Tag: ခမ်းသားငေါဝ်း

နောင်ရင်းရွာ အမျိုးသမီးတစ်ဦး မိုင်းနင်းမိရာခြေထောက်တစ်ဖက်ပြတ်သွားပြီး ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၆၊ ၂၀၂၄ နောင်ရင်းရွာအမျိုးသမီးတစ်ဦး မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက်ပြတ်သွားပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ နောင်ရင်းရွာနေ နန်းထားထားရီသည် ဇွန်လ ၁၃ ရက်က ထိုင်းနိုင်ငံရှိ အစ်မဖြစ်သူနှင့် ဖုန်းပြောရန် ဖုန်းလိုင်းရှာစဥ် ရွာပြင်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားသည့်အပြင် မျက်လုံးနှင့် ခန္ဓာကိုယ်တစ်ခုလုံး မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ “သူ့ဒဏ်ရာက ပြင်းထန်တယ်။ခုတော့…

စစ်အာဏာရှင် မှန်သမျှအမြစ်ပြတ်တိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု PNLA ပြောဆို

ခမ်းသားငေါဝ်း ဇွန်လ ၁၅၊၂၀၂၄ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် ဘဝတူ ညီနောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတွင် ဆက်လက်ပါဝင်လက်တွဲသွားမည်ဟု တပ်တည်ထောင်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားတွင်ပြောဆိုလိုက်သည်။ ” ကျွန်တော်တို့ရဲ့မူလ ရည်မှန်းချက်ဖြစ်တဲ့၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတွင် ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကို ပြောသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တည်ထောင်ခြင်း…

မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်လိုက်ပြီး ဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၂၀၀ ကျော်သေဆုံး

ခမ်းသားငေါဝ်း ဇွန်လ ၁၅၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကိုဇွန်လ ဒုတိယပါတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် AA ကဇွန်လ ၁၄ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ မောင်တောမြို့နယ်အတွင်းရှိ နခခ ၄ တပ်ရင်းငှာနချုပ်နှင့် အလယ်သံကျော်စခန်းတို့ကို ဇွန်လ ၁၀ ရက်နေ့ တွင်လည်းကောင်း၊ မောရဝတီဗျူဟာနှင့် နခေါင်းတိုစခန်းတို့အား ဇွန်လ ၁၃ ရက်နေ့တွင်လည်းကောင်း…

မိုးဗြဲ‌ရေ ကာတာကို စစ်ကောင်စီက ထိန်းချုပ်ထာထားသဖြင့် ပြည်သူများရေ မရဘဲ လယ်စိုက်ရန်အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၄ မိုးဗြဲ‌ရေကာတာကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်သည့်အတွက် ပြည်သူများရေမရဘဲ လယ်စိုက်ပျိုးရန်အခက်အခဲဖြစ် နေ ရကြောင်းသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲ ရေကာ တာကို စစ်ကောင်စီက ထိန်းချုပ်ထား‌နေပြီး ဒေသခံများ၏လယ်ယာတွင်ရေမရရှိဘဲ လယ်ယာစိုက်ပျိုးခြင်းလည်းမပြုရကြောင်းသိရသည်။ “သူတို့ရေမဖွင့်‌ပေး တော့ လယ်မစိုက်ရတော့ဘူး လယ်မစိုက်ရတော့ ပြောင်းတွေပဲ‌စိုက်ရတယ် ပြောင်းစျေးက အဲလောက်မရဘူးလေ ခုဆိုဆန်ကလည်း တစ်အိတ်တစ်သိန်းကျော်တောင် တကယ်လို့…

နောင်ချိုတွင်စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးပြင်းထန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက် ပိုင်း၊နောင်ချို့မြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း PSLF/TNLA ကထုတ်ပြန်ထားသည်။ အုမ္မတီးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီမှ ၁၂ နာရီအထိ သုံးဆယ်ကျေးရွာဘက်ကို လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသား…

တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီနှင့်ရဲများက VPN အကြာင်းပြပြီး ပြည်သူများထံ ငွေညှစ်မှုရှိနေ

ခမ်းသားငေါဝ်း ဇွန် ၁၄၊ ၂၀၂၄ တောင်ကြီးမြီု့တွင် စစ်ကောင်စီနှင့်ရဲများက VPN အကြောင်းပြပြီး ဇွန် ၁၃ ရက်က ပြည်သူများထံ ငွေညှစ်ခြင်းများရှိနေကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အိုးရှင်း(စင်တာ)ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ဖုန်းစစ်ဆေးခြင်းများပြုလုပ်ပြီး VPN တွေ့ရှိသူများထံ ငွေတောင်းခံခြင်း၊ ငွေညစ်ခြင်းပြုလုပ်ခဲ့သည်၊၊ ”ဆိုင်ကယ်ဦးထုပ်ကို ကြည့်ဖမ်းပြီး ဖုန်းစစ်တယ် VPN မိရင် ပိုက်ဆံ၂…

မဲနယ်တောင်ဘက်တွင် တိုက်ပွဲပြန်ဖြစ်မည်ကိုစိုးရိမ်ပြီး နှစ်ရှည်ပင်ထက် အမြန်ရိပ်သိမ်းနိုင်မည့် သီးနှံများစိုက်ပျိုး

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ မဲနယ်တောင်ဒေသတွင် တိုက်ပွဲနောက်တစ်ကြိမ်ဖြစ်ပွားမည်ကိုစိုးရိမ်သည့်အတွက် နှစ်ရှည်ပင်ထက်အမြန်ရိတ်သိမ်းနိုင်မည့် သီးနှံပင်များအား စိုက်ပျိုးထားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသတွင် နောက်တစ်ကြိမ်တိုက်ပွဲပြန်ဖြစ်လာမည်ကိုစိုးရိမ်သည့်အတွက် နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီ၊ ဘိန်း၊ လက်ဖက်၊ သနပ်ဖက်များကို မစိုက်ပျိုးကြတော့ဘဲ မိသားစုစားဝတ်နေရေးအတွက် အလွယ်တကူစားသုံးလို့ရမည့်ဟင်းသီးဟင်းရွက်နှင့်စပါး၊ ပြောင်းတွေကိုသာအဓိကထားပြီးစိုက်ပျိုးခဲ့ကြောင်းသိရသည်။ “နောက်တစ်ကြိမ် တိုက်ပွဲပြန်ဖြစ်မှာကို စိုးရမ်တယ်ပေါ့နော်၊ဒါကြောင့်နှစ်ရှည်ပင်တွေကို မစိုက်ပျိုးတော့ဘဲနဲ့နှစ်ရှည်ပင်အစား အလွယ်တကူစားသုံးလို့ရမဲ့ဟာကိုပဲ ပိုပြီးစိုက်ဖြစ်တယ်…

မိုးများပြီးဂေါ်ဖီထုပ်များ ပျက်စီးကုန်သည့်အတွက် စျေးနှုန်းအဆမတန် မြှင့်တက်နေ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ယခုရက်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းသည့်အတွက် ဂေါ်ဖီခင်းများပျက်စီးကုန်ပြီး ဂေါ်ဖီထုပ်များ အဆမတန်စျေးမြှင့်တက်နေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဂေါ်ဖီထုပ်စိုက်သည့်ဒေသများတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဂေါ်ဖီထုပ်များပျက်စီးကုန်ပြီး ရှားပါးလာသည့်အတွက် စျေးတက်နေသည်။ “မိုးအရမ်းရွာတော့ ပျက်စီးကုန်တယ် စိုက်တာသိပ်မဖြစ်ဘူး တစ်ခြံဆိုနည်းနည်းပဲရတော့ စျေးတက်ကုန်တာ”ဟု ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။ ပြီးခဲ့သည့်ဧပြီလတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၂၀၀ ကျပ်၊ ၃၀၀ကျပ်၊ ၄၀၀ကျပ်အထိသာရှိနေပြီး…

စစ်ကောင်စီ၏ လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ဇွန်လအတွင်း ပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေလယ်ခထွီခရိုင်အတွင်း၌ ဇွန်လအတွင်း စစ်ကောင်စီ၏လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ ထုတ်ပြန်ထားသည်။ ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိတ်ခါးကုန်းကျေးရွာနေ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ ပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ထွနီကုန်းကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့်…

ရွှေစျေး၊ဒေါ်လာစျေးပြန်ကျသော်လည်း စားသုံးကုန်စျေးဆက်လက်မြှင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇွန် ၁၃ ၊ ၂၀၂၄ ရွှေစျေးနှင့်ဒေါ်လာစျေးပြန်ကျသော်လည်း အခြေခံစားသောက်ကုန်များစျေးဆက်လက်မြှင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစား ပြည်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မေလက ရွှေစျေးနှင့် နိုင်ငံခြားငွေလဲနှုန်းအဆမတန်မြှင့်တက်ခဲ့ပြီး အခြေခံစားသုံးကုန်များလည်း စျေးမြှင့်တက်ခဲ့ကာ ယခုတွင် ရွှေစျေးများ ပြန်လည်ကျဆင်းသော်လည်း အခြေခံစားသုံးကုန်စျေးနှုန်းများ ဆက်လက်မြှင့်တက်နေခြင်းကြောင့် ‌အခြေခံလူတန်းစားပြည်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေသည်၊၊ “စျေးနှုန်းတွေက ကိုယ်ရတဲ့လစာနဲ့မကိုက်တော့ဘူး ဝင်ငွေနဲ့ထွက်ငွေကလုံးဝမညီမျှတော့ဘူး ဖရုံရွက်တောင်တစ်စီးငါးရာ အသားငါးတွေမစားနိုင်လို့အသီးအရွက်တွေဝယ်စားပါတယ်ဆို အသီးအရွက်တွေပါစျေးတက်ကုန်တော့…