Tag: ခမ်းသားငေါဝ်း

စစ်ကောင်စီဒရုန်းနှင့်လာပစ်ခတ်ခြင်းကြောင့် လွယ်ကျိုင်းဘုန်းကြီးကျောင်းရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ၃ နာရီအချိန်တွင် ဒရုန်းနှင့်လာပစ်ခတ်ခြင်းကြောင့် လွယ်ကျိုင်းဘုန်းကြီးကျောင်းရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ လွယ်ကျိုင်းရွာတွင် စစ်ကောင်စီက လွယ်ကျိုင်းဘုန်းကြီးကျောင်းတွင် ဒရုန်းလာပစ်ခတ်ခြင်းကြောင့် ဦးဇင်းအရှင်နေမိန္တ(လောဝ်ခမ်း) အသက် ၃၉ နှစ်ပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊ ”ဦးဇင်းရဲ့အလောင်းကို အရှေ့ဘက်ကမ်းလွယ်ပေါရွာမှာ…

လက်ဖက်စျေးကျဆင်းသည့်အတွက်ကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဇွန် ၂၀ ၊ ၂၀၂၄ လက်ဖက်စျေးများ ယခင်ထက် စျေးကျလာသည့်အတွက် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် လက်ဖက်ခြောက်သည် ယခင်က တစ်ပိဿာလျှင် ၁ သောင်းကျော်ရသော်လည်း ယခုတွင် တစ်ပိဿာတစ် ၈၀၀၀ ကျပ်အထိသာရရှိနေပြီး အခြေခံစားသုံးကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် လက်ဖက်စိုက်တောင်သူများ အခက်ခဲကြုံတွေ့နေကြောင်းသိရပါသည်။ “ကျွန်မတို့ဒေသဆိုရင် ခုချိန်လက်ဖက်ပဲထွက်တယ် မိုးရာသီလည်းဖြစ်တော့ လှမ်းရတာအခက်အခဲဖြစ်တယ် စျေးကလည်း…

တောင်ကြီးမြို့တွင် အိမ်ငှားခ စျေးမြှင့်တက်သည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များ အခက်အခဲရှိနေ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်ငှားခ စျေးမြှင့်တက်လာသည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များအခက်အခဲရှိနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် အိမ်ငှားခယခင်ထက် စျေးများစွာမြှင့်တက်လာသည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များ သတ်မှတ်ထားသည့်စျေးအတိုင်း မတတ်နိုင်ကြသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်းသိရသည်။ “အရင်တုန်းက အဆောင်ငှားနေရင် တစ်ယောက်ခန်းဆိုရင် ၃ သောင်းခွဲ ၄ သောင်းရသေးတယ် ခုက ၅…

စစ်ကောင်စီ စုကလိစစ်ဆင်‌ရေးခြေကုတ်စခန်းကို KNLAပူး‌ပေါင်းအဖွဲ့များက အပြီးသိမ်းပိုက်

ခမ်းသားငေါဝ်း ဇွန် ၂၀ ၊ ၂၀၂၄ မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို ဇွန်လ(၁၈)ရက်နေ့၌ KNLAနှင့် ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်ထားသည်ဟု Kawthoolei Todayက ဇွန်လ(၁၉)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။ ကရင်ပြည်နယ်၊ ကော်သူးလေရာမတီးမြို့(မြဝတီ) တောင်ဘက်ရှိ ၎င်းစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းမှစကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ပြီး အပြီးသိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ထိုးစစ်ဆင်တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်ဘက်မှ ဝေါလေ…

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသည့်ကုန်သွယ်ရေးစခန်းများ ရပ်တန့်မှု ၈ လနီးပါးကြာမြင့်လာ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသောကုန်သွယ်ရေးစခန်းများသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းကတည်း ရပ်တန့်နေသည်မှာ ၈ လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်း ISP-Myanmar ကထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိရာ အရေးပါသောကုန်သွယ်ရေးစခန်းကြီး ၆ ခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကထိန်းချုပ်ထားပြီး ကျန် ၁၁ ခုကိုစစ်ကောင်စီကထိန်းချုပ်ထားကြောင်းသိရသည်။ စစ်ကောင်စီထိန်းချုပ်သည့် ကုန်သွယ်ရေးစခန်း ၃ ခုမှာကုန်သွယ်ရေးရပ်ဆိုင်းနေပြီး ကျန်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့် မူလတန်းကျောင်းသားနှစ်ဦးနှင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မိုးဦးရွာ မူလတန်းကျောင်းသားများဖြစ်သည့် မအေးနှင့် မောင်ဖိုးသောကြာတို့ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နမ်းဖာမူရွာနေ ဦးဒေါင့်လည်း ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်နောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဖက် နမ်းဖာမူ၊ မိုးဦးရွာဘက်တစ်ကြောတွင်ဇွန်လ ၁၉ ရက်နေ့အချိန် စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် ဒေသခံနှင့် ကျောင်းသားများထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊ “မိုးဦးကညနေ ၃ နာရီဝန်းကျင်မှာ…

လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီး၌ ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် PNLA နှင့်တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၃…

စစ်ကောင်စီလက်နက်ကြီးကျပြီး ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးကျပြီး ဆောင်လန်စစ်ရှောင်စခန်းရှိ ကလေးငယ်နှစ်ဦးနှင့် ဗန်းမောက်ရွာခံအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ရွာနှင့် ဆောင်လန်ရွာတို့တွင် ယနေ့မနက်ပိုင်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် စစ်ရှောင်ကလေးငယ်နှစ်ဦးနှင့် ရွာခံအပါအဝင်သုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “စစ်ရှောင်ကလေးငယ်တစ်ဦးက ပါးထိတယ်။ဒဏ်ရာကအရမ်းပြင်းနေတော့ သူအသက်ရှုကြပ်နေတယ်။ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်။နောက်ဗန်းမောက်ရွာခံတစ်ဦးကျ ခြေထောက်က လက်နက်ကြီးအစထုတ်မရဘူး…

အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပြီးအမျိုးသားတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားသည်ဟု နီးစပ်သူထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် လုံးခြင်းကျေးရွာခွန်နေဝင်းသည် တနွိုင်လာရွာနေ သူငယ်ချင်းနှင့်အတူ အောင်ပန်းတွင်ကျောင်းပြောင်းလက်မှတ်ယူပြီးပြန်လာစဥ် ဆိုင်ကယ်နှင့်ကားတိုက်မှုကြောင့် ဇွန်လ ၁၇ ရက်နေ့ ၄ နာရီအချိန်တွင်ခွန်နေဝင်းသေဆုံးသွားသည်၊၊ ”အောင်ပန်းမြို့မှာ သူ့သူငယ်ချင်းနဲ့ကျောင်းပြောင်းလက်မှတ်သွားယူရင်း ပြန်လာချိန် မထင်မှတ်ဘဲဖစ်သွားတယ်”ဟု နီးစပ်သူ သူငယ်ချင်းက ပြောသည်၊၊…

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း၊နောင်ချို့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း TNLA က ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆမ္မဆယ် ရွာဘက်သို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းရှိရာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဇွန်လ…