Tag: ခမ်းသားငေါဝ်း

နောင်ချိုမြို့တွင်စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သော ကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ “ဒေသခံတွေကတော့ အများကြီးပဲစစ်ရှောင်နေရတယ်၊ သူတို့အတွက်အဓိကတော့ စားနပ်ရိက္ခာတွေပေါ့နော်၊ အလှူရှင်တွေလည်းလိုအပ်နေတယ်၊ အခုကမိုးတွင်းလည်းရောက်လာပြီဆိုတော့ ခြင်တွေပေါလာတော့မှာ ခြင်ထောင်တွေလည်းလိုအပ်တာပေါ့၊…

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် အဖက်ဖက်နှင့်တွေ့ဆုံဆွေးနွေးမည်ဟု RCSS ဆို

ခမ်းသားငေါဝ်း မေ၂၁၊ ၂၀၂၄ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် RCSS သည် အဖက်ဖက်နှင့်တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မေလ(၂၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။ အုပ်ချုပ်ရေးစနစ်များပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည် အဖက်ဖက်နှင့် တွေ့ဆုံဆွေးနွေးကာ ကြိုးပမ်းသွားမည်ဟု မေလ(၂၁)ရက်နေ့တွင်ကျရောက်သည့် (၆၆)နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့ တွင်ထုတ်ပြန်ပြောဆိုထားသည်။ မတရားမှုများကို‌တော်လှန်ရာ၌ ရှမ်းပြည်နယ်ရှိပြည်သူလူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန် ရေးဆင်နွဲရာတွင် ရှမ်းပြည်လူထုများလည်း ပူးပေါင်းပါဝင်ဆင်နွဲကြရန်လည်း တိုက်တွန်းထားသည်။…

ဆောင်လန်စစ်ဘေးရှောင်စခန်းတွင် မိုးကြီးလေပြင်း တိုက်ခတ်ခြင်းကြောင့် စစ်ဘေးရှောင်တဲ ၄ လုံးပျက်စီီး

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ ဆောင်လန်စစ်ဘေးရှောင်စခန်းတွင် မိုးကြီးလေပြင်းတိုက်ကြောင့် စစ်ဘေးရှောင်တဲ ၄ လုံး ပျက်စီးခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်ရှိ ဆောင်လန်စစ်ရှောင်စခန်းတွင် မေလ၂၁ ရက်နေ့က မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်တဲ ၄ လုံးပျက်စီးခဲ့ရကြောင်း သိရသည်။ “လေကအရမ်းပြင်းတယ်။ လေတွေ တဲကိုသမလိုလိုတောင်ဖြစ်သွားတယ်။ ပျက်စီးသွားတဲ့တဲတော့ပြန်ပြင်ပြီး မိုးကာတော့ တိပ်နဲ့ဘဲ ဖာပြီး…

ဝင်ငွေမရှိဘဲ စစ်ရှောင်နေရချိန် ဆက်ကြေးမကြာခနကောက်ခံလာခြင်းကြောင့် ဒေသခံများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ ဝင်ငွေမရှိဘဲ စစ်ရှောင်နေရချိန် ဟိုပုံးမြို့နယ် မဲနယ်တောင်‌ဒေသတွင် PNO ပြည်သူ့စစ်က ဆက်ကြေးမကြာခနကောက်ခံလာခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ‌သည်ဟု ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တကြောရှိ ရွာများတွင် PNO ပြည်သူ့စစ်က လုံခြုံရေး အတွက်ဟုဆိုကာ ဆက်ကြေးများမကြာခနကောက်ခံနေပြီး တိုက်ပွဲကြောင့်စစ်ရှောင်နေခဲ့ရ၍ ပြန်လည်ထူထောင်မှုများပြုလုပ်နေရသည့် အခြေအနေကြောင့် ဝင်ငွေမရှိသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြောင်း သိရသည်။…

ယမ်းထောင်းရင်းမတော်တဆ ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သူ နောက်တစ်ဦးထပ်မံသေဆုံး

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲ မှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူနောက်တစ်ဦးထပ်မံသေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မီးလုံးပြုလုပ်ရာမှ ယမ်းပေါက်ကွဲ မှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူ နောက်တစ်ဦးသည် မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ထပ်မံသေဆုံးသွားသည်။…

လက်နက်ကိုင်အဖွဲ့မှ ရိုက်နှက်​ခြင်း ခံခဲ့ရသည့်အမျိုးသမီး ဆေးကုသရန် အခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ နေအိမ်ပြန်စဉ် လက်နက်ကိုင်အဖွဲနှင့်တိုး၍ရိုက်နက်စစ်ဆေးခံခဲ့ရသည့်ဆီဆိုင်မြို့ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဆေးကုသရန် အခက်ခဲရှိနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးသည် မတ်လအတွင်းက အိမ်ပြန်လာစဉ် PNO ပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေးအဖွဲ့များတို့နှင့်တွေ့ဆုံခဲ့၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ၏ ရိုက်နှက်ခြင်းခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “အိမ်ပြန်လာတာ PNO နဲ့တွေ့တယ်…

ပင်လောင်းတောင်ဘက်ရှိ စစ်ဘေးရှောင်စခန်းများကျန်းမာ‌ရေးစောင့်‌ရှောက်မှုနှင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၂၀၊ ၂၀၂၄ ပင်လောင်းတောင်ဘက်ရှိ စစ်ဘေးရှောင်စခန်းများတွင်စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပင်လောင်းတောင်ဘက်ရှိ သစ်ပင်ကောက်၊လွယ်ဖွီး၊ပင်စုံ၊လွယ်ကျိုင်း၊ကုန်းပေါ၊ ဟိုဝိုး၊ ဒေါပေါ်ကလဲ၊ ဆောင်းလန်၊ဗန်း‌မောက်စသည့်စစ်ရှောင်စခန်းများတွင်အလုပ်အကိုင်ရှားပါးလာပြီး စားနပ်ရိက္ခာအပြင် ဆေးခန်းများမရှိသည့်အတွက် ကျန်းမားရေးစောင့်ရှောက်မှုများ လိုအပ်နေသည်။ “စစ်ရှောင်‌တွေက အကူအညီမရတာလည်းတော်တော်ကြာပြီ အများစုက နေ့စားအပေါ်မှာပဲမူတည်ကြရတော့ အလုပ်ကလည်းရှားတော့အဆင်မပြေကြဘူး ကျွန်တာ်ရတဲ့အကူအညီကလည်းနဲတော့ သိပ်မထိရောက်ဘူး စားနပ်ရိက္ခာအဓိက ဆန်၊ဆီ၊ဆားတွေအရမ်းလိုအပ်တယ် ဆေးခန်းလည်းမရှိတော့ဖျားနာတဲ့အချိန်အရမ်းခက်ခဲတယ် အထူးသ‌ဖြင့်ခ‌လေးတွေပေါ့”ဟု…

ပင်လောင်း-ပေါင်းလောင်း-နေပြည်တော် ပြည်ထောင်စုလမ်းမကြီး စစ်ကောင်စီပြန်ဖွင့်

ခမ်းသားငေါဝ်း မေ ၂၀၊ ၂၀၂၄ ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်ပြည်ထောင်စု လမ်းမကြီးသည် စစ်ကောင်စီ ပြန်လည် ဖွင့် ပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်း ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်လမ်းမကြီးအား မေလ၂ ရက်နေ့တွင် စစ်ကောင်စီက စတင်ပိတ်ထားခဲ့ပြီး နှစ်ပတ်ကြာပြီးနောက် မေလ ၁၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “ခုပြန်ဖွင့်ပြီ လမ်းပေါ်တော့ ဂိတ်တွေ တိုးဖွင့်လာတာရှိတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

အောင်ပန်းတွင် ဆိုင်ကယ်နှင့် တွဲကားချိတ်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံး၊ တွဲကားမောင်းပြေးသွား

ခမ်းသားငေါဝ်း မေ ၂၀၊ ၂၀၂၄ အောင်ပန်းမြို့တွင် ဆိုင်ကယ်နှင့် တွဲကားချိတ်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးသွားပြီး၊ တွဲကားမှာ ဆက်လက်မောင်းပြေးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ အထွက် ကပရ ရုံးရှေ့အနီး လမ်းမ၌ မေလ ၁၈ ရက်နေ့ည ၄ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ် နှင့် ကားချိတ်မိ၍ ဆိုင်ကယ်မောင်းသူမှာ သေဆုံးသွားခဲ့ပြီး တွဲကားမှာ…

ရှမ်းတောင် (SSPDF)၊ အမှတ် (၁၀၀၅) တပ်ရင်းအနေဖြင့် တော်လှန်ရေး ပိုအားစိုက်သွားမည်ဟုဆို

ခမ်းသားငေါဝ်း မေလ၁၉၊ ၂၀၂၄ ကျဆုံးခဲ့သည့်ရဲဘော်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် (SSPDF)၊ အမှတ် (၁၀၀၅) တပ်ရင်းအနေနဲ့ တော်လှန်ရေး ပိုအားစိုက်သွားမည်ဟုပြောဆိုလိုက်သည်။ ကရင်နီပြည်နယ်အတွင်းရှိ စစ်မျက်နှာပြင်တွင် မေလ ၁၅ ရက်နေ့ ၌ တိုက်ပွဲဝင်နေစဥ်အတွင်းကျဆုံးသွားသော ရဲဘော် ၃ ဦးအတွက် စျာပနာအခမ်းအနားပြုလုပ်ပေးခဲ့ကြောင်း SSPDF (၁၀၀၅) တပ်ရင်းက မေလ ၁၇ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ ”…