယ်များအခက်အခဲဖြစ်နေရကြောင်းဆိုသည်။ “စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသူတွေတော်တော်များများမြင်တွေ့ရတယ် အချို့ဆို အသံအကျယ်ကြားတာနဲ့ ဂနာမငြိမ် စိတ်ကယောင်ခြောက်ချားနေရတာလည်းမြင်တယ်”ဟုအမည်မဖော်သူသည့်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောင်းသည်။ အချို့သော လူငယ်များသည် ပြည်ပသို့ထွက်ခွာသွားခြင်းရှိသလို အချို့က ဘာမှမထူးဘူးဟုဆိုပြီး ရှေ့ဆက်ရမည့်လုပ်ဆောင်စရာမရှိ လမ်းပျောက် အနာဂတ်ပျောက်နေသည့်လူငယ်လည်းမြင်တွေ့နေရကြောင်း၎င်းကဆက်ပြောသည်။…

နမ့်စန်တွင် စစ်မှုမထမ်းလိုသည့် တပ်မိသားစုသားသမီးများ ယာယီပုန်းရှောင်ခိုင်းထားဟုသိရ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ နမ့်စန်မြို့အတွင်းရှိ မြို့ခံပြည်သူများ စစ်မှုထမ်းရန် မဲနှိုက်မည့်အစီစဥ်ပြုလုပ်သည့်အတွက် တပ်မိသားစု၏ သားသမီးများ ထိုအစီစဥ်ထဲမပါသွားရန်ယာယီပုန်းရှောင်ခိုင်းနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အတွင်းမှာ လာမည့် မတ်လ ၁၉ ရက်နေ့မှာ စစ်မှုထမ်းရန်မဲနှိုက်အစီစဥ် စီစဥ်ထားကြောင်းသိရသည်။ “အဲ့ဒါဟုတ်တယ် သူတို့(စစ်တပ်)သားသမီးကိုကျရှောင်ခိုင်းတယ် သူများသားမီးခါကျ မဲနှိုက်ရမယ်တဲ့ ရာတစ်ခုမှာလား ဆယ်စုတစ်ခုမှာလားပြောသွားတယ် ၂ ယောက်စီခေါ်မယ်လို့ပြောတယ်”ဟုနမ့်စန်မြို့ခံတစ်ဦးကပြောသည်။ နမ့်စန်တွင် စစ်မှုထမ်းခေါ်ရန် ပြီးခဲ့သည့်…

ရှမ်းတောင်တွင် စစ်မှုထမ်းရန် မဲနှိုက်စနစ်ဖြင့် ပြုလုပ်နေပြီဖြစ်၍ လူငယ်အချို့အခက်ခဲဖြစ်ဟုဆို

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များသည် စစ်မှုထမ်းဆင့်ခေါ်ရန် မဲနှိုက်စနစ်ဖြင့် ပြုလုပ်နေပြီဖြစ်ပြီး လူငယ်အချို့က အခက်အခဲဖြစ်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ မတ်လအတွင်းတွင် စစ်မှုထမ်းဆောင်ရန် အသက် အရွယ်မှန်လူငယ်နှင့် ဘွဲ့ရလူငယ်များကိုဦးစားပေး ခေါ်ဆောင်နိုင်ရန် မြို့နယ်အချို့ စာရင်းကောက်ပြီးသလို အချို့ကစာရင်းကောက်နေဆဲဖြစ်ကြောင်းသိရသည်။ “ပညာရေးဝန်ထမ်းတွေတော့ စာရင်းကောက်ပြီးသွားပြီ မဲနှိုက်ရမယ်တဲ့ အဲ့ဒါလူငယ်အချို့ကထွက်ပြေးသွားတာရှိတယ် အချို့လည်းရန်ကုန်သွားပြီးသင်တန်းတစ်ခုခုတက်ဖို့လုပ်ရတာရှိတယ် ဘယ်မှမသွားနိုင်တဲ့သူအချို့ကအခက်ခဲဖြစ်ရတာပေါ့”ဟုအမည်မဖော်လူသည့် ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ တောင်ကြီးမြို့ပေါ်ရှိ ရွှေတောင်၊ ဈေးပိုင်း၊…

တောင်မဲသင်းတွင်ယနေ့ တိုက်ပွဲပြင်းထန်နေပြီး ရွာသားများ ထပ်မံထွက်ပြေးရ

ခမ်းသားငေါဝ်း မတ်လ ၁၇၊ ၂၀၂၄ တောင်မဲသင်းကျေးရွာတွင်ယနေ့ တိုက်ပွဲ ပြင်းထန်နေပြီး ရွာသားများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာ ယနေ့မနက်က စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေး အင်အားစု များအကြား တိုက်ပွဲပြင်းထန်နေ ကြောင်း သိရသည်။ “လူကမနိုးသေးဘူး။လက်နက်သံဆက်တိုက်ကြားရတယ်။ ရွာအနီးကော ရွာထဲပါ ပစ်တယ်။ရွာသားတွေလည်း ရုတ်တရက်ရုတ်ရုတ်သဲသဲထွက်ပြေးကုန်ကြတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ယခု ဆောင်းပြောင်းရွာအနီး…

ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်း ဒရုန်းဖြင့်ဗုံးကြဲခံရ၍ ကိုရင်တစ်ပါးနှင့် ကပ္ပိယတစ်ဦးဗုံးဆထိမှန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းပေါ်ရှိ ကိုရင်တစ်ပါးနှင့် ကျောင်းကပ္ပိယတို့ဗုံးဆထိမှန်ပြီး ဒဏ်ရာပြင်းထန်ရခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နှင့် ၄ ဖာလုံဝေးသည့်ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းကို မတ်လ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ဒရုန်းဖြင့် ဗုံးသီး ၂ ကြိမ်ကြဲချခံရပြီး ထိခိုက်မှုဖြစ်ပွားရကြောင်းသိရသည်။…