Tag: ခမ်းသားငေါဝ်း

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသည့်ကုန်သွယ်ရေးစခန်းများ ရပ်တန့်မှု ၈ လနီးပါးကြာမြင့်လာ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသောကုန်သွယ်ရေးစခန်းများသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းကတည်း ရပ်တန့်နေသည်မှာ ၈ လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်း ISP-Myanmar ကထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိရာ အရေးပါသောကုန်သွယ်ရေးစခန်းကြီး ၆ ခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကထိန်းချုပ်ထားပြီး ကျန် ၁၁ ခုကိုစစ်ကောင်စီကထိန်းချုပ်ထားကြောင်းသိရသည်။ စစ်ကောင်စီထိန်းချုပ်သည့် ကုန်သွယ်ရေးစခန်း ၃ ခုမှာကုန်သွယ်ရေးရပ်ဆိုင်းနေပြီး ကျန်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့် မူလတန်းကျောင်းသားနှစ်ဦးနှင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မိုးဦးရွာ မူလတန်းကျောင်းသားများဖြစ်သည့် မအေးနှင့် မောင်ဖိုးသောကြာတို့ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နမ်းဖာမူရွာနေ ဦးဒေါင့်လည်း ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်နောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဖက် နမ်းဖာမူ၊ မိုးဦးရွာဘက်တစ်ကြောတွင်ဇွန်လ ၁၉ ရက်နေ့အချိန် စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် ဒေသခံနှင့် ကျောင်းသားများထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊ “မိုးဦးကညနေ ၃ နာရီဝန်းကျင်မှာ…

လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီး၌ ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် PNLA နှင့်တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၃…

စစ်ကောင်စီလက်နက်ကြီးကျပြီး ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးကျပြီး ဆောင်လန်စစ်ရှောင်စခန်းရှိ ကလေးငယ်နှစ်ဦးနှင့် ဗန်းမောက်ရွာခံအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ရွာနှင့် ဆောင်လန်ရွာတို့တွင် ယနေ့မနက်ပိုင်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် စစ်ရှောင်ကလေးငယ်နှစ်ဦးနှင့် ရွာခံအပါအဝင်သုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “စစ်ရှောင်ကလေးငယ်တစ်ဦးက ပါးထိတယ်။ဒဏ်ရာကအရမ်းပြင်းနေတော့ သူအသက်ရှုကြပ်နေတယ်။ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်။နောက်ဗန်းမောက်ရွာခံတစ်ဦးကျ ခြေထောက်က လက်နက်ကြီးအစထုတ်မရဘူး…

အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပြီးအမျိုးသားတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားသည်ဟု နီးစပ်သူထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် လုံးခြင်းကျေးရွာခွန်နေဝင်းသည် တနွိုင်လာရွာနေ သူငယ်ချင်းနှင့်အတူ အောင်ပန်းတွင်ကျောင်းပြောင်းလက်မှတ်ယူပြီးပြန်လာစဥ် ဆိုင်ကယ်နှင့်ကားတိုက်မှုကြောင့် ဇွန်လ ၁၇ ရက်နေ့ ၄ နာရီအချိန်တွင်ခွန်နေဝင်းသေဆုံးသွားသည်၊၊ ”အောင်ပန်းမြို့မှာ သူ့သူငယ်ချင်းနဲ့ကျောင်းပြောင်းလက်မှတ်သွားယူရင်း ပြန်လာချိန် မထင်မှတ်ဘဲဖစ်သွားတယ်”ဟု နီးစပ်သူ သူငယ်ချင်းက ပြောသည်၊၊…

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း၊နောင်ချို့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း TNLA က ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆမ္မဆယ် ရွာဘက်သို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းရှိရာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဇွန်လ…

တီကျစ်ဒေသ ဘုရားဖြူအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့အပြိုင် ပြည်သူ့စစ်တပ်သားကောက်ယူ မှုပြုလုပ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၁၈၊ ၂၀၂၃ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့အပြိုင် ပြည်သူ့စစ်ကောက်ယူမှုကြောင့် ဒေသခံများအခက်ခဲဖြစ်နေရကြောင်း ဒေသခံထံတွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုရှိ ကျေးရွာများတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ပြည်သူများကိုအစည်းအဝေး ပြုလုပ်ပြီး တပ်သားအပြိုင် ကောက်ယူခဲ့ကြသည်။ ‘’ဗမာစစ်တပ်ဘက်လည်း သွားရမယ်။ ပြည်သူ့စစ်ဘက်ကလည်း သွာရမယ်ဆိုတော့…

ပင်လောင်း ၊ နောင်တရားမှထွက်ရှိသည့် အာလူးများစျေးမရှိသည့်အတွက် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ ပင်လောင်း၊နောင်တရားတွင် ထွက်ရှိသည့်အာလူးများ စျေးမရှိသည့်အတွက် စိုက်ပျိုးသည့် တောင်သူများအခက်အခဲဖြစ်နေကြောင်း အာလူးစိုက်တောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း ၊ နောင်တရားတွင် ယခုရက်ပိုင်း အခြားကုန်စိမ်းစျေးနှုန်းများအဆမတန်စျေးတက်နေသော်လည်း အာလူးစျေးမရှိသည့်အတွက် အာလူးစိုက်တောင်သူများ ကုန်ကျသည့်အရင်းနှင့်တွက်ခြေမကိုက်ပဲ အခက်ခဲဖြစ်နေသည်။ “ပန်းဂေါ်ဖီထုပ်တစ်ထုပ်ဆိုရင် ၃၀၀၀ ကျပ် ၄၀၀၀ ကျပ်အထိရှိနေပြီ အာလူးကျတော့စျေးနည်းနည်းပဲတက်တယ် မြေသြဇာစျေးကလည်းတစ်သိန်းကျော်နဲ့နှစ်သိန်းကြားလောက်ရှိနေတယ် အာလူးစိုက်ရင် မြေသြဇာရောဆေးရောဖြန်းရတော့…

လဲလောင်းရွာအနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားစဥ် အမျိုးသားတစ်ဦးသေဆုံးပြီး မိသားစုနှင့်ဆက်သွယ်မရ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ လဲလောင်းရွာအနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားစဥ် အမည်မသိအမျိုးသားတစ်ဦးသေဆုံးပြီး မိသားစုနှင့်ဆက်သွယ်မရခဲ့ကြောင်း တစ်သီးပုဂ္ဂလလူမှု့ကယ်ဆယ်ရေးအသင်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လဲလောင်းရွာအနီး ဂျာမနီလမ်းပေါ် တွင် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး အမည်မသိ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ဆေးရုံဘတစ်ခုပေါ်တွင်သေဆုံးသွားခဲ့သည်၊၊ “သူကဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။သူကဖြေးဖြေးမောင်ပေမယ့် တစ်ဖက်ဆိုင်ကယ်ကလူ အရမ်းမူးနေတော့ အရှိန်နဲ့ဝင်တိုက်တာ…

သကြားပြောင်းများယခင်နှစ်ထက် စျေးကောင်းရ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ သကြားပြောင်းများ ယခင်နှစ်ထက်စျေးကောင်းရနေသော်လည်း စိုက်ပျိုးသူနည်းနေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဘန်းကွေးကျေးရွာအုပ်စု မြေနီကုန်းထွက် သကြားပြောင်းများ ယခင်ထက်စျေးရနေသော်လည်း ကုန်ကျစရိတ်များသည့်အတွက် စိုက်ပျိုးသူနည်းနေသည်ဟု သိရသည်။ “စျေးကတော့အရင်နှစ်ထက်ပိုရတယ် ဒါပေမယ့် မြေသြဇာလည်းစျေးကြီးတော့ မကိုက်ဘူး အရင်းတွေအများကြီးကုန်တော့ သိပ်မစိုက်ကြတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယခင်က သကြားပြောင်းတစ်အိတ်လျှင် တစ်သောင်းမှ နှစ်သောင်းကျပ်အထိသာရရှိနေပြီး ယခုတွင်မူ…