Tag: ခမ်းသားငေါဝ်း

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ ၁၆၆ ဦးရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၂၅၊ ၂၀၂၄ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၆၆ ဦးထိရှိလာသည်ဟု ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအစင်း AAPP က ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း တော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃)ဦးရှိလာကာ မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ(၄၃)ဦး အပါအဝင် (၁၉၉)ဦးမှာ…

အောင်ပန်းမြို့တွင် ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းထပ်မံတွေ့ရှိ

ခမ်းသားငေါဝ်း ဧပြီ ၂၄ ၊ ၂၀၂၄ အောင်ပန်းမြို့တွင် အမည်မသိပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုထပ်မံ တွေ့ရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့ အနီး ကမ်းပါးနီးရွာနှင့် ညောင်ကုန်းရွာ ချောင်းအစပ်၌ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ” သက်ဆိုင်ရာရဲ့ ညွန်ကြားချက်ကြောင့် အလောင်းကို ဆေးရုံရောက်မှတွေ့ခွင့်ရတယ်၊ အလောင်းကရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ၊ မျက်နှာတွေမှာ…

ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၂၄၊ ၂၀၂၄ ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို PNO ပြည်သူစစ် ကောက်ခံခြင်း ခံရသလို စစ်ကောင်စီမှလည်း စစ်ကောက်ခံခြင်း ခံနေရသည့်အတွက် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရသည်ဟု ဒေသခံက ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် (ချို့ထီ)ဆတ်သေရွာ၊ (ဟမ်းဖြေင်း)မြေမဲရွာ၊ (ထီတဖြေ)ရေသပြေရွာ၊ ကောင်ထိုရွာ၊ မုဲင်းတွိုင်တမွူးရွာ၊ လုဲင်းလောင်းရွာရှိ အမျိုးသားများသည် အိမ်တိုင်းလိုလို စစ်ထဲဝင်ပြီး…

PNO ပြည်သူ့စစ်ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် စင်းတောင်းရွာသားများ အိမ်တွင်မအိပ်ရဲဘဲ တောထဲအိပ်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ PNO ​ပြည်သူ့စစ် ပေါ်တာဆွဲဖမ်းဆီးသဖြင့် စင်းတောင်းရွာ လူလတ်ပိုင်း အမျိုးသားများ အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲ သွားအိပ်နေရကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာတွင် ဧပြီလအတွင်း PNO ပြည်သူ့ စစ်က ရွာသားများအား ပေါ်တာဆွဲဖမ်းဆီးပြီး အလှည့်ကျဖြင့် တိုက်ပွဲဖြစ်ပွားရာရှေ့တန်းသို့ သွားခိုင်းသည့်အတွက် အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲအိပ်နေရသည်၊၊ “၁၅ ရက်…

မိုးဗြဲအခြေစိုက်ခလရ- ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင်တော်လှန်ရေးအင်အားစုမှ ရဲဘော် ၂၅ ဦးကျဆုံးဟုသိရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ရှမ်း- ကယားအစပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီတပ် ခလရ ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုတပ်မှ ရဲဘော် ၂၅ ဦးကျဆုံးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ စစ်ကောင်စီ၏ ၄၂၂ စခန်းကိုသိမ်းနိုင်ရန်ယနေ့အချိန်ထိ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရခြေထောက်ဆုံးရှုံးရသည့်ရဲဘော်များလည်း ၁၅ ဦးဝန်းကျင်ရှိကြောင်းဆိုသည်။ “တော်လှန်ရေးတပ်ဖွဲ့တော့ ထိခိုက်ဆုံးရှုံးမှုရှိတာကအမှန်ပါပဲဗျ စစ်ဆင်ရေးကလည်းမပြီးပြတ်သေးတဲ့အတွက် အသေးစိတ်အချက်အလက်ကိုတော့အတိ အကျမသိရသေးဘူး” KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ပြောဆိုခွင့်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

မြဝတီသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါဝင် ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဗိုလ်ကြီး(၁)ဦးအပါ (၆)ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားများအစည်းအရုံး(KNU) ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှ မြဝတီမြို့သို့ ဧပြီလ(၂၁)ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ဦးဆောင်ပြီး PDFပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီမှဗိုလ်ကြီးတစ်ဦး၊ ဗိုလ်လေးတစ်ဦးအပါ (၆)ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းကြားဖြတ်တိုက်ခိုက်ရာမှ စစ်ကောင်စီသံချပ်ကာယာဥ်(၁)စီး၊ စက်သေနတ်တပ်ဆင်ထားသည့် စစ်သုံးယာဥ်(၂)စီး၊…

လက်ရှိအာလူးဈေး ယခင်ထက်ဈေးကောင်းပိုမိုရရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသရှိ အာလူးဈေးသည် ယခင်ထက် ဈေးကောင်းရရှိလာသည်ဟု ဧပြီလ၂၃ ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ယခင်လတွင် အာလူးဈေး တစ်ပိဿာလျှင် ၂၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုလက်ရှိတွင် တစ်ပိဿာ ၂၅၀၀ နှင့် ၃၀၀၀ ကျပ်ဝန်းကျင်ရှိလာကြောင်းသိရသည်။ “တိုက်ပွဲအခြေအနေတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်ကုန်တော့ဒေသထွက်ကုန်အတော်များများဈေးကျဆင်းသွားတယ် အခုလိုဈေးကောင်းပြန်ရလာတော့တောင်သူတွေအတွက် အားတက်စရာဖြစ်စေတယ်” ဟုအာလူးစိုက်ပျိုး‌တောင်သူတစ်ဦးကပြောသည်။ နှစ်စတွင်အားလူးကိုပွဲရုံအထိရောင်းလျှင်တစ်ပိဿာတစ်ထောင်ကျော်…

ထိုင်းသို့သွားသည့် လူငယ်များ ခိုလမ်အရောက်တွင် RCSS မှဖမ်းဆီးပြီးတပ်သားသစ်အဖြင့်စုဆောင်းမှုရှိနေ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ထိုင်းနိုင်ငံသို့ထွက်သွားသည့်လူငယ်အချို့ရှမ်းပြည်နယ် ခိုလမ်မြို့ အရောက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ်စုဆောင်းခေါ်ယူနေကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်သူအချို့တွင် ပအိုဝ်းလူငယ်များလည်းပါဝင်နေပြီး ထိုင်းသို့မရောက်သွားဘဲ RCSS ၏ တပ်သားသစ်စုဆောင်းရာသို့ ရောက်ရှိသွားသည့်အတွက်မိသားစုများစိတ်ပူနေရကြောင်း သိရသည်။ “အရင်က စဖမ်းတုန်းက ရှမ်းလူမျိုးပဲဖမ်းဆီးခေါ်ဆောင်တယ် နောက်တော့ အခုက ပအိုဝ်းလည်းပါလာတော့အဆင်မပြေဘူး ဒါကိုပအိုဝ်းလူကြီးတွေဘာလို့မညှိနှိုင်းပေးတာလဲပေါ့နော်”ဟုအမည်မဖော်လိုသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ RCSS မှဖမ်းဆီးခေါ်ဆောင်ရာတွင်…

ရွာငံ မြင်းကျဒိုးရဲကင်းစခန်းကို ရွာငံ PDF က ဝင်ရောက်စီးနင်းတိုက်ခိုက်

ခမ်းသားငေါဝ်း ဧပြီ၂၁၊ ၂၀၂၄ ရွာငံ မန္တလေး အဝေးပြေးလမ်းမပေါ် မြင်းကျဒိုးရဲကင်းစခန်းကို ဧပြီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီ က ရွာငံ PDF(JPRF)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးရဲကင်းကို ရွာငံPDF(JPRF)ကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်က ၃ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း JPRF ထုတ်ပြန်ချက်အရ…

ကောင်ပန်းတင်အုပ်စုရှိဒေသခံများ ထိုင်းသွားသော်လည်း ဆက်ကြေးကိုအရစ်ကျသိန်းချီပေးနေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ဆီဆိုင်မြို့နယ် ကောင်ပန်းတင်ကျေးရွာအုပ်စုအ တွင်းတွင် PNOပြည်သူ့စစ်အဖွဲ့က ထိုင်းနိုင်ငံသို့ထွက်သွားသည့်ဒေသခံများထံကို အရစ်ကျဖြင့် ဆက်ကြေးသိန်းချီကောက်ခံနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသအရှေ့ဘက်ရှိ ကောင်ပန်းတင်အုပ်စုအတွင်းထိုင်းသွားသည့်ရွာခံများကို စစ်ယူနီဖောင်းအတွက်ဟုဆိုပြီးဧပြီလ၂၃ရက်(တန်ခူးလပြည့်နေ့)မှစတင်၍ အရစ်ကျဖြင့် လစဥ်ကြေးထည့်ပေးနေရကြောင်းဆိုသည်။ “ထိုင်းသွားတဲ့သူကလည်းထည့်ရမယ်တဲ့ တစ်ယောက်ဆို ၅သိန်း အဲ့ဒါတစ်နှစ်စာပေါ့ တကယ်လို့လင်မယားနှစ်ယောက်စလုံးထိုင်းသွားရင် အမျိုးသမီးအတွက် ၂သိန်း၊အမျိုးသားက ၅သိန်း၊အိမ်ကရွာမှာရှိရင် အိမ်အတွက် ၁ သိန်းစုပေါင်း ၈ သိန်းပေါ့အဲ့လိုမျိုး…

You missed