Tag: ခမ်းသားငေါဝ်း

ဟိုပုံးဆန္ဒပြပွဲတွင် ဒေသခံများမပါဝင်နေဟုဆို

ခမ်းသားငေါဝ်း မတ် ၃၀၊ ၂၀၂၄ ဟိုပုံးတွင် စစ်ကောင်စီအသိုင်းဝိုင်းက သံဃာနှင့်စစ်ကောင်စီထောက်ခံသူအချို့ ဆန္ဒဖော်ထုတ်ရာတွင် ဒေသခံများမပါဝင်နေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ယနေ့မနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကောင်စီအသိုင်းဝိုင်းမှသံဃာတော်များ ဦးဆောင်ကာ အထကကျောင်းမှ စတင်လမ်းလျှောက်ထွက်လာခဲ့ပြီး ဟိုပုံးဘုရားကြီးရှေ့တွင် စုရုံးကာ ဟော ပြောပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ “အသိများပါမလားလို့ စောင့်ကြည့်နေတာ တစ်ယောက်မှမပါဘူး မျတ်နှာစိမ်းတွေ အသိမဟုတ်ရင်တောင် မြင်နေကြမြို့သားချင်းတွေဆိုတာသိတယ်…

ညောင်ရွှေတွင် စစ်မှုထမ်းရန်မဲကျသူများကို ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေ

ခမ်းသားငေါဝ်း မတ် ၂၉၊ ၂၀၂၄ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းရန်မဲကျသူများအတွက်ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေကြောင်း JMC- Innlay အဖွဲ့ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးများနှင့် အပေါင်းအပါများက စစ်မှုထမ်းသူများအား ထောက်ပံ့ရန်အတွက်ငွေကြေးလိုက်လံကောက်ခံနေသည်။ “ဒီတိုင်းနေရင်တောင်မှ အလုပ်အဆင်မပြေ၊ ဝင်ငွေရှားပါး၊ ကုန်စျေးနှုန်းတွေကလည်း မတရားတက် နေတာ၊ အခုလိုမျိုးထပ်ကောက်တော့ တော်တော်လေးအခက်အခဲ ဖြစ်စေတာပေါ့၊…

နမ်းတုတ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင်ကားတစ်စီး ထိမှန်ပျက်စီး

ခမ်းသားငေါဝ်း မတ်၂၈၊ ၂၀၂၄ နမ်းတုတ်ကျေးရွာတွင် စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် ကားတစ်စီးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာအနီး မတ်လ(၂၇)ရက်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်တွင် စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးများကြဲ ချခြင်းကြောင့် ပြည်သူပိုင်ကားတစ်စီးထိမှန်ပျက်စီးခဲ့သည်၊၊ “မနေ့ကရွာမြောက်ဘက်မှာ(၂)လုံးလာကြဲတယ်၊ ပြောင်းစက်လှေပေါ်တင်တဲ့စက်လှေဆိပ်မှာ၊ တခြား‌တော့မထိဘူး၊ အိမ်စီးကားတစ်စီးပဲထိတယ်၊ ညကျတော့လက်နက်ကြီးနဲ့ (၁၅)လုံးလောက် ထုတယ်” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ…

ပင်လောင်းစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်သူထံမှသိရသည်။ ယင်းစစ်ဘေးရှောင်များသည် ယခုမတ်လမှ ထွက်ပြေးတိမ်းရှောင်ရသည့် ဗန်းမောက်၊ နမ်းဖာမူ၊ လုံးပျဉ်၊တောင်မဲသင်း၊ နမ်းနိန်း၊ ဆောင်းပြောင်းကျေးရွာတို့ဖက်မှ ဒေသခံများ ဖြစ်ကြပြီး စားနပ်ရိက္ခာအပြင် အဝက်အထည်နှင့်စောင်များလိုအပ်နေသည်။ ” စားနပ်ရိက္ခာအဓိက လိုအပ်တယ်။ ပြီးရင် တစ်ကိုယ် ရေသုံးပစ္စည်းတွေလည်း လိုအပ်တယ်။ ရာသီဉတုအေးတော့ စောင်လိုအပ်တဲ့နေရာလည်းရှိတယ်”ဟု…

လုံးဒါကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ဝင်ရောက်ပြီး ပြည်သူနေအိမ်ရှိ ပစ္စည်းများခိုးယူနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့က လုံးဒါကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်ကိုဖောက်ထွင်း ပစ္စည်းသယ်ယူနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသ လုံးဒါကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကမတ်လ ၂၆ ရက်နေ့တွင်ဝင်ရောက်လာခဲ့သည်၊၊ “သူတို့ရွာထဲရောက်လာတယ် သူများဟာဖျက်ဆီး ပြီး အိမ်ဖောက်တာတွေ ပစ္စည်းယူတာတွေ ရှိတယ် (ဖဲ့ကွဥ်းသား PNLA)ကမရှိဘူး ရှိရင်တိုက်ပွဲဖြစ်ပြီ ခုကဘယ်သူရှိရှိ…

ကလောတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးငွေကောက်ခံနေသည့်အတွက် အခက်ခဲဖြစ်ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ ကလောမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကျေးရွာတချို့တွင် မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကအိမ်တိုင်ရာရောက် ငွေကြေးလိုက်လံကောက်နေသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေသည်၊၊ “ကျွန်တော်တို့ရွာက တစ်အိမ်ကို ၁ သောင်းကျပ် ပိုက်ဆံပေးရင် စစ်မှုမထမ်းရတော့ဘူးပေါ့အဲ့လို ရွာသားတွေဆိုတော့ ထည့်ဆိုလည်းထည့်ပေးရတာပေါ့လေ အချို့အဆင်မပြေတဲ့သူတွေကျ…

စစ်ရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် စစ်ဘေးရှောင်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

ခမ်းသားငေါဝ်း မတ် ၂၊၈ ၂၀၂၄ စစ်ဘေးရှောင်ရင်း စားဝတ်နေရေး ခက်ခဲလာသဖြင့် ကောင်တောင်းရွိုရွာနေ ဖြားခွန်စိန်သည် ရွာပြန်ပြီး မိမိကိုယ်ကို အဆိပ်သောက် အဆုံးစီရင်ခဲ့ကြောင်း ရွာသားထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကောင်တောင်းရွိုရွာ ဖြားခွန်စိန်သည် မတ်လ တတိယပတ်အတွင်းတွင် စစ်ဘေးရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် မိမိကိုယ်ကို အဆိပ်ဆေးသောက်အဆုံးစီရင်ခဲ့သည်။ “သူက စစ်ဘေးရှောင်ရင်း ခက်ခဲနေလို့ ရွာပြန်ပြီး ပိုးသတ်ဆေးသောက်သေတာ။ တစ်ပတ်လောက်ရှိပြီ ရက်အတိကျတော့မသိဘူး”ဟု…

လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှုကြောင့် မတ်လအတွင်း အမျိုးသမီးသေဆုံးမှု ၆၁ ဦးထိရှိ

ခမ်းသားငေါဝ်း မတ် ၂၈၊ ၂၀၂၄ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှု ကြောင့် မတ်လအတွင်း မြန်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိသေဆုံးရသည့် အမျိုးသမီးအရေအတွက်ဖြစ်ပြီး အသက် ၁၈ နှစ်အောက်သေဆုံးသူ(၁၆)ဦးနှင့်…

စစ်ကောင်စီက စစ်ရေးရှုံးနိမ့်သည်ကို အာရုံလွဲရန် လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ပေါ်အောင်ကြိုးပမ်းနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၄ စစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်ရန်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၏ထုတ်ပြန်ချက်အရသိရသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကစစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် လူမျိုးရေး ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်လာအောင် ယခုရက်ပိုင်းအတွင်း ပိုမိုအားစိုက်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ကမတ်လ(၂၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် လူမျိုးရေးပဋိပက္ခများဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေ…

ပစ္စည်းပြန်ယူသည့် ဒေသခံနှစ်ဦးထံ PNO ပြည်သူ့စစ် က လေးလုံးထိုးကား၊ ဖုန်းနှင့် ငွေ ၄ သိန်း သိမ်းယူသွား

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၄ ဆီဆိုင်မြို့ထဲသို့ ပစ္စည်းပြန်ယူသည့် ဒေသခံများထံ PNO ပြည်သူ့စစ်က လေလုံးထိုးကားတစ်စီး၊ဖုန်းနှင့် ပိုက်ဆံ ၄ သိန်းကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မတ်လ ၂၃ ရက်နေ့က ပစ္စည်းပြန်ယူသည့် ဒေသခံများသည် ပစ္စည်းယူပြီး ပြန်ထွက်ချိန် ဆိုက်ခေါက်ကျေးရွာ အနောက်တောင်ဖက်၌ PNO ပြည်သူ့စစ်က စစ်ဆေးမှု ပြုလုပ်ပြီး…