Tag: ခမ်းသားငေါဝ်း

ဟိုပုံး၊ ဆီဆိုင် စစ်ရှောင်များ နေအိမ်ပြန်ကြရန် စစ်ကောင်စီနှင့် ပြည်သူ့စစ်က ဖိအားပေး

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ဟိုပုံး၊ ဆီဆိုင် စစ်ရှောင်များ နေအိမ်ပြန်ရန် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ဖိအားပေးပြန်ခိုင်ပြီး မပြန်လျှင် အိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံးမြို့နယ်စစ်ရှောင်များကို ဖေဖော်ဝါရီ ၂၉ ရက်ကစပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဖိအားပေးပြီး နေအိမ်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။ “အိမ်ချိတ်ပိတ်ခံရမယ် ပြောတော့ တစ်ချို့ကငါတို့အိမ်ချိတ်ပိတ်ခံရမလား…

ပအိုဝ်းဒေသတွင် တိုက်ပွဲပြင်းထန်နေသော်လည်း တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့အကြိုဘောလုံးပွဲကျင်းပနေ

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေဆဲဖြစ်သော်လည်း ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် တောင်ကြီးမြို့ တပေါင်းကွင်းတွင် ဘောလုံးပွဲကျင်းပနေသည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူအမြောက်အများ စစ်ဘေးရှောင်နေကြရသော်လည်း တောင်ကြီးမြို့တွင် မတ်လ ၁၈ ရက်က စတင်ပြီး ၇၅ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် ဘောလုံးပွဲ ကျင်းပနေသည်။…

စစ်ကောင်စီတပ်သား ၄၈ ဦးထိုင်းဘက်သို့ ထွက်ပြေးလာ

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၅ စစ်ကောင်စီတပ်သား ၄၈ ဦး ထိုင်းနိုင်ငံ အုန်းဖန်းမြို့ (ဒိုင်ပင်ခြိုင်း) ဗန်းပွိုင်းခွိုင်ရွာ သို့ထွက်ပြေးလာခြင်းကြောင့် ထိုင်းစစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံထံမှသိရသည်။ မတ်လ ၁၉ ရက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ထိုင်းစစ်တပ်မှ ဖမ်းဆီးခြင်းဖြစ်ပြီး လက်နက်များကိုလည်း သိမ်းဆည်းသွားသည်။ “ဖမ်းတာကတော့ ထိုင်းစစ်တပ်ကဖမ်းတာ ရွာသားတွေကသတင်းပေးလိုက်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ကရင်ပြည်နယ် KNU…

ရှမ်းတောင်အတွင်းရှိ စစ်ဘေးရှောင်နေရသူ တစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများလိုအပ်

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် သူတစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး PYO ထံမှ သိရသည်။ စစ်ရှောင်များသည် ပင်လောင်းဒေသခံ ၁၇၀၀၀ ကျော်၊ဆီဆိုင်ဒေသခံ ၆၆၀၀၀ နီးပါးနှင့် ဟိုပုံးဒေသခံ ၁၈၀၀၀ ဦးတို့ ဖြစ်ပြီး ဘေးကင်းရာထင်သည့် တောတောင်ထဲနှင့်…

TNLA ထိန်းချုပ်သည့်မြို့နယ်အတွင်း စစ်ကောင်စီ အတွက် အုပ်ချုပ်ရေးမူးက စစ်သားစုဆောင်းပေးလျှင်ပြင်းထန်စွာ အရေးယူမည်ဟုဆို

ခမ်းသားငေါဝ်း မတ်လ၁၉၊ ၂၀၂၄ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်မြို့နယ်အတွင်း စစ်ကောင်စီ အတွက် အုပ်ချုပ်ရေးမူးက စစ်သားစုဆောင်းပေးလျှင်ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်ကြေညာလိုက်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားသစ်စုစာရင်းကောက်ပေးပါက PSLF/ TNLA ကိုတိုင်ကြားနိုင်သည်ဟုဖော်ပြထားသည်။ စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းပုံသည် ရပ်ကွက်၊ ကျေးရွာအုပ်စု…

မှော်ဘီဂိတ်တွင် ပြောင်းတင်ကား တစ်စီးကိုနှစ်သိန်းခွဲပေးမှ ဂိတ်ဖြတ်သွားလာခွင့်ပေးဟုဆို

ခမ်းသားငေါဝ်း မတ် ၁၉၊ ၂၀၂၄ မှော်ဘီကျေးရွာတောင်ဖက်ရှိစစ်ကောင်စီနှင့် PNOပြည်သူ့စစ်ဂိတ်တွင် ပြောင်းတင်ကားတစ်စီး နှစ်သိန်းငါးသောင်းကျပ် ပေးမှဂိတ်ဖြတ်ခွင့်ပေးကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊မှော်ဘီကျေးရွာရှိ အဝိုင်းပတ်တောင်ဖက် ဂိတ်တွင် ကုန်တင်ကား၊ပြောင်းတင်ကားများထံမှ ငွေအဆမတန်တောင်းခံနေပြီး တောင်းသည့်အတိုင်းပေးမှ ဂိတ်ပေးဖြတ်သည်၊၊ “ကုန်ကားဆိုရင် သူတို့က တားပြီး ငွေတောင်းတယ်။သူတို့တောင်းသလောက် မပေးရင် ပေးမဖြတ်ဘူး။အကြာကြီး ရစ်တာတို့လုပ်တယ်။”ဟု ကိုယ်တိုင်ကြုံတွေ့သူ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ ထို့အပြင်ဂိတ်တွင်တင်းကြပ်စွာစစ်ဆေးခြင်း၊…

နောင်တရားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်ဟုဆိုပြီးငွေကောက်ခံနေသည်ဟုဆို

ခမ်းသားငေါဝ်း မတ်၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံး စရိတ်ကောက်ခံနေသည်ဟုမတ်လ ၁၉ ရက်က ဒေသခံထံက သိရပါသည်။ စစ်အသုံးစရိတ်အဖြစ် တအိမ်လျှင် တစ်သိန်း ကျပ်ကောက်ခံနေပြီး အိမ်စီးကားတစ်စီးလျှင် ငါးသောင်းကျပ်၊ canter ကားတစ်စီးလျှင် တစ်သိန်းကျပ်၊ ထွန်စက်တစ်စီးလျှင် (တစ်သောင်းခွဲ)တစ်သောင်းငါးထောင်ကျပ်စသည်ဖြင့် ကောက်ခံနေသည်။ “ခုဆက်ကြေးကောက်လည်းပေးရတယ် ဒီလိုအခြေအနေမှာ အားလုံးက အခက်အခဲရှိနေတဲ့ကြားက…

အာဏာပါဝါကို အလွဲသုံးစားခြင်း လုံးဝရပ်တန့်ရန် မင်းချောင်းရှေ့ရွာ ရာအိမ်မှုးကို JMC-I အဖွဲ့က သတိပေး

ခမ်းသားငေါဝ်း မတ် ၁၉၊ ၂၀၂၄ အာဏာပါဝါကို အလွဲသုံးစားခြင်း လုံးဝရပ်တန့်ရန်မင်းချောင်းရှေ့ရွာ ရာအိမ်မှုးဦးကျော်မြင့်ကို အင်းလေးဒေသ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ JMC-I အဖွဲ့က မတ်လ ၁၈ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊အင်းလေးကန်အနောက်ဖက်ရှိ ၊မင်းချောင်းရှေ့ကျေးရွာ ရာအိမ်မှုးသည် မူးယစ်ဆေးဝါရောင်းဝယ်သူများအား ပိုက်ဆံတောင်းခံပြီး တရားဝင် ရောင်းချခြင်း ခွင့်ပြုနေသည့်အပြင် ရရှိထားသော ရာအိမ်မှုး အာဏာကိုလည်း အလွဲသုံးစားမှုပြုလုပ်နေသည်။…

မိုင်းနင်းမိရ၍ ၆ ဦးဒဏ်ရာရသည့်ထဲမှ ခြေထောက်ဖြတ်ရသည့်အမျိုးသား ၁ ဦး သွေးထွက်လွန်ပြီးသေဆုံး

ခမ်းသားငေါဝ်း မတ် ၁၉၊၂၀၂၄ ကွတ်ခိုင်တွင် လမ်းပြုလုပ်ရင်း မိုင်းနင်းမိ၍ ၆ ဦးဒဏ်ရာရခဲ့ပြီး ခြေထောက်ဖြတ်ခဲ့သည့် အသက် ၅၃ အရွယ် ဦးစိုးဝင်းက သွေးထွက်လွန်ပြီး သေဆုံးရကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အကျော် ခရစ်ယာန်သုဿာန်အနီးတွင် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက လမ်းပြုလုပ်ရန်သွားစဉ် မိုင်းနင်းမိပြီး ၆ ဦးဒဏ်ရာရခဲ့သည်။ “အဲ့နားထိမိုင်းရှိမယ်လည်း…

ပြောင်းစျေးကျပြီး ဝယ်သူမရှိသည့်အတွက်‌ ပြောင်းစိုက်တောင်သူများ အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း မတ်လ ၁၈၊ ၂၀၂၄ ပြောင်းစျေးကျပြီး ဝယ်သူမရှိသည့်အတွက်ကြောင့် ရှမ်းတောင်ရှိ ပြောင်းစိုက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း ပြောင်းစိုက်တောင်သူ ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်သည် ပြောင်းစျေးတပိဿာ ၁ ထောင်ကျော်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အမြင့်ဆုံး ၉၀၀ ကျပ်သာရရှိပြီး စိုက်ပျိုးစရိတ်ကို ပြန်မကာမိသည့်အပြင် စားဝတ်နေရေးလည်း အခက် အခဲဖြစ်နေကြောင်းသိရသည်။ “ကိုယ့်ဒေသထွက်သီးနှံတွေ စိုက်ပျိုးတော့လည်း စျေးကမရတဲ့အပြင် ခုချိန်ပြောင်းတွေတောင်…