Tag: ခမ်းသားငေါဝ်း

PNO ပြည်သူ့စစ်က ‌ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဆက်ကြေးကောက်ခံခြင်းကြောင့် ကျောက်တန်းရွာသားများအခက်အခဲဖြစ်

ခမ်းသားငေါဝ်း မေ ၁၃ ၊ ၂၀၂၄ ဟိုပုံးမြို့နယ် ကျောက်တန်းရွာတွင် PNO ပြည်သူ့စစ်က ‌ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေသည့်အတွက် ကျောက်တန်း‌ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ကျောက်တန်း ဒေသတွင် PNOပြည်သူ့စစ်က ‌ဘက်ဟိုး /ကုန်တင်ကားကြီးတစ်စီးလျှင် ၁ သိန်း၊ကုန်စုံ ဆိုင်ငယ် ၅ သောင်း၊ စတိုးဆိုင်ဆိုင်ကြီး ၁ သိန်း၊ အိမ်သုံးကားတစ်စီးလျှင်…

MNDAA ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်သား ၄၁ ဦးကို လမ်းစရိတ်ပေးပြီးပြန်လွှတ်

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ တိုက်ပွဲအတွင်း MNDAAက ဖမ်းဆီးထားမိသည့် စစ်ကောင်စီတပ်သား ၄၁ ဦးကို လမ်းစရိတ်ပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း မေလ ၁၂ ရက်နေ့ MNDAA ၏ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားမေလ ၁၀ ရက်နေ့တွင်ပြန်လွှတ်ပေးခြင်းဖြစ်ပြီး ဖမ်းဆီးမိသူ ၁၀၀ ကျော်မှ ယခု…

လက်ထုတ္တောရွာတွင် စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် လက်နက်ကြီးကြောင့် သေဆုံးသူ ၃၂ ဦးရှိဟု NUG ထုတ်ပြန်

ခမ်းသားငေါဝ်း မေ ၁၃ ၊ ၂၀၂၄ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် လက်နက်ကြီးကြောင့် သေဆုံးသူ ၃၂ ဦးရှိကြောင်း မေလ ၁၂ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရသိရသည်၊၊ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာအား မေ ၉ ရက်တွင် စစ်ကောင်စီက ပိတ်ဆို့ပြီး လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း ဘုန်းကြီးကျောင်းတွင်ပုန်းနေသူများ အစုလိုက်အပြုံလိုက်ပစ်သတ်ခြင်းကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင်…

ရှမ်းတောင်တိုက်ပွဲ ၃ လကျော်အတွင်း အရပ်သား ၆၉ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် ၁၁၂ ရက်အတွင်းတွင် အရပ်သား ၆၉ ဦး သေဆုံးပြီး ၉၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူများသည်စစ်ကောင်စီဘက် လက်နက် ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်မှုနှင့် အဖမ်းခံရပြီးနောက် သေဆုံးသွားခြင်းတို့အများဆုံးဖြစ်ပြီး စစ်ရှောင်ရင်း ပစ်ခတ်ခံရခြင်း၊ စစ်ဆေးရေးဂိတ်တို့တွင် ပစ်ခတ်ခံရခြင်းတို့ကြောင့် သေဆုံးရသည်ဟု…

သတ်ဖြတ်ခံခဲ့ရသည် ခွန်ဇာခွန်၏ ကားကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့က ခြိမ်းခြောက်သိမ်းယူ

ခမ်းသားငေါဝ်း မေ ၁၂၊ ၂၀၂၄ သတ်ဖြတ်ခြင်းခံရသည့် ခွန်ဇာခွန်၏ (Canter) အမျိုးအစား ကားကို PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က မိသားစုဝင်များထံ ခြိမ်းခြောက်ပြီး သိမ်းဆည်း ယူ​ဆောင်သွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာနေ ခွန်ဇာခွန်သည် သတ်ဖြတ်ခြင်းခံခဲ့ရပြီးမတ်လ ၁၁ ရက်နေ့ တွင် PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က ခွန်ဇာခွန်ပိုင်သည့်ကားကို PNLO မှထောက်ပံ့ထားသည်ဟုစွပ်စွဲပြီး မိသားစုဝင်းများထံ…

နန်းတုတ်ရွာတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၃ လုံးပျက်စီး

ခမ်းသားငေါဝ်း မေ ၁၂ ၊ ၂၀၂၄ နန်းတုတ်ရွာထဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာထဲ မေလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်လာခဲ့ခြင်းကြောင့် လူနေအိမ်များပျက်စီးခဲ့ရသည်။ “လူထိခိုက်မှုမရှိဘူး။ အိမ်သုံးလုံးနဲ့ မီးတိုင်တွေပျက်စီးသွားတယ်။ရွာသားတွေတော့ ခုရှောင်ရပြီ”ဟု ရွာခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ ထိုအပြင် မေလ…

ဆိုက်ခေါင်အရှေ့ဘက်ရွာတွင် PNO ပြည်သူ့စစ်က တစ်ရွာလူ ၅ ဦး စစ်ကြောင်းလိုက်ခိုင်းဟုဆို

ခမ်းသားငေါဝ်း မေ ၁၁၊၂၀၂၄ ဆိုက်ခေါင်အရှေ့ဘက်ရှိ ကျေးရွာခံများကို PNO ပြည်သူ့စစ်အဖွဲ့က အစည်းအဝေးခေါ်ပြီး တစ်ရွာလျှင် ၅ဦးစီ စစ်ကြောင်းလိုက်ခိုင်းနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသအရှေ့ဘက်ရှိကျေးရွာအချို့ကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့က အစည်းအဝေးခေါ်ပြီး တစ်ရွာလျှင် ၅ဦးစီဖြင့် PNO၏ စစ်ကြောင်းကိုလိုက်သွားရမည်ဖြစ်သလို ကျေးရွာရောက်လာသည့်စစ်သားကိုလည်းထမင်းထုပ်ပို့ပေးရကြောင်းဆိုသည်။ “အစည်းအဝေးခေါ်တယ် လွယ်ပွတ်မှာ တစ်ရွာ ၅ ယောက် PNO…

ကရင်နီပြည်တွင် အများပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးဖောက်ထွင်းခိုးယူဖြတ်ရောင်းခြင်းကျူးလွန်ပါက အရေးယူမည်ဟုဆို

ခမ်းသားငေါဝ်း မေလ ၁၁၊ ၂၀၂၄ ကရင်နီပြည်တွင် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူ ဖြုတ်ရောင်းခြင်းများ နှင့် ဝယ်ယူခြင်းများမပြုလုပ်ရန် နှင့် ကျူးလွန်ပါက မည်သူမဆို ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က မေလ ၁၀ ရက်နေ့တွင် အမိန့်စာထုတ်ပြန်ထားသည်။ ဤထုတ်ပြန်ချက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည်…

မြန်မာနိုင်ငံ ခရိုနီတစ်ဦးဖြစ်သည့် ဦးနေဝင်းထွန်းကို PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ရာထူး တင်မြောက်

ခမ်းသားငေါဝ်း မေလ ၁၁၊ ၂၀၂၄ PNO၏စီးပွားရေးတာဝန်ခံ မြန်မာနိုင်ငံ ခရိုနီတစ်ဦးဖြစ်သည့် ဦးနေဝင်းထွန်းကို PNO ပြည်သူ့စစ် စစ်ကော်မတီ က PNO ပြည်သူ့စစ်၏ဒုစစ်ဦးစီးချုပ်ရာထူးအဖြစ်တင်မြောက် လိုက်ကြောင်း သိရသည်။ ဦးနေဝင်းထွန်း၏ မူလရာထူးသည် စစ်ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး တပ်ရင်း(၄)ကို ဉီးဆောင်သူတစ်ဉီးဖြစ်ကာ ဆီဆိုင်တိုက်ပွဲတွင် စစ်ကောင်စီ၏ခိုင်းစေမှုအရ ကိုယ်တိုင်ရှေ့တန်းထွက်ပြီး လွယ်ထွယ်ရွာတိုက်ပွဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ‘’နေဝင်းထွန်းက ဘာအမျိုးသားရေး၊ ဘာနိုင်ငံရေးမှမရှိဘဲ…

နောင်ရင်းရွာ တက်ကြွလူငယ်နှစ်ဦးအား PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ညင်းပန်းနိက်စက် ပစ်သတ်​ခဲ့ကြောင်းသိရ

ခမ်းသားငေါဝ်း မေ ၁၁ ၊ ၂၀၂၄ နောင်ရင်းရွာမှတက်ကြွ လူငယ်နှစ်ဦးအား PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ပြောစရာရှိ၍ တွေ့ကြရအောင်ဟုဆိုကာ ခေါ်ဆောင်သွားပြီးအမျိုးမျိုးညင်းပန်းနိက်စက် ပစ်သတ်ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်းရင်းရွာမှ တက်ကြွလှုပ်ရှားသူလူငယ် ခွန်ဇာခွန်နှင် ခွန်ပလွန်တို့အားဒလန်ဟုစွပ်စွဲ PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ခေါ်ဆောင်သွားပြီး နောင်ရင်းရွာတောင်ဘက် နောင်ယွေးရွာအဝင်အနီးတွင် ဒလန်ဟုစွပ်စွဲကာ…