Tag: ခမ်းသားငေါဝ်း

မြဝတီအမှတ်၂ ချစ်ကြည်ရေးတံတားအနီးတိုက်ပွဲပြင်းထန်၍ ပြည်သူများယနေ့ထိတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၂ချစ်ကြည် ရေးတံတားတွင် စစ်ကောင်စီတပ်နှင့် ကေအဲန်ယူပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်၍ ပြည်သူများက တံတားအနီးကနေမှ ဝေးဝေးရှောင်နိုင်ရန် ယနေ့ထိတိမ်းရှောင်နေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ည ၇ နာရီအချိန်တွင် စစ်ကောင်စီ၏ ခလရ ၂၇၅ မှ တပ်သား ၁၀၀ ကျော်လက်နက်မချပဲထွက်ပြေးရာမှ ကရင်ပူးပေါင်းတပ်က ဒရုန်းဖြင့်တိုက်ခိုက်ရာမှတစ်ဆင့်…

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူပိုမိုထွက်လာစေရန် PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းဖွင့်လှစ်

ဧပြီ ၂၁၊ ၂၀၂၄ ခမ်းသားငေါဝ်း နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSFL/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန် PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းကို ဧပြီလ ၂၀ ရက်ကဖွင့်လှစ်လိုက်ကြောင်းသိရသည်။ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၂)ကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် တစ်နေရာတွင် PSLF/TNLA က ဖွင့်လှစ်ပေးခဲ့…

ဆီဆိုင်မြို့နောင်သဲင်ရွာတွင် ရေသွားခပ်သည့် စစ်ရေရှောင် လူငယ်သုံးဦးပျောက်ဆုံးနေ

ခမ်းသားငေါဝ်း ဧပြီလ ၂၁၊၂၀၂၄ ဆီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စု နောင်ဆိုင်(သဲင်)ရွာနေ စစ်ရှောင်လူငယ်သုံးဦး ဧပြီ ၁၉ ရက်နေ့က ရေသွားခပ်စဥ်ပျောက်ဆုံးသွားကြောင်း မိသားစုများထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် တောထဲတစ်နေရာ စစ်ရှောင်နေသည့် နောင်ဆိုင်(သဲင်)ရွာ သားသည် ရေသွားခပ်ရန်ထွက်သွားစဥ် အဆက်သွယ်ပြတ်ပြီးပျောက်သွားကြောင်းသိရသည်။ “တောထဲစစ်ရှောင်ရင်း ရေမရှိလို့ ရေဆင်းခပ်တာ ခုချိန်ထိအဆက်သွယ်မရတော့ဘူး မိသားစုတွေကစိုးရိမ်နေပါတယ်”ဟု မိသားစုဖြစ်သူက ခမ်းသားငေါဝ်း ကိုပြောသည်။ ပျောက်သွားသည့်လူငယ်သုံးဦးသည် အသက်…

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဥ်းသား သုံးထောင်ကျော်တွင် နိုင်ငံရေးအကျဥ်းသာ ၁၀၀ သာပါရှိ

ခမ်းသားငေါဝ်း ဧပြီ ၁၉ ၊ ၂၀၂၄ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း အကျဥ်းချခံထားရသူ အကျဥ်းသား (၃၃၀၃) ဦးကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဥ်းသာ (၁၀၀) ဝန်းကျင်သာပါရှိကြောင်းသိရသည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာသူများအထဲ မှအများစုသည် လွတ်ရက်နီးနေပြီဖြစ်သည့် အကျဥ်းသားများဖြစ်ကြောင်း AAPP နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ ထို့အပြင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်သည် လွတ်မြောက် လာခဲ့သော်လည်း…

စစ်ကောင်စီတပ်သားတစ်ဦးက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန်ကြံစည်

ခမ်းသားငေါဝ်း ဧပြီ ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်မှ တပ်သားညီညီနိုင်သည် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူအမျိုးသမီးထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးအား ဧပြီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ပြီး ထိုအမျိုးသမီးက ထွက်ပြေးလွှတ်မြှောက်ခဲ့သည်။…

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် ကလေးမီးဖွားစဥ် ကလေးသေဆုံးသွား

ခမ်းသားငေါဝ်း ဧပြီ ၁၉၊ ၂၀၂၄ ဆောင်ဖိုးကျေးရွာသို့ ရောက်ရှိနေသည် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကျန်းမာရေးစောင်ရှောက်မှုမရသဖြင့် ကလေးမီးဖွားပြီး ကလေးသေဆုံးသွားခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကောင်မူးဗွာရွာနေ နန်းကြည်ဆွေသည် ကိုယ်ဝန်ဆောင်စဥ်ကတည်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိသဖြင့် ဧပြီလ ၁၅ ရက်နေ့တွင် ကလေးမီးဖွားပြီး ကလေးသေဆုံးခဲ့သည်။ “မွေးပြီး ဆရာမက သူ့ကလေးကို ပုတ်လဲ ကလေးကမအော်နေဘူး။ မနက် ၇ နာရီကမွေးတယ် ကလေးကမငိုဘူး…

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၈၄ ရက်အတွင်း အရပ်သားသေဆုံးသူ ၆၁ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၁၈ ၊ ၂၀၂၄ ရှမ်းတောင်တွင်တိုက်ပွဲဖြစ်ပွားပြီး ၈၄ ရက်အတွင်းအရပ်သား ၆၁ ဦးသေဆုံးခဲ့ရပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ ဧပြီ ၁၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ညောင်ရွှေမြို့နယ်တို့တွင် လက်နက်ကြီးထိမှန်ခြင်းကြောင့် ၁၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ အဖမ်းခံရပြီး သေဆုံးသူ…

ပင်လောင်းတောင်ဘက် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်ရာ မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေ

ခမ်းသားငေါဝ်း ဧပြီ ၁၈ ၊ ၂၀၂၄ ပင်လောင်းတောင်ဖက်ရှိကျေးရွာအချို့တွင် PNOပြည်သူ့စစ်ကဆက်ကြေးကောက်နေပြီး မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံထံက သိရသည်။ ဆက်ကြေးကောက်ရာတွင် PNO ပြည်သူ့စစ်က ရွာသူကြီးမှတစ်ဆင့်ကောက်ခိုင်းကာ မပေးလျှင် အထက်လူကြီးတိုင်ပြီး လာရောက်ဖြေရှင်းခိုင်းမည်ဟုဆိုကာ ဆက်ကြေးအတွက်သတ်မှတ်ထားသည့်နှုန်းအတိုင်း မပေးမနေရဟုခြိမ်းခြောက်မှုရှိနေသည်။ “သူတို့ကောက်ရင်ကောက်တဲ့အတိုင်း တစ်သိန်းဆိုရင်လည်း တစ်သိန်း အဲလိုပေါ့ မပေးမနေရပေးရမယ်တဲ့ ကျွန်မတို့ဆိုမရှိဘူးလေ အရမ်းအခက်အခဲဖြစ်တယ် ကုန်စျေးနှုန်းတွေက စျေးကြီးရတဲ့ကြား အမျိုးမျိုးပဲ မပေးရင်…

စစ်ကောင်စီက အကျဥ်းသားလွတ်ငြိမ်းချမ်းသာခွင့်ပြုလုပ်တိုင်း နိုင်ငံရေးအကျဥ်းသားများ ပါဝင်မှုနည်းပါး

ခမ်းသားငေါဝ်း ဧပြီ ၁၈၊ ၂၀၂၄ အာဏာသိမ်းပြီးယနေ့အချိန်ထိ ဝန်ကြီးအဆင့်အပါအဝင် နိုင်ငံရေး အကျဥ်းသား ၅၂ ဦးသာပြန်လည်လွတ်မြောက်ခဲ့ကြောင်း DVB နှင့် နိုင်ငံရေးအကျဥ်းသားကူညီရေးအသင်း AAPP တို့ပူးပေါင်းစီစဥ်တင်ဆက်မှုတွင်ဆိုထားသည်။ စစ်ကောင်စီဖက်က အာဏာသိမ်းပြီး ၃ နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် (၁၄)ကြိမ်ပြုလုပ်ခဲ့ရာ လွတ်မြောက်လာသူများ ၏ ၉၃ ရာခိုင်နှုန်းမှာ ရာဇဝတ်သားများဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား ၇ ရာခိုင်နှုန်းသာပါဝင်ကြောင်း AAPP…

ဧပြီလပထမပတ် ဆယ်ရက်အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၁၂) ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ ​ဧပြီလပထမပတ် ဆယ်ရက်အတွင်း နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင်သေဆုံးသူ ၁၂ ဦးထိရှိကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်၊၊ ဧပြီ ၁ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့ထိအမျိုးသမီး (၁၂)သေဆုံးပြီး၊ (၁၈) နှစ်အောက်မိန်းကလေး (၂) ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်း AAPP က ဧပြီလ ၁၁ ရက်နေ့တွင်…

You missed