Tag: ခမ်းသားငေါဝ်း

နမ္မတူမြို့နယ်တွင် ခရမ်းချဥ်သီး တစ်ပိဿာကို ၁ သောင်း ၂ ထောင်ကျပ်ထိ စျေးနှုန်းစျေးမြင့်တက်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၅ ၊ ၂၀၂၄ နမ္မတူမြို့နယ်တွင် ဇူလိုင်လ ၄ ရက်‌နေ့အထိ ခရမ်းချဉ်သီး တစ်ပိဿာကို ၁ သောင်း ၂ ထောင်ကျပ်ထိ စျေးမြင့်တက်လာကြောင်း ဒေသခံထံက သိရသည်။ ရှမ်း‌‌ပြည်မြောက်ပိုင်းနမ္မတူမြို့နယ်တွင် ဇူလိုင် ၂ ရက်နေ့က ခရမ်းချဥ်သီး ၁ ပိဿာကို ၁ သောင်းကျပ် ရှိ‌ရာကနေရက်ပိုင်းအတွင်းမှာပဲ ၁ သောင်း…

လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့ တိုက်ပွဲ​ပြန်လည်ဖြစ်ပွားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၅၊ ၂၀၂၄ လွိုင်ကော်မြို့ပေါ်ရပ်ကွက် နေရာအချို့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်ရှိ နေရာအချို့၌ ဇူလိုင်လ ၄ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။ ” မနေ့မနက်ပိုင်းမှာတော့ နမ့်ဘော်ဝမ် ရပ်ကွက်ဘက်မှာ တိုက်ပွဲဖြစ်တယ်၊ အပြင်းအထန်တော့မဟုတ်ဘူး၊ ကြိုကြားတိုက်ပွဲဖြစ်သွားတယ်၊ အဲ့မှာလည်း ပြည်သူအချို့ပြန်နေထိုင်နေတာရှိတယ်” ဟုတော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့်…

စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်

ခမ်းသားငေါဝ်း ဇူလိူင် ၅၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် စစ်တပ်ကအဆိပ်ငွေ့ဗုံး ၃ လုံးအသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရကြောင်း TNLA က သတင်းထုတ်ပြန်သည်။ TNLA တပ်ဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊…

ဆီဆိုင်မြို့၌တိုက်ပွဲတွင်း နေအိမ်ပျက်စီးသည့်သူများအား ထောက်ပံ့ကြေးပေးရာ အပြည့်အဝမရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၄၊ ၂၀၂၄ ဆီဆိုင်မြို့၌ တိုက်ပွဲအတွင်း ပျက်စီးသွားသည့်အိမ်များအား ထောက်ပံ့ကြေးပေးရာတွင် မြေပြင်ရှိပြည်သူများ အပြည့်အဝမရနေကြောင်း ဒေသခံထံမှ သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲ တွင်းနေအိမ်မီးလောင်သွားသည့်သူများကို စစ်ကောင်စီက ထောက်ပံ့ကြေးပေးရာတွင် မြေပြင်ရှိပြည်သူများ အပြည့်အဝမရဘဲ ချန်ထားခံရမှုရှိနေကြောင်း သိရသည်၊၊ ”ကျွန်တော်တို့ဆီဆိုင်က ပြည်သူတွေအဆင်မပြေဘူးဗျာ ထွေအုပ်ဥက္ကဌအောင်ဆန်းဦးက ထောက်ပံ့ကြေးတွေဘုန်း(စား)နေတယ် သူကျတော့ဆီဆိုင်မှာမအိပ်ဘူး အောက်ကလူတွေကိုကျတော့ ဖိအားပေးတာတွေလုပ်နေတယ် ဒီလူတွေကိုဌာနဆိုင်ရာကလူတွေနဲ့…

Eleven Media အယ်ဒီတာချုပ်ဟောင်းဦးဆောင်လာသည့် မူးယစ်ဆေးဝါးဂိုဏ်းကို နေပြည်တော်တွင်ဖမ်းဆီးမိ

ခမ်းသားငေါဝ်း ဇူလိုင် ၄၊ ၂၀၂၄ Eleven Media အယ်ဒီတာချုပ်ဟောင်းဦးဆောင်လာသည့် မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့အား စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်းဇူလိူင်လ ၄ ရက်နေ့တွင် သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက် မနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေးစစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော်…

နယ်မြေမငြိမ်သက်မှုကြောင့် စံကားဒေသရှိ ဘုရားတောင်ရေဆိပ်စာသင်ကျောင်း ယာယီပိတ်ထား

ခမ်းသားငေါဝ်း ဇူလိုင် ၄၊ ၂၀၂၄ နယ်မြေမငြိမ်သက်မှုကြောင့် စံကားဒေသရှိ ဘုရားတောင်ရေဆိပ်စာသင်ကျောင်း ယာယီပိတ်ထားလိုက်ရကြောင်း ဒေသခံတစ်ဦးပြောဆိုချက်အရ ဇူလိုင်လ(၄)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားဒေသတွင်ရှိသည့် ဘုရားတောင်ရေဆိပ်စာသင်ကျောင်းသည် နယ်မြေငြိမ်သက်မှုမရှိသည့်အတွက် ဇူလိုင်လ(၃)ရက်နေ့မှစပြီး ယာယီပိတ်လိုက်သည်။ “မနေ့ကဘုရားတောင်ကျောင်းတောင်ပေါ်ထိ တော်လှန်‌ရေးသမားတွေတက်လာတယ်လို့ပြောတာပဲ၊ မနေ့ကအဲ့မှာ ပစ်ခတ်မှုတွေတော့မကြားမိဘူး စာသင်ကျောင်းကတော့ယာယီ(၁၀)ရက် ပိတ်လိုက်တယ်ကြားတယ်၊ ကျောင်းသားတွေလည်းပြန်ကုန်ကြပြီ ယာယီ(၁၀)ရက်ပိတ်တာဆိုပေမဲ့ ဒီအခြေအနေကြီးက ကျောင်းပြန်မဖွင့်တော့မာကိုလည်းစိုးရိမ်တယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

မန္တလေး PDF ကစဥ့်ကူးမြို့နယ်တွင်ရှိသည့်စစ်ကောင်စီတပ်စခန်း ၆ ခုကိုထပ်မံတိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ စဉ့်ကူးမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း(၆)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း ဇူလိုင် (၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဒိုးနွယ်ရွာတပ်စခန်း ၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားသည်ဟုသိရသည်။ ဒ့ါအပြင်…

တိုက်ပွဲကြောင့် လားရှိုးလေဆိပ် ယာယီရပ်နားထားသည်ဟုဆို

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် လားရှိုးလေဆိပ်ကို ယာယီရပ်နားထားကြောင်း စုံးစမ်းသိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လာသည့်အတွက် လားရှိုးလေဆိပ်ကို ဇူလိုင်လ(၃)ရက်နေ့တွင် ယာယီရပ်နားထားသည်ဟု သိရသည်။ “အမှန်တော့ ၅ ရက်နေ့လောက်မှပိတ်မယ်လို့ကြားထားတာ တိုက်ပွဲကပြင်းထန်လာတော့အမြန်ပိတ်လိုက်တာ ဘယ်ရက်ထိပိတ်မလဲတော့မသိသေးဘူးပြောထားတာမရှိသေးဘူး လားရှိုးမြို့ပတ်ပတ်လည်နဲ့ ရွာတွေမှာတိုက်နေကြတယ်”ဟု အမည်မဖော်လိုသူတစ်ဦးကခမ်းသား‌ငေါဝ်းကိုပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇွန်လ(၂၅)ရက်က ၁၀၂၇…

လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ လားရှိုးမြို့တွင် လက်နက်ကြီးကျ‌ရောက်မှုကြောင့် သားအမိနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းအချိန်တွင် နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ခဲ့သည့်အတွက် သားအမိနှစ်ဦး သေဆုံးသွားသည်။ “လက်နက်ကြီးကနေ့တိုင်းပစ်နေကြတယ် နေ့တိုင်းလည်းကြားနေရတယ် မနေ့ကလည်းသေတယ် ဒီမနက်လည်း ထပ်ကျတော့ထပ်သေတယ် မြို့ကနေလည်းထွက်လို့မရဘူး ကြောက်ကလည်းကြောက်တယ် အိပ်လို့လည်းမရ စားလည်းမဝင်ဘူး…

လာရှိုးတွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများပိတ်မိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ လားရှိုးတွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံပြည်သူအမြောက်အများပိတ်မိနေကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဇွန်လ ၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေပြီးလက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြပြီးပြည်သူများ ပိတ်မိနေသည်။ ”ဒီဘက်ကလည်းလက်နက်ကြီးတွေလှမ်းပစ်၊ ဟိုဘက်ကလည်း လှမ်းပစ်နေကြတာ တစ်နေ့လုံးပဲ၊ မြို့ထဲလက်နက်ကြီးတွေကျပြီး လူတွေထိခိုက်သေဆုံးတာတွေလည်းရှိတယ်၊ လမ်းတွေကလည်းပိတ်ထားတော့ ထွက်လို့မရသေးဘူး” လို့ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ကြိုမသိဘဲ…