Tag: ခမ်းသားငေါဝ်း

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကုန်းဆွတ်ရွာ ကလေးငယ်တစ်ဦးသေဆုံးပြီး နေအိမ်မီးလောင်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း မေလ ၂၄၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်းဆွတ်ရွာနေ အသက် ၅ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးထိ ခိုက်သေဆုံးသွားကြောင့် ဒေသခံထံမှသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာ အုပ်စု ကုန်းဆွတ်ရွာတွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ကလေးတစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူလည်းရှိပြီး နေအိမ်မီးလောင်မှုလည်း ဖြစ်ပွားခဲ့သည်။ ‘’အိမ်တွေလည်း မီးလောင်တာတွေတွေ့ရတယ်၊…

စေ့စပ်ကြောင်းလမ်းရန်သွားသည့် ကား မတော်တဆတိမ်းမှောက်မှုဖြစ်ပြီး ၄ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၂၃၊ ၂၀၂၄ ပင်လောင်းမှ ဟိုးပုံးမြို့နယ် ကျောက်တန်းရွာသို့ စေ့စပ်ကြောင်းလမ်းရန် သွားသည့်ကားတစ်စီးမတော်တဆ တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်ပါ လူ ၄ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်တဖြေရွာ နေသူများသည် မေလ၂၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ ကျောက်တန်းရွာသို့ ဇနီး စေ့စပ်ကြောင်း လမ်းရန်သွားစဥ် မဲနယ်တောင်ရွာသစ်လမ်းခွဲထိပ်အရောက်တွင် ကားချော်ပြီး…

ဘုရားဖြူနယ်မြေ(၂)တွင် ပြည်သူ့စစ်အတွက် ဒေသခံများ ထမင်းဟင်းပို့ပေးနေရဟုဆို

ခမ်းသားငေါဝ်း မေ ၂၃၊ ၂၀၂၄ တောင်ကြီးမြို့ ဘုရားဖြူနယ်မြေ(၂)တွင် PNOပြည်သူ့စစ် အတွက်ဟုဆိုပြီး ထမင်းဟင်းများထုပ်ပို့ပေးနေရကြောင်း ဒေသခံထံကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဘုရားဖြူနယ်မြေ(၂) တွင် PNOပြည်သူ့စစ်များအတွက် တစ်အိမ်လျှင် ထမင်းဟင်း တစ်ထုပ်နှင့်အထက် အောင်ချမ်းသာဓမ္မရုံသို့ ပို့ပေးနေရသည်။ “ပို့ပေးရတာ ဒီနေ့နဲ့ဆို ၄ ရက် ၅ ရက်လောက်ရှိပြီ အစစအရာအရာစျေးကြီးနေပါတယ်ဆို သူတို့ကတစ်မျိုး တစ်ရက်တစ်ထုပ်နှစ်ထုပ်ဆိုတော့ ဘာဟင်းချက်ရမယ်မှန်းတောင်မသိတော့ဘူး…

သုံးရက်အတွင်းမိုးဆက်တိုက်ရွာသွန်းနိုင်ပြီး ရေဘေး၊ မြေပြိုဘေးသတိပြုရန် NUG ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေး

ခမ်းသားငေါဝ်း မေ ၂၃၊ ၂၀၂၃ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် သုံးရက်အတွင်းမိုးဆက်တိုက်သွန်းနိုင်ပြီး ရေဘေး၊ မြေပြိုဘေးသတိပြုရန် (NUG)က မေလ(၂၂)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသတို့တွင် မေလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးကြီးနိုင်ပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေဘေး၊ မြေပြိုဘေးများအား သတိထားသင့်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ လူချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုထားသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တမီးလ်နာဒူးကမ်းခြေအနီးတွင်…

ဖမ်းဆီးခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင်ထီဗွာ ရွာသား ၉ ဦး ပြန်လွှတ်ပေး

ခမ်းသားငေါဝ်း မေ ၂၃ ၊ ၂၀၂၄ ထီဗွာရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် တစ်ဦး ရွာသား ၉ ဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပြန်လည် လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ထီဗွာရွာ ဒေသခံ ၉ ဦးအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က မေလ ၇…

အောင်ပန်းတွင် တစ်ရက်တည်းယာဥ်တိုက်မှုနှစ်ခုဖြစ်ပွား

ခမ်းသားငေါဝ်း မေလ ၂၃၊ ၂၀၂၄ အောင်ပန်းမြို့တွင် မေလ ၂၂ ရက်နေ့ တစ်ရက်တည်း ယဥ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် မေလ ၂၂ ရက်နေ့ နေ့လည် ၁၁ ခွဲအချိန်တွင် အောင်ပန်းမြို့ မိုးကောင်းရပ်ကွက်နေ မအင်(ပြည်ကျော်)လမ်းလျောက်နေစဥ် အမည်မသိကားတိုက်သွားရာ ကားမောင်းပြေးသွားပြီး ည ၈ နာအချိန်တွင် ရွာသစ်ရပ်ကွက် မြတ်မနောရှေ့အနီး…

လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသားများလုံလောက်သော အဟာရဓာတ်မရရှိခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်နေ

ခမ်းသားငေါဝ်း မေ ၂၂၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသားများ လုံလောက်သည့် အဟာရဓာတ်မရရှိခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဥ်းသားများကွန်ရက် (PPNM) က မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ကရင်နီပြည်၊ လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား များအပါအဝင် အကျဥ်းသား ၄၀၀ ကျော်အကျဥ်းချခံထားရဆဲ ဖြစ်ပြီး ထောင်ဝင်စာ ပါဆယ် ပို့ဆောင်မှုကို စစ်ကောင်စီက ပိတ်ပင်ထားသောကြောင့်…

နောင်ကတူးရွာတွင် မိုးကြီးလေပြင်းတိုက်ခြင်းကြောင့် စိုက်ခင်းအချို့နှင့်နေအိမ် ၃ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း မေ ၂၂၊ ၂၀၂၄ ပင်လောင်းမြို့နယ် နောင်ကတူးရွာတွင်မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် စိုက်ခင်းအချို့နှင့် နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ နောင်ကတူးရွာတွင် မေလ၂၁ ရက်နေ့က မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် လမ်း၊ စိုက်ခင်းအချို့နှင့် လူနေအိမ်ပျက်စီးခဲ့သည်။ “လမ်းတွေ ၊ရွာနားက စိုက်ခင်းတစ်ချို့ ပျက်စီးတယ်။အိမ်သုံးလုံးပျက်စီးတယ်။ ကျန်အိမ်တွေတော့…

SSPP/ SSA နယ်မြေတွင်မိခင်ဘာသာစကားကို အသုံးပြုသည့် သင်ရိုးညွန်းတန်းအသစ် အသုံးပြုတော့မည်ဟုဆို

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သည့် တိုင်း ရင်းသားလူငယ်များ၏ပညာရေးတိုး တက်ဖို့အတွက်မိခင်ဘာသာစကားကို အခြေခံသည့် (MTB-Mother Tongue-Based) သင်ရိုးညွန်းတန်းအသစ်ကို ဒီနှစ်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်၊၊ မိခင်ဘာသာစကားကို အသုံးပြုသော သင်ရိုးဖြစ်သောကြောင့် သင်ကြားရေးတွင် ပိုမိုလွယ်ကူ ထိရောက်ကြောင်း၊ ကလေးတွေရဲ့ နားလည်းမူစွမ်းရည်နဲ့တွေးခေါ်နိုင်မှုစွမ်းရည်ပါ မြင့်မား တိုးတက်လာမည် ဖြစ် ကြောင်း SSPP/SSA ပညာရေး…

ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦးအထိတိုးလာ

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦး အထိတိုးလာသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ပင်လောင်းတိုက်ပွဲ ရက်ပေါင်း(၁၁၉)ရက်အတွင်းတွင် အရပ်သားထိခိုက်ဒဏ်ရာရသူ ၉၈ ဦးအထိရှိနေပြီး ယင်းအထဲမှ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂၂…