ပင်လောင်းဒေသတွင် စက်သုံးဆီအကန့်အသတ်ဖြင့်သာရောင်းချပေးနေဟုဆို
ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ပင်လောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များကဆီကိုအကန့်အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်ဟု ဒေသခံတစ်ဦးကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်အထက်ပိုမရောင်းပေးဘဲ ကားတစ်စီးလျှင်သုံးသောင်းကျပ်အထိသာ အကန့်အသတ်ဖြင့်ရောင်းချပေးနေသည်။ “ပိုက်ဆံရှိလည်းဝယ်ထားလို့မရဘူး ကိုယ်လိုရင်လိုသလောက်မရဘူး သိုလှောင်ထားတဲ့ဆီတွေတော့ရှိတယ်ထင်တယ် ဒေါ်လာစျေးတက်တော့ဆီစျေးတွေလည်းတက်လာမှာရော အဲအချိန်ကျဆိုင်တွေကသူတို့ပြန်ယူရင် စျေးအရမ်းကြီးမှာကြောက်လို့ ဆီကို အကန့်အသတ်နဲ့ပဲရောင်းပေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပင်လောင်းမြို့တွင် စက်သုံးဆီပြတ်လပ်နေသည့်အချိန်လည်းရှိနေပြီး မိမိလိုသလောက်ထည့်မရသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြောင်း သိရသည်။…