တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့်စံကားတောင်ဘက်ရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် စံကားတောင်ဘက်ရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်နသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဇူလိုင်လ(၁၈)ရက်နေ့တွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတောင်ဘက်တွင် ဇူလိုင်လ(၁၈)ရက်နေ့၌ တော်လှန်ရေးသမားများဝင်လာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သောကြောင့် ဟူးရန်းရွာအပါအဝင် အောင်ချမ်းသာ၊ လင်လမ်၊ ထီဟန်းတား၊ နမ်းဗွန်စသည့်ရွာတို့တွင် ဒေသခံများအကုန် ထွက်ပြေးတိမ်းရှောင်နေကြသည်။ “အကုန်ပြေးပြီ နမ်းဗွန်ရွာဘက်ကတော့ဒီမနက်ကတည်းကပြေးတာ အခုသူတို့ရောက်လာတော့ ရွာထဲတိုက်ပွဲဖြစ်မှာကိုလည်းစိုးရိမ်ရတယ်၊ ရွာထဲတိုက်ပွဲဖြစ်ရင်လက်နက်ကြီးကျပစ်လာမှာပဲကော် အိမ်တွေပြာကျသွားကုန်မှာပေါ့ အိမ်တစ်လုံးဖြစ်လာဖို့ဆိုတာလည်း လွယ်တာမှမဟုတ်တာ”…