Tag: ခမ်းသားငေါဝ်း

စစ်ကောင်စီ၏စစ်သုံ့ပန်း ၄၀ ဦးနှင့်အလောင်း ၅၀ ကျော်ရရှိထားကြောင်းTNLAထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၂၄၊ ၂၀၂၄ ကျောက်မဲမြို့နှင့်မိုးကုတ်မြို့တွင် စစ်ကောင်စီ၏စစ်သုံ့ပန်း ၄၀ ဦးနှင့်အလောင်း ၅၀ ကျော်ရရှိထားကြောင်း ဇူလိုင် ၂၃ ရက်နေ့တွင် TNLA ကထုတ် ပြန်ထားသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် တအောင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့တိုက်ပွဲ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရခြင်းနှင့်…

ဘုရားဖြူရွာတွင် PNO ပြည်သူ့စစ်က ငွေကျပ်သိန်းဆယ်ချီကောက်ခံမှုရှိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၂၄ ၊ ၂၀၂၄ ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာတွင် PNO ပြည်သူ့စစ်က ကျေးရွာလှုံခြုံရေးအတွက်ဟုဆိုကာ ငွေကျပ်သိန်းဆယ်ချီကောက်ခံမှုရှိနေကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာတွင် PNO ပြည်သူ့စစ်က အစည်းအဝေးခေါ်ပြီး အမျိုးသားများရှိသည့်အိမ် နိုင်ငံခြားတွင်အလုပ်သွားလုပ်သူရှိသည့်အိမ်ဆိုလျှင် ၁၀ သိန်း၊ အမျိုးသားအသက်ရွယ်လွန်ပြီး သမီးများသာရှိသည့် အိမ်များကို ၅ သိန်း၊တစ်ဦးတည်နေထိုင်သည့်အမျိုးသမီးအိမ် မုဆိုးမ၊တစ်ခုလပ်၊ အပျိုကြီး…

မြန်မာရွှေ့ပြောင်းအလုပ်သမား(၇၀၀)ကျော်အား အရေးယူသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့ဆို

ခမ်းသားငေါဝ်း ဇူလိုင် ၂၄၊ ၂၀၂၄ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများရှိသည့် အလုပ်ရုံထဲ၌ ထိုင်းအာဏာပိုင်က တစ်လကျော်ကြာ စစ်ဆေးပြီးနောက် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းအလုပ်သမားဝန်ကြီးများအဖွဲ့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းအလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အား ပြီးခဲ့သည့်ဇွန်( ၅ )ရက်‌‌ကနေဇူလိုင်( ၁၈) ရက်နေ့အထိ…

စဉ့်ကူးမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးစစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိထားကြောင်း မန္တလေး PDF ထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၂၀၊ ၂၀၂၄ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အ၀ သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိထား ကြောင်း ဇူလိုင် ၂၀ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာထားသည်။ မန္တလေး PDF ကစဉ်ကူးမြိုနယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအား ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယခုအခါ စဉ့်ကူးမြိုနယ်သည် စစ်ကောင်စီ…

၁၀၂၇ စစ်ဆင်ရေး နောင်ချိုတိုက်ပွဲတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ပါဝင်တိုက်ခိုက် ခဲ့ကြောင်းထုတ်ပြန်လာ

ခမ်းသားငေါဝ်း ဇူလိုင် ၂၀၊ ၂၀၂၅ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တွင် (TNLA)၊ MDY-PDF တို့နှင့်အတူ နောင်ချိုတိုက်ပွဲတွင်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သည့်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ရဲဘော်များ၏ မှတ်တမ်းဓာတ်ပုံများကို DPLA ကယနေ့ထုတ်ပြန်လာသည်။ DPLA သည်ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က နောင်ချိုမြို့နယ်အတွင်း ကန့်ကော်၊ ရဲစခန်း၊ ဆေးရုံ၊ ရွှေညောင်ပင်နှင့် ကျောက်ကြမ်းစခန်း တိုက်ပွဲများ၊…

ညောင်ရွှေမြို့နယ် ဆည်ခေါင်းရွာတွင် ယနေ့ညတိုက်ပွဲပြင်းထန်စွာဖြစ်ပွား

ခမ်းသားငေါဝ်း ဇူလိူင် ၁၉၊ ၂၀၂၄ ဆည်ခေါင်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်ဖွဲ့ တို့ ယနေ့ည တိုက်ပွဲပြင်းထန်စွာ​​ဖြစ်ပွား နေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စု ဆည်ခေါင်းရွာတွင် စစ်ကောင်စီတပ်၊ လက်အောက်ခံ ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဇူလိုင်လ(၁၉)ရက် ညနေခင်း(၅)နာရီကစပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။ “ဘုန်းကြီးကျောင်းနားမှာပစ်ခတ်နေကြတာ ခုထိပဲ၊ လက်နက်ငယ်သံကအဆက်မပြတ်ပဲကြားနေရတာ၊ ရွာဘုန်းကြီးကျောင်းကလည်း ထိပြီထင်တာပဲ၊…

ဟူးရန်းရွာ(ယမ်ဖူ)တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ စံကားတောင်ဖက် ဟူးရန်းကျေးရွာတွင်ယနေ့မနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွာသနေကြောင်း ဇူလိုင်လ (၁၉)ရက်တွင် စုံစမ်းသိရှိရသည်။ ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ် စံကားဒေသ ဟူးရန်း(ယမ်ဖူ)ရွာ ယနေ့ မနက်ပိုင်း ၁၁ နာရီ‌ကျော်ခန့်တွင် စစ်ကောင်စီ လက်အောက်ခံ PNO​ ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ “စံကားရွာကလူလည်း ပြေးကုန်ပြီ စံကားတောင်ဘက်လုံးလုံး ပြောင်းသွားပြီ…

စစ်ကောင်စီ ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်အရပ်သား ၁၈ ဦးသေဆုံး ၁၉ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အပစ်ရပ်ထားသည့် (၄)ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ် သား (၁၈)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရှိသည်ဟု TNLA ကထုတ်ပြန်ထားသည်။ မိုးကုတ်မြို့အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နှင့် မြို့မရပ်ကွက်တို့တွင် ဇူလိုင်လ ၁၈ ရက်နေ့၌…

ဖယ်ခုံမြို့နယ်ရှိစစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသုံးပစ္စည်း နှင့် ဆရာ၊ဆရာမ လိုအပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသုံးပစ္စည်းနှင့် ဆရာ၊ဆရာမ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသော စစ်ရှောင်စာသင်ကျောင်းများတွင် ဇွန်လ ကတည်းကဖွင့်လှစ်ထားသော်လည်း ကျောင်းသုံးပစ္စည်းနှင့် ဆရာဆရာမ လိုအပ်မှုများရှိနေသည်။ ” ကျောင်းသင်ထောက်ကူ ပစ္စည်းဖြစ်တဲ့ သင်ရိုးစာအုပ်၊ စားပွဲခုံ ၊ သင်ပုန်း အဲ့ဒါတွေလိုအပ်နေတယ်၊ ဆရာ၊ဆရာမတွေကလည်း လုံလောက်တဲ့အနေအ…

စမ်းရေကြည်အနီးတဝိုက်ရှိစစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စမ်းရေကြည်အနီးတဝိုက်ရှိ စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေကြောင်းဇူလိုင်၁၉ ရက်က စစ်ဘေးရှောင်ကူညီသူတစ်ဦးထံမှ သိရှိရပါသည်။ ပင်လောင်းတောင်ဖက်တိုက်ပွဲကြောင့် စမ်းရေကြည်အနီးတဝိုက်ရှိ သရက်အုပ်၊ တအိုမုတ်၊ လုံကန်၊ ထီးကာ၊ နန်းဟူး ၊ယပ်စပ်ကျေးရွာတွင် ရှိသည့် စစ်ဘေး‌ရှောင်ပြည်သူတစ်ထောင်ခန့် အခြေခံစားနပ် ရိက္ခာများနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်းသိရှိရသည်။ “အလှူရှင်တွေလည်း မလာတော့လေ…