Tag: ခမ်းသားငေါဝ်း

မူဆယ်မြို့နယ်တွင် ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၂၄ ၊ ၂၀၂၄ မူဆယ်မြို့နယ်တွင် ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ဇွန်လ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တအာင်းဒေသ တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့နယ် မိုင်းယု(105)မိုင်ရွာတွင် ဇွန်လ၂၂ရက်နေ့တွင် ကျွဲတစ်ကောင် ရွာအတွင်း လိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး(၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ကျွဲခတ်ခံရသည့် နယ်မြေ(၃)နေ…

ဆီဆိုင်မြို့နယ်ထီရီးရွာတွင် PNO ပြည်သူ့စစ်အတွက်နေ့စဥ်ထမင်းထုတ်ပို့ပေးနေရသဖြင့် အခက်အခဲရှိလာ

ခမ်းသားငေါဝ်း ဇွန် ၂၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် PNO ပြည်သူ့စစ်အတွက်နေ့စဥ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီပို့ပေးနေရသဖြင့် အခက်အခဲရှိလာနေကြာင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် ပြည်သူ့စစ်အတွက်အိမ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီနေ့စဥ် ပို့ပေးနေရသည်မှာ တစ်လကျော်ခန့်ရှိခဲ့ပြီဖြစ်သည်၊၊ “ရွာကလူတွေက အဆင်ပြေတဲ့ဟင်းကိုပဲပို့လို့မရဘူး သူတို့ PNA ဖက်ကသတ်မှတ်တဲ့ဟင်းကိုပဲပို့ပေးနေရတော့ ကုန်ကျစရိတ်လည်းများတာပေါ့နော် ဟင်းကလည်းအသားဟင်းတွေပဲစားတယ် ထမင်းကိုလဲနေ့တိုင်း၂ နပ်စာပို့ပေးနေရတယ် ထမင်းထုပ်မပို့ပေးနိုင်တဲ့သူတွေဆိုခြိမ်းခြောက်တယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊ ထို့သို့နေ့စဥ်ထမင်းထုပ်ပို့ပေးနိုင်ရန် တချို့အဆင်မပြေသူများက အဆင်ပြေသူများထံ…

နောင်ကားရွာတွင် PNO ပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်

ခမ်းသားငေါဝ်း ဇွန် ၂၃၊ ၂၀၂၄ နောင်ကားရွာတွင် PNO ပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်ကောက်ခံပြီး မထည့်ပါက ရွာထဲတွင်ကျန်ခဲ့သည့် မိသားစုများအား ခြိမ်းခြောက်နေကြောင်းဇွန်လ၂၃ ရက်နေ့တွင် ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ နောင်ကားရွာတွင် PNOပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်ကောက်ခံပြီး မထည့်သည့်သူများအား PNOပြည်သူ့စစ်က ရွာထဲတွင်ကျန်ခဲ့သည့် မိသားစုများကို ခြိမ်းခြောက်နေသည်။…

စစ်အကြွင်းအကျန်တစ်ခုပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ( ၇ )နယ်မြေ( ၆ )ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်ကြွင်းကျန်တစ်ခုပေါက်ကွဲမှုကြောင့် အသက် ၁၂ အရွယ်ကလေး လက်နှစ်ဖက်ပြတ်ဒဏ်ရာရပြီး ၃ ဦးအပြင်းထန်ဒဏ်ရာရသွားကြောင်း TNLA က ဇွန်လ ၂၁ ရက်နေ့တွင်ထုတ်ပြန်ထား သည်။ အဆိုပါကလေးငယ်များသည် ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့်…

အပြစ်မဲ့ ကုန်းဆွတ်ရွာသား ၄ ဦး ကို စစ်ကောင်စီ ပစ်သတ်

ခမ်းသားငေါဝ်း ဇွန်လ၂၁၊၂၀၂၄ အပြစ်မဲ့ ကုန်းဆွတ်ရွာအမျိုးသား လူငယ် ၄ ဦးကိုစစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင်မျက်မြင်သူများထံမှ သိရသည်။ ကယား(ကရင်နီ)ပြည် ၊လွိုင်ကော်မြို့နယ်၊ကုန်းဆွတ်ကျေးရွာနေ လူငယ်အမျိုးသားလေးဦးကို ဇွန်လပထမပတ်အတွင်းတွင် စစ်ကောင်စီကလှမ်းခေါ်ပြီး ထွက်ပြေးသွားသဖြင့် စစ်ကောင်စီက လိုက်ဖမ်းပြီးနောက် ဖမ်းမိသည့်အချိန်တွင် စစ်ကောင်စီကသေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံက ပြောသည်။ “ဗမာစစ်သားကပစ်သတ်တာဖြစ်တယ်။သူတို့ လူပျိုအရွယ်တွေ စစ်သားခေါ်တာ သူတို့ကကြောက်ပြီးထွက်ပြေးသွားတာ။စစ်ကောင်စီကလည်း PDFလို့စွပ်စွဲပြီးလိုက်ဖမ်းတာ…

ဆီဆိုင်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်အတွက် ငွေငါးသိန်းကောက်ခံဟုဆို

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ ဆီဆိုင်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်အတွက် ငွေငါးသိန်းအတင်းအဓ္ဓမကောက်ခံခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ဆီဆိုင်ကြီး(ဝါးတော)ကျေးရွာတွင် စစ်ရှောင်ရာမှပြန်လာသည့် ပြည်သူများထံ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ တစ်အိမ် ၅ သိန်းကျပ် စစ်စရိတ်ဆက်ကြေးကောက်ခဲ့ကြောင်းဆိုထားသည်။ “ဒါကတော့တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်။ စစ်အာဏာရှင်ပြုတ်ကျမှ ဒီဒုက္ခကနေ လွှတ်မြှောက်မှာဖြစ်တယ်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။…

စစ်ကောင်စီဒရုန်းနှင့်လာပစ်ခတ်ခြင်းကြောင့် လွယ်ကျိုင်းဘုန်းကြီးကျောင်းရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ၃ နာရီအချိန်တွင် ဒရုန်းနှင့်လာပစ်ခတ်ခြင်းကြောင့် လွယ်ကျိုင်းဘုန်းကြီးကျောင်းရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ လွယ်ကျိုင်းရွာတွင် စစ်ကောင်စီက လွယ်ကျိုင်းဘုန်းကြီးကျောင်းတွင် ဒရုန်းလာပစ်ခတ်ခြင်းကြောင့် ဦးဇင်းအရှင်နေမိန္တ(လောဝ်ခမ်း) အသက် ၃၉ နှစ်ပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊ ”ဦးဇင်းရဲ့အလောင်းကို အရှေ့ဘက်ကမ်းလွယ်ပေါရွာမှာ…

လက်ဖက်စျေးကျဆင်းသည့်အတွက်ကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဇွန် ၂၀ ၊ ၂၀၂၄ လက်ဖက်စျေးများ ယခင်ထက် စျေးကျလာသည့်အတွက် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် လက်ဖက်ခြောက်သည် ယခင်က တစ်ပိဿာလျှင် ၁ သောင်းကျော်ရသော်လည်း ယခုတွင် တစ်ပိဿာတစ် ၈၀၀၀ ကျပ်အထိသာရရှိနေပြီး အခြေခံစားသုံးကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် လက်ဖက်စိုက်တောင်သူများ အခက်ခဲကြုံတွေ့နေကြောင်းသိရပါသည်။ “ကျွန်မတို့ဒေသဆိုရင် ခုချိန်လက်ဖက်ပဲထွက်တယ် မိုးရာသီလည်းဖြစ်တော့ လှမ်းရတာအခက်အခဲဖြစ်တယ် စျေးကလည်း…

တောင်ကြီးမြို့တွင် အိမ်ငှားခ စျေးမြှင့်တက်သည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များ အခက်အခဲရှိနေ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်ငှားခ စျေးမြှင့်တက်လာသည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များအခက်အခဲရှိနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် အိမ်ငှားခယခင်ထက် စျေးများစွာမြှင့်တက်လာသည့်အတွက် အဆောင်ငှားနေသူများနှင့် အိမ်ငှားနေသည့် စစ်ဘေးရှောင်များ သတ်မှတ်ထားသည့်စျေးအတိုင်း မတတ်နိုင်ကြသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်းသိရသည်။ “အရင်တုန်းက အဆောင်ငှားနေရင် တစ်ယောက်ခန်းဆိုရင် ၃ သောင်းခွဲ ၄ သောင်းရသေးတယ် ခုက ၅…

စစ်ကောင်စီ စုကလိစစ်ဆင်‌ရေးခြေကုတ်စခန်းကို KNLAပူး‌ပေါင်းအဖွဲ့များက အပြီးသိမ်းပိုက်

ခမ်းသားငေါဝ်း ဇွန် ၂၀ ၊ ၂၀၂၄ မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို ဇွန်လ(၁၈)ရက်နေ့၌ KNLAနှင့် ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်ထားသည်ဟု Kawthoolei Todayက ဇွန်လ(၁၉)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။ ကရင်ပြည်နယ်၊ ကော်သူးလေရာမတီးမြို့(မြဝတီ) တောင်ဘက်ရှိ ၎င်းစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းမှစကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ပြီး အပြီးသိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ထိုးစစ်ဆင်တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်ဘက်မှ ဝေါလေ…