Tag: ခမ်းသားငေါဝ်း

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ နောင်ကျောဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းပျက်စီး

ခမ်းသားငေါဝ်း မေ ၂၈ ၊ ၂၀၂၄ စစ်‌ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ကျောဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းထိမှန်ပျက်စီးခဲ့သည်ဟု မေလ(၂၈)ရက်နေ့က ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နောင်ကျော‌ရွာဘုန်းကြီး ကျောင်း၌ မေလ(၂၇)ရက်နေ့နံနက်က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သိမ်ကျောင်းထိမှန်ပျက်စီးခဲ့သည်။ “ဗမာစစ်သားကလက်နက်ကြီး ထပ်ပစ်လာတာ၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ သိမ်ကျောင်းတော့ထိသွားပြီ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ လက်ရှိတွင် ဆီဆိုင်မြို့နယ်ရှိ နောင်သဲင်၊ နောင်ကျော၊ ကောင်ဝိန်တန်၊…

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၇၅ ဦးအထိရှိလာ

ခမ်းသားငေါဝ်း မေ ၂၈၊ ၂၀၂၄ ရှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၁၂၆ ရက်အတွင်းတွင် အရပ်သား ၇၅ ဦးသေဆုံးပြီး ၉၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က မေလ ၂၈ ရက်ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်း၊ဟိုပုံး၊ညောင်ရွှေ၊ဆီဆိုင် တိုက်ပွဲအတွင်းသေဆုံးမှုသူများသည် လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးထိမှန်ခြင်း၊ အဖမ်းခံရပြီး သေဆုံစခြင်းတို့အများဆုံးဖြစ်ပြီး တစ်ခြား သေဆုံးမှုလည်းပါဝင်ကြောင်း သိရသည်။ “မြေပြင်တိုက်ပွဲတည်ငြိမ်ပေမယ့်လည်း…

ရပ်​စောက်မြို့နယ်အတွင်း မတ်လကုန်မှ မေလအထိ RCSS က ၆ ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း SSPP ပြောဆို

ခမ်းသားငေါဝ်း မေ ၂၇ ၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း သွားလာလုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့အား ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS မှမတ်လကုန်မှ မေလအထိ ခြုံခိုတိုက်ခိုက်မှု(၆)ကြိမ် ရှိကြောင်း SSPP က မေလ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ RCSS ဖက်က မိုင်းဆွဲတိုက် ခိုက်ခြင်း ၊ ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခြင်းအား…

အောင်ပန်းတွင် ရိုးရာမီးလုံးပွဲ ပြုလုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး တစ်ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၂၇ ၊ ၂၀၂၄ အောင်ပန်းတွင် ရိုးရာမီးလုံးပွဲ ပြုလုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အောင်ပန်းမြို့ခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အမှတ် ၃ နယ်မြေ ၉ တွင်မေလ၂၅ ရက်နေ့က ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရကာ ဆေးရုံတွင်ဆေးကုသမှုခံယူနေစဥ်မေလ ၂၆ ရက်တွင် တစ်ဦးသေဆုံးခဲ့သည်။…

ကလော၊ရေယားရွာအနီးတွင် တွဲကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး

ခမ်းသားငေါဝ်း မေ ၂၇ ၊ ၂၀၂၄ ကလောမြို့ ရေယားရွာအနီးတွင် တွဲကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်သူက သေဆုံးသွားခဲ့ကြောင်း ကူညီပေးသူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေယားကျေးရွာ ရွှေရေယားစားသောက်ဆိုင်အနီး မေလ၂၆ ရက် ည ၇ နာရီကျော်တွင် ဆိုင်ကယ်နှင့်တွဲကားတိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံးသွားခဲ့သည်။ “ဆိုင်ကယ်မောင်းသူက သေဆုံးသွားတယ်။ဆိုင်ကယ်လည်းပျက်စီးသွားတယ် ကားတော့တွဲကားဆိုတော့ဘားမှမဖြစ်ဘူး။”ဟု ပါဝင်ကူညီပေးနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ သေဆုံးသွားသောသူသည် အောင်ပန်းမြို့…

ပင်လောင်းတောင်ဖက် စစ်သင်တန်းပေးရာတွင်ကျောင်းသားများလည်းပါဝင်နေရ

ခမ်းသားငေါဝ်း မေ ၂၆၊ ၂၀၂၄ ပင်လောင်းတောင်ဖက်တွင် ကျောင်းသားများကိုလည်း စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊လိန်းညာကျေးအုပ်စုတွင် ဟိုပုံးကိုရင်လေးစစ်သားနှင့်PNO ပြည်သူ့စစ်တို့က ပူးပေါင်းပြီး စစ်သင်တန်းပေးရာတွင် ကျောင်းသားများကိုလည်း အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းနေသည်။ “အသက် ၁၈ နှစ်နဲ့ ၄၀ ကြားအမျိုးသားအကုန် သွားတက်ရတယ်။ နောက်ပြီးဆယ်တန်းနဲ့ Grade11,12 ကျောင်း သားလည်း အများကြီးပါဝင်တယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့က ဖမ်းဆီး

ခမ်းသားငေါဝ်း မေလ ၂၅ ၊ ၂၀၂၄ နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့ကပြန်ပေးဆွဲဖမ်းဆီးပြီး ယခုထိပြန်မလွတ်သေးကြောင်း PNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ်က မေလ၂၂ ရက်နေ့က ကျေးရွာ၏ သင်္ချိုင်းကုန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွား သည်။ “ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။…

နောင်ကျောရွာသားတစ်ဦး ဝယ်ယူစုထားသည့် အိမ်သုံးလုံးစာ အိမ်ဆောက်ပစ္စည်း စစ်ကောင်စီတပ်သားသိမ်းယူ

ခမ်းသားငေါဝ်း မေလ ၂၄ ၊ ၂၀၂၄ နောင်ကျောရွာသားတစ်ဦး အနှစ်နှစ်အလလကြာ ဝယ်ယူစုထားသည့် အိမ်ဆောက်ပစ္စည်းအိမ်သုံးလုံးစာကို မေလ ၂၂ ရက်နေ့က စစ်ကောင်စီတပ် သိမ်းယူသယ်ဆောင်သွားလိုက်ကြောင်း ကာယံကံရှင်ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နောင်ကျောကျေးရွာအုပ်စု နောင်ကျောရွာထဲတွင် သမီးနှစ်ယောက်အတွက် နေအိမ်းဆောက်လုပ်နိုင်ရန်နှင့် မိမိနေအိမ်ဆောက် လုပ်ရန်အတွက် အိမ်အောက်တွင်ရှိသည့် အိမ်ဆောက်ပစ္စည်းကိုလည်းစစ်ကောင်စီတပ် သယ်ထုတ်သွားသည်ကိုဒေသခံက တွေ့ခဲ့ရသည်ဟု ပြောဆိုသည်။ “ဆောက်လုပ်ဖို့ပဲ ကျန်တယ် အားလုံးပြည့်စုံပြီပေါ့၊…

ဆိုင်ကယ်မောင်းနေစဥ် သွေးတိုးတက် မှောက်လဲမှုအောင်ပန်းတွင်ဖြစ်ပွား

ခမ်းသားငေါဝ်း မေလ၂၄၊ ၂၀၂၄ ဆိုင်ကယ်မောင်းနေစဥ် သွေးတိုးတက် ပြီးဆိုင်ကယ်မှောက်လဲမှု အောင်ပန်းမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ မေလ ၂၃ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန်က အောင်ပန်းမြို့ လက်မပင်ရပ်ကွက်နေ ကိုမင်းဆိုသူသည် ဆိုင်ကယ်မောင်းရင်း သွေးတိုးတက်ကာ ဆိုင်ကယ်မှောက်ဖြစ်ပွားခဲ့ သည်။ “သူကဆိုင်ကယ်မောင်းရင်းသွေးတိုးတက်တော့ ဆိုင်ကယ်မှောက်သွားတယ် ခေါင်းနဲ့ ရိုက်မိပြီး ဦးခေါင်းဒဏ်ရာရရှိသွားတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း…

ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်၊ အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း မေလ၂၄၊ ၂၀၂၄ ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် AA က အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်း ဆင်းပွဲကို မေလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ရေး၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်၊ အာရက္ခတပ်တော် AA၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်းဆင်းပွဲ…