Tag: ခမ်းသားငေါဝ်း

နားခိုက်ရွာသားနှစ်ဦးကို တော်လှန်ရေးသမားအားပေးသူဟု PNO ပြည်သူ့စစ်က စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်

ခမ်းသားငေါဝ်း ဇူလိုင် ၇၊ ၂၀၂၄ နားခိုက်ရွာသားနှစ်ဦးကို တော်လှန်ရေးသမားအားပေးသူဟု PNO ပြည်သူ့စစ်က စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်းဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေရွာ ပြည်သူနှစ်ဦးကို ဇူလိုင် ၆ ရက်နေ့က PNO ပြည်သူ့စစ် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။ ‘’သူတို့ဖမ်းတာက စစ်သားမဟုတ်ဘူး ရွာသားပဲ၊ အရိုက်လည်းခံရတယ်၊ နှစ်ဦးကိုပစ်သတ်လိုက်တယ်၊ ဖမ်းတာက အများကြီးဖမ်းတာ ဘုန်းကြီးကျောင်းကို ခေါ်လာတာ…

နမ့်နိန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက နောက်ထပ်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်၍ ပျက်စီး

ခမ်းသားငေါဝ်း ဇူလိုင်လ ၇၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ့်နိန်းရွာဘုန်းကြီး ကျောင်းကို စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် နောက်ထပ်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးသွားကြောင်း မြေပြင်သတင်းရင်းမြစ်ထံသိရသည်။ ရှမ်း​ပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ့်နိန်းရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့တွင် ပေါင် ၂၀၀ ဗုံးသီး နှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ “မနက် ၁၁ နာရီမထိုးခင်ဝန်းကျင်မှာဖြစ်တာ၊ စစ်ကောင်စီက လေကြောင်းမှတဆင့်…

ဒရုန်းဗုံးထိထားသည့်ဆောင်းပြောင်း ရွာအမျိုးသား တစ်ဦးသေဆုံးသွား

ခမ်းသားငေါဝ်း ဇူလိုင် ၇၊၂၀၂၄ ဒရုန်းဗုံးထိထားသည့်ဆောင်းပြောင်း ရွာနေ ဦးကျော်လွန်းသည် ဆေးကုသရင်းသေဆုံးသွားခဲ့ကြောင်း ဇူလိူင်လ ၇ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊ဆောင်းပြောင်းရွာနေ ခွန်ကျော်လွန်းသည်ဇွန်လ ၃၀ ရက်နေ့တွင် ဒရုန်းဗုံးထိဒဏ်ရာရရှိပြီးနောက် ဇူလိူင်လ ၁ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ “သူ ၁ ရက်ကသေဆုံးသွားပြီ။ဒရုန်းထိတာ ၄ ယောက် ဦးခွန်ကျော်လွန်းတော့ဆုံးပြီ။ သူကအသက် ၅၀…

ပြည်သူပူးပေါင်းပါဝင်မှ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ရေးကို ဖော်ဆောင်နိုင်မည်ဟု PNFC ဆို

ခမ်းသားငေါဝ်း ဇူလိုင် ၆၊ ၂၀၂၄ ပြည်သူများအနေဖြင့် ဖက်ဒရယ်လမ်းစဥ်ကိုသိရှိနားလည်ပြီး ပူးပေါင်းမှ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးကို ဖော်ဆောင်နိုင်မည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကဆိုသည်။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC မှ Federal Charter နှင့်ပတ်သက်ပြီး လက်တွေ့မြေပြင်၌ သွားရောက်မျှဝေခြင်းနှင့် အတူ လူထုစည်းရုံးရေးကိစ္စများကို ဇူလို့လပထမပတ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ” ပြည်သူအများစုကတော့ အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးကြတာမှန်တယ်၊…

နားခိုက်ကျေးရွာကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း ဇူလိုင် ၆၊ ၂၀၂၄ နားခိုက်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးသွားကြောင်း PNLA ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ယနေ့မနက် ၉ နာရီခန့်အချိန်ကမီးရှို့ဖျက်ဆီးခဲ့သည်။ ” စစ်ကောင်စီက လက်နက်ကြီးနဲ့ ရွာထဲကိုအရင်ပစ်တယ်၊ ပြီးတော့မှ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ရွာထဲဝင်ပြီးမီးရှို့တာဖြစ်တယ်” ဟု…

ပြည်သူ့စစ်သင်တန်းရက်ပိုင်းသာတက်ရသည့် ဒေသခံရွာသားကို PNO ပြည်သူ့စစ်က ရှေ့တန်းပို့

ခမ်းသားငေါဝ်း ဇူလိုင် ၆၊ ၂၀၂၄ ပင်လောင်းမြို့နယ်တောင်ဘက်ဒေသတွင်ဒေသခံများကိုရက်ပိုင်း ပြည်သူစစ်သင်တန်းအတင်းအဓမ္မ တက်ခိုင်းပြီးနောက် ထိုသင်တန်းသားကို PNO ပြည်သူ့စစ်ကရှေ့တန်းသို့ပို့ဆောင်စေခဲ့ ကြောင်း ဒေသခံများထံ သိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီးနောက် PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် နေဝင်းထွန်း၏ အမိန့်ဖြင့် ဒေသခံရွာသားများကို တိုက်ပွဲဖြစ်ပွားသည့်ဆောင်းပြောင်းဘက် ရှေ့တန်းသို့ ပို့ဆောင်စေခဲ့ကြောင်း ဒေသခံများကပြောသည်။ ‘’ PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်…

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၆၊ ၂၀၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေကြောင်း TNLA ကထုတ်ပြန်ထားသည်။ မိုးမိတ်မြို့နယ် လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊ PLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈)၊ ခလရ (၂၂၃)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။…

မိုးကုတ်‌‌တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဘဏ်များဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မြတ်ရတနာများ လုယူသွား

ခမ်းသားငေါဝ်း ဇူလိုင် ၅၊ ၂၀၂၄ မိုးကုတ်‌‌တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဘဏ်များဖောက်ထွင်းပြီး ငွေသားများနှင့် ကျောက်မြတ်ရတနာများ လုယူသွားကြောင်း PSLF/TNLAက ဇူလိုင်လ ၅ ရက်တွင်ထုတ်ပြန်လိုက်သည်။ မိုးကုတ်မြို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အနောက်ပိုင်းတိုက်ပွဲကာလတွင် စစ်ကောင်စီတပ်မှ KBZ Bankနှင့် CB bank တို့ ဖောက်ထွင်းပြီး ကျောက်မြတ်ရတနာများ စုစုပေါင်းတန်ဖိုး (ကျပ်သိန်းပါင်း နှစ်သောင်း)ဝန်းကျင် လုယူသွားကြောင်းသိရသည်။ ပြီးခဲ့သည့်ဇွန်လ၂၇ ရက်‌‌နေ့တွင် တအောင်းတပ်မတော်TNLA၊မိုးကုတ်ဗျူဟာ၊PDF(513)နှင့်…

တိုက်ပွဲကူးစက်လာမည်ကိုစိုးရိမ်ပြီး တခါးယဥ်ရွာ ဒေသခံများကြိုတင်တိမ်းရှောင်

ခမ်းသားငေါဝ်း ဇူလိုင် ၅၊ ၂၀၂၄ တခါးယဥ်ကျေးရွာသို့ တိုက်ပွဲကူးစက်ဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများကြိုတင် တိမ်းရှောင်နေရကြောင်း သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဖက်တွင် တစ်ရက်ပြီးတစ်ရက်တိုက်ပွဲ ပြင်းထန်လာပြီး တခါးယဥ်ဒေသခံများလည်း တိမ်းရှောင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ “တိုက်ပွဲဧရိယာကတဖြည်းဖြည်းကျယ်လာတော့ ပြည်သူတွေလည်းစိုးရိမ်ကြတယ် အမျိုးရှိတဲ့သူတွေဆို အမျိုးနားအ‌ရေးကြီးပစ္စည်းတွေသွားထားကြတယ် တချို့ပိုက်ဆံရှိတဲ့လူတွေကြအိမ်ကြိုငှားကြတာတွေ ပစ္စည်းကြို‌ရွှေ့ကြတာတွေရှိတယ်”ဟု အမည်မဖော်လိုသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ ပင်‌လောင်းမြို့တောင်ဖက်တွင် ပြီးခဲ့သည့် ဇွန်လ ၁၇…

မိုးမိတ်မြို့ရှိရွှေသာယာတပ်စခန်းကို TNLA ပူးပေါင်း တပ်တို့သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဇူလိုင် ၅၊ ၂၀၂၄ မိုးမိတ်မြို့ရှိ ရွှေသာယာတပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၀ ရက်မြောက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင်လ (၄)ရက်နေ့တွင် PSLF/TNLAကထုတ်ပြန်လိုက်ပါသည်။ မိုးမြိတ်မြို့နယ်ရှိ ရွှေသာယာ တပ်စခန်းကို ဇူလိုင်လ(၃)ရက်နေ့တွင် TNLA၊ PDF(မိုးကုတ်ဗျူဟာ)ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အခြားမြို့နယ်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရပါသည်။ နောင်ချိုမြို့တွင်လည်း တအောင်းတပ်TNLA၊DPLA ၊MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား…