လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွင် ဆရာ၊ဆရာမနှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေ
ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ လွိုင်ကော်အရှေ့ကက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့်စာသင်ကျောင်းတစ်ခုတွင် စာသင်ကြားပေးမည့် ဆရာ၊ဆရာမ နှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေသည်။ ” အဓိကကတော့ ဆရာဆရာမ နဲ့ ကျောင်းသုံးပစ္စည်းအချို့ လိုအပ်နေတယ်၊ ဒီမှာကမပြည်စုံသေးဘူး၊ လောလောဆယ် ဆရာမ ၃ ယောက်ပဲရှိသေးတယ်” လို့…