Tag: ခမ်းသားငေါဝ်း

KNU ထိန်းချုပ်နယ်မြေတွင် ၆ လတာအတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်လိုက်သည်။ ၂၀၂၄ ခုနှစ် ပထမ ၆ လတာ တိုက်ပွဲများအတွင်း ဖြစစ်ကောင်စီတပ်သား ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦးခန့် ထိခိုက်…

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း အရပ်သားပြည်သူ ၅၈ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင်၁၃၊၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှကြောင့် အရပ်သားပြည်သူ ၅၈ ဦးအထိသေဆုံးခဲ့ရပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီက အရပ်သားများကို ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၁၀၀) နီးပါးထိခိုက်ပျက်စီးပြီး ပြည်သူ ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည်။ ဇူလိုင် ၁၂ ရက်နေ့က လားရှိုးမြို့…

ဒီးမော့ဆိုမြို့နယ်ရှိစစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၄ ဒီးမော့ဆိုမြို့နယ်ရှိစစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေကြောင်းစစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ဇူလိုင်လမှ စပြီး ဝမ်းပျက်ဝမ်းလျောရောဂါ စတင်ဖြစ်ပွားခဲ့သည်။ ”စစ်ဘေးရှောင်စခန်းတွေမှာက လူတွေအရမ်းများတော့ သန့်ရှင်းမှုအပိုင်းမှာလိုအပ်တာတွေရှိတယ်၊ ဥပမာ ယင်လုံအိမ်သာတွေ၊ သန့်ရှင်းတဲ့ရေရရှိမှုတွေပေါ့၊ ပြီးတော့ ဒီရာသီဥတုက ခြင်၊ယင်တွေအရမ်းပေါတာလေ၊ အဲ့ကနေတဆင့် ကူးစက် ဖြစ်ပွားတာ” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်း…

လားရှိုးမြို့မှ တောင်ကြီး ယာဉ်စီးခ မြှင့်တက်လာသဖြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်သူများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇူလိူင် ၁၂၊ ၂၀၂၄ လားရှိုးမှ တောင်ကြီးသို့ ကားစီးလျှင် ယာဉ်စီးခဈေးအဆမတန်မြှင့်တက်လာသဖြင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း တိုက်ပွဲကြောင့် စက်သုံးဆီများဝယ်ယူရန်အခက်အခဲဖြစ်နေ ပြီး ကုန်ဈေးနှုန်းမြင့်တက်နေမှု​ ကြောင့် ကားခများအဆမတန် မြင့်တက်လာရခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းထိ ဈေးပေါက် နေကြောင်းသိရသည်။ “စစ်ပွဲစစဖြစ်တုန်းကဆိုရင်လားရှိုး_တောင်ကြီးဆို ကားခတစ်ယာက် ၂ သိန်း ၃…

စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်းတွင် ၁၈ နှစ်အောက်ကလေး ၁၄၇ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီကြောင့် အသက် ၁၈ နှစ်အောက်ကလေး ၁၄၇ ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သေဆုံးသူများထဲမှ မိန်းကလေး ၅၃ ဦး နှင့် ယောက်ျားလေး…

မကျည်းချောင်းနယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက် စစ်ကောင်စီတပ်သားအချို့ ဘင်္ဂလားဘက်ထွက်ပြေး

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နခခ (၅)၏ အနီးပတ်ဝန်းကျင် မကျည်းချောင်း( မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် အာရက္ခတပ်တော်(AA) သည်သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကာ သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။ ထို့အ​ပြင် စစ်ကောင်စီတပ်သား…

စစ်ကောင်စီသတင်းပေးသူ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူနှင့် နေအိမ်ဖောက်ထွင်းသူ (၁၈၀)ဦး TNLAဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁ ၊၂၀၂၄ ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကား သူနှင့် နေအိမ်ဖောက်ထွင်းသူ တရားခံ(၁၈၀)ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း TNLAကထုတ်ပြန်လာသည်။ ဖမ်းဆီးရမိသူထဲမှ ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ ကျား(၁၄၆)ဦး၊ မ(၁၁)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ကျား(၂)ဦးနှင့် မ(၁) စုစုပေါင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ (၁၅၉)ဦးပါဝင်ကြောင်းဆိုသည်။…

ပင်လောင်းတွင် ဒေသခံကားများကို PNO ပြည်သူ့စစ်ကချောဆွဲပြီး စစ်မြေပြင်အထိ အကြိုအပို့လုပ်ခိုင်းနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၁ ၊ ၂၀၂၄ ပင်လောင်းတွင် ဒေသခံကားများကို PNO ပြည်သူ့စစ်က ချောဆွဲပြီး စစ်မြေပြင်အထိ ခေါ်သွားကာ အကြိုအပို့ လုပ်ခိုင်းကြောင်း ဇူလိူင်လ ၁၁ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်လေး၊ ဝါးလီး၊ လိန်းညား ၊ ပင်ခွန်ရွာမှ ကားရှိသောသူများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ခေါ်ယူပြီး…

ပင်လောင်းရှိ စစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်နေပြီး ဆေးဝါးများနှင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၁၁၊ ၂၀၂၄ ပင်လောင်းဒေသရှိ စစ်ရှောင်များ ရာသီတုပ်ကွေးများခံစားနေရပြီး ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ စစ်ရှောင်များ မိုးရာသီဖြစ်သည့်အတွက် ရာသီတုပ်ကွေးများ ခံစားနေရပြီး ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ဆားများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ “မိုးရာသီဆိုတော့ ရာသီတုပ်ကွေးတွေတော်တော်ဖြစ်ကြတယ် ခုကျွန်တော်တောင်ဖြစ်နေတယ်ပေါ့နော် စစ်ရှောင်တုန်းက ဘာမှလည်းသိပ်မပါလာကြဘူး စိုက်ပျိုးရာသီလည်းဖြစ်နေတော့ မစိုက်ရတော့ခက်နေကြတယ်…

နောင်ချိုမြို့ရှိစစ်ကောင်စီ လက်ကျန်စခန်း အမှတ် ၆၀၆ ဒုံးတပ်ရင်းကို TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ တပ် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ထံက သိရသည်။ ဇွန်လ ၂၅ ရက်နေ့ကစသည့် ၁၀၂၇ စစ်‌ဆင်ရေး ဒုတိယလှိုင်းအဖြစ်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေး ၁၀ ရက်ကျော်အကြာတွင် နောင်ချိုမြို့ရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို…