Tag: ခမ်းသားငေါဝ်း

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းနေထန်ပြီး ဒေသခံများစွာပိတ်မိနေ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဒေသခံများစွာပိတ်မိ နေကြောင်းဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းဖာမူ၊ နောင်ဝိုး ၊ဗန်းမောက် ၊ ကုန်းပေါ၊ လဲလောင်းရွာ အနီးတစ်ဝိုက်တွင် ယနေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။ “မနေ့ကလက်နက်ကြီးဘဲပစ်တာ ဒီနေကျတစ်နေကုန် တိုက်နေကြတယ်။ မထွက်နိုင်တဲ့လူလည်းအများကြီးရှိတယ်။…

ညိုးမှီးဂိတ်တွင် ယာဥ်လိုင်စင်အကြောင်းပြပြီး VPNစစ်ဆေးမှုပြုလုပ်ကာ ငွေညစ်တောင်းယူနေ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ တောင်ကြီးမြို့တောင်ဘက်ရှိ ညိုးမှီးဂိတ်တွင် ယာဥ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်အကြောင်းပြပြီး VPNစစ်ဆေးမှုပြုလုပ်ကာ ငွေညစ်တောင်းယူမှုရှိနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးပြောဆိုချက်အရ ဇွန်လ(၁၈)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တောင်ဘက်ရှိ ညိုးမှီးလမ်းဆုံဂိတ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူထံ ယာဥ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်အကြောင်းပြပြီး ဖုန်းထဲ၌ VPN စစ်ဆေးမှုပြုလုပ်ပြီးနောက် ဖုန်းထဲတွင် VPN တွေ့သဖြင့် ငွေတစ်သိန်း ခြောက်သောင်း ဒဏ်ငွေပေးဆောင်ခဲ့ရသည်။ “ကျွန်တော်တို့အဲ့ဂိတ်နားရောက်တော့…

ဟင်းသီးဟင်းရွက်ရှာစဥ် မြေမြုပ်မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့၌ အမျိုးသမီး ၁ ဦး ဟင်းသီးဟင်းရွက်ရှာစဥ်မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း TNLA ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် မန်တောက်ကျေးရွာရှိ အသက် ၃၄ နှစ်အရွယ် ယာအီဆေးဆိုသူသည် စစ်ကောင်စီတပ်စခန်းဟောင်းဖြစ်သည့် (၁၃၀) တပ်စခန်းနေရာအနီးတွင် ဟင်းသီးဟင်းရွက်ရှာနေစဥ် မြေမြုပ်နိုင်းနင်းမိ၍ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်းသိရသည်။…

မောင်တောမြို့အား ရခိုင့်တပ်တော် AA ကထိုးစစ်ဆင်တိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများကို အသိပေးချက်ထုတ်ပြန်

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အား ရခိုင့်တပ်တော် AA ကထိုးစစ်ဆင်တိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများ မြို့တွင်းမှထွက်ခွါရန် ဇွန်လ ၁၆ ရက်တွင် သသိပေးချက်ထုတ်ပြန်ထားသည်၊၊ မောင်တောဒေသခံပြည်သူလူထုတို့၏အသက်အန္တရာယ်ကိုစိုးရိမ်သည့်အတွက်ကြောင့် မောင်တောမြို့နယ်ရှိသများ ဇွန်လ(၁၆)ရက်၊ည(၉)နာရီအချိန်မှစတင်ပြီးမောင်တောမြို့အတွင်းမှအမြန်ဆုံးချက်ချင်းထွက်ခွာကြရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှအလေးအနက်အသိပေးခြင်းဖြစ်ကြောင်း ဆိုထားသည်။ စစ်ကောင်စီသည်မောင်တောမြို့အား ၎င်းတို့၏စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်‌ဆင်ရေးကိုပြုလုပ်ရန်ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ကျန်စခန်းများအားလုံးကိုAAမှဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဟုဆိုသည်၊၊ မြို့သူမြို့သားများအနေဖြင့်စစ်ကောင်စီ၏လမ်းမ၊အိမ်များအတွင်းမှခုခံစစ်ပြင်ထားသည့်နေရာများ၊တိုက်အဆောက်အအုံများပေါ်ရှိစနိုက်ပါပစ်ရန်ပြုလုပ်ထားသောနေရာများနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများတွင်အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန်သတိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ဘင်္ဂလားပင်လယ်အော်နှင့်အပြိုင်တည်ရှိနေသောမောင်တောမြို့နယ်ရှိစစ်ကောင်စီ၏စခန်းများအားလုံးနီးပါးအားအာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်၍အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင်မောင်တောမြို့နှင့်မောင်တောပတ်ဝန်းကျင်ရှိစစ်ကောင်စီ၏လက်ကျန်စခန်းများအားလုံးကိုလည်းဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ PPV0010

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးပေါင်းသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ အိမ်တွင်းရေးပြသနာကြောင့် ပွေးလှရွှေကုန်းရွှာနေ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး ပေါင်းသတ်ဆေးသောက်ပြီး မိမိကိုယ်ကိုအဆုံးစီရင်ရန် ကြံစည်ခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပွေးလှရွှေကုန်းရွှာနေအသက် ၁၅ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် အိမ်တွင်းရေးပြသနာကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် ပေါင်းသတ်ဆေးသောက်ခဲ့ကြောင်း သိရသည်၊၊ ”ကျွန်တော်တို့သိရသလောက်တော့ အိမ်တွင်းရေးပြသနာကြောင့်ပေါ့နော် အောင်ပန်းဆေးရုံကနေတောင်ကြီးဆေးရုံကိုပို့ပေးခဲ့တယ်”ဟု အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်၊၊…

မိုးရေနှင့်မျောပါလာသည့်စစ်ကောင်စီတပ်အလောင်းများ တော်လှန်ရေးတပ်ဖွဲ့သင်္ဂြိုလ်ပေး

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ညောင်လေးပင် ရွာအနီးတိုက်ပွဲအတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများ ၃ လကျော်သည့်အထိ လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင်း မိုးရွာသည့်အခါ လမ်းပေါ်နှင့်ပြောင်းခြံများထဲထိ မျောပါလာကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ညောင်လေးပင်ရွာ၊ ရေပူရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် မတ်လတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသည့် စစ်ကောင်စီတပ်သားအလောင်းများကို လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင့် ယခုလ မိုးကြီးသည့်အခါ ချောင်းထဲမြောင်းထဲရှိ ယင်းအလောင်းများ ရေထဲမျောပါလာပြီး တော်လှန်ရေးတပ်ဖွဲ့များက သင်္ဂြိုလ်ပေးခဲ့သည်၊၊…

ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ ဒေသခံကားများကို ချောဆွဲမှုရှိနေ

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ဒေသခံကားများကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားနေသည့် ဒေသနှင့် ရှမ်း-ကယား နယ်စပ်တို့တွင် ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ဒေသခံများ စစ်ရှောင်ရာကနေမှပြန်လာပြီးနောက်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒေသခံများကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်နေသည့် ရှမ်းကယားနယ်စပ်ဒေသသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားခြင်းများရှိနေကြောင်း သိရသည်။…

အင်းလေးကန်အနောက်ဘက်ခြမ်းလုံကန်ကျေးရွာတွင် PNO ပြည်သူ့စစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၆၏ ၂၀၂၄ ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဘက်ခြမ်း လုံကန်ကျေးရွာရှိ PNO ပြည့်သူ့စစ်ဂိတ် ဇွန်လ ၁၅ ရက် မနက် ၈ နာရီအချိန်တွင် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ခြမ်း လုံကန်ကျေးရွာအနီးနမ့်ဟူးလမ်းဆုံတွင်ဦးခွန်ဇော် ဦးဆောင်သည့် PNO ပြည်သူ့စစ်ဂိတ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် PNO…

နယ်စပ်ဒေသရှိ သူရိယစန္တာ ပအိုဝ်းအမျိုးသားအထက်တန်းကျောင်းဖွင့်ပွဲကျင်းပ

ခမ်းသားငေါဝ်း ဇွန် ၁၆၊ ၂၀၂၄ အခက်အခဲများကြားမှ ဖွင့်ထားသည့် ထိုင်းမြန်မာနယ်စပ်ရှိ သူရိယစန္တာ ပအိုဝ်းအမျိုးသားအထက်တန်းကျောင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် ကျောင်းဖွင့်ပွဲကျင်းပခဲ့ခဲ့ကြောင်း သိရသည်။ သူရိယစန္တာပအိုဝ်းအမျိုးသားအထက်တန်းကျောင်းအား ပအိုဝ်းအမျိုးသားပညာရေးအတွက် ပအိုဝ်းကျောင်းသားနှင့်လူငယ်များကွန်ဂရက်(စ်) (PSYC)မှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်ကျောင်းသားကျောင်းသူ ၂၃ ဦးလာရောက်ပညာသင်ကြားကြကြောင်း သိရသည်။ “ကလေးတွေအတွက် ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးကအစ တာဝန်ယူပေးရတော့ မြေပြင်မှာဦးဆောင်လုပ်ရတဲ့သူတွေအတွက် အခက်အခဲတွေအများကြီးရှိတယ်…

နီပွန်ဖောင်ဒေးရှင်းမှတဆင့် စစ်ဘေးရှောင်အတွက် လှူဒါန်းသည့်ဆန်များ ဆီဆိုင်စစ်ဘေးရှောင်များ မရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၁၆၊ ၂၀၂၄ ဆီဆိုင်မြို့တိုက်ပွဲကြောင့် အနယ်နယ်အရပ်ရပ်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှု ဖြင့် နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီခဲ့သော်လည်း ဆီဆိုင်မြို့ဒေသခံ အများစု မရရှိခဲ့ကြောင်း ဒေသခံများ ထံသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ဖြားခွန်ဥက္ကာ ဦးဆောင်ပြီး နီပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်(၃၃၀၀) ကို ရှမ်းတောင်ရှိစစ်ဘေးရှောင်ပြည်သူများ လှူဒါန်းခဲ့ကြောင်း သတင်းများထွက်ရှိသော်လည်း မြေပြင်စစ်ရှောင်များထံ ရောက်ရှိခြင်းမရှိကြောင်းသိရသည်။…