Tag: ခမ်းသားငေါဝ်း

တာချီလိတ်တွင် လေးရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွား

ခမ်းသားငေါဝ်း သြဂုတ် ၂၊ ၂၀၂၄ တာချီလိတ်တွင်လေးရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား နေ ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းထံမှသိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ၄ ရက်ဆက်ရွာသွန်းပြီးနောက် သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ရပ်ကွက်အချို့ ၌ ရေကြီးမှုဖြစ်ပွားခဲ့သည်။ ”မနေ့ည ညနေပိုင်းလောက်စပြီး ရေကြီးတယ်၊ ရပ်ကွက် ၃ ခုလောက်ရေဝင်သွားတယ်၊…

တောင်ကြီးတွင် စက်သုံးဆီပြတ်လပ်မှု အခြေအနေပိုဆိုးလာ

ခမ်းသားငေါဝ်း သြဂုတ် ၂ ၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီပြတ်လပ်မှုဆက်လက်ဖြစ်ပွားပြီး ဆီပန့်တော်တော်များများ ပိတ်ထားနေရကြောင်း သြဂုတ် ၂ ရက်နေ့ကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့ကစတင်ပြီး စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး အချို့စက်သုံးဆီပန့်များပိတ်ထားရကာ ဖွင့်ထားသောဆီပန့် တွင်လည်း ဆီထည့်ရန် အချိန်ကြာမြှင့်စွာတန်းစီစောင့်ဆိုင်းနေရသည်။ ” အလုပ်သွားဖို့ ဆိုင်ကယ်ဆီလေးထည့်ဖို့ကို အကြာကြီးတန်းစီရတာ၊ အချို့ဆိုင်တွေက လုံးလုံးကြီးပိတ်ထားတယ်၊…

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA ပူးပေါင်းတပ်တို့သိမ်းပိုက်ခဲ့ပြီး လက်နက်မျိုးစုံသိမ်းဆည်းရမိ

ခမ်းသားငေါဝ်း သြဂုတ် ၁၊ ၂၀၂၄ မိုးမိတ်မြို့နယ် ရှိစစ်ကောင်စီတပ်စခန်းအားလုံးကို TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံသိမ်းဆည်းရမိခဲ့ကြောင်း သြဂုတ် ၁ ရက်နေ့က ထုတ်ပြန်လာသည်။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့ နေ့လည် (၁း၀၀)နာရီ…

ရွာသားပို့ထားသည့် အသားဟင်းအားသုံးရက်ကြာမှ PNO ပြည်သူ့စစ်ကဖွင့်ကြည့်သည့်အခါ လောက်ကောင်တွေ့သည်ဟုဆိုပြီး ဒဏ်ကြေး သိန်း ၂၀၀ ပေးဆောင်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၁ ၊ ၂၀၂၄ ဝိန်းလုံရွာသားများပို့ထားသည့် ထမင်းထုပ်နှင့်အသားဟင်းများကို PNO ပြည်သူ့စစ်က သုံးရက်ကြာမှ ဖွင့်စားသောကြောင့် လောက်ကောင်တွေ့သည့်အခါ မကောင်းကြံသည်ဟုဆိုပြီး ရွာသားများ ကသိန်း ၂၀၀ ဒဏ်ကြေးဆောင်လိုက်ရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ဝိန်းလုံရွာသားများပို့ထားသည့် ထမင်းထုပ်နှင့်အသားဟင်းများကို PNO ပြည်သူ့စစ်က သုံးရက်ကြာမှ ဖွင့်စားသောကြောင့် လောက်ကောင်တွေ့သည့်အတွက် မကောင်းကြံသည်ဟုစွပ်စွဲပြီး သိန်း ၂၀၀ ဒဏ်ကြေးဆောင်စေခဲ့သည်။…

တောင်ကြီး ကိုးကန့်လူမှုရေးခန်းမတွင် smart card (စမတ်ကဒ်)ပြုလုပ်ပေးရာတွင်အသက် ၅၀ ကျော်များ မရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ တောင်ကြီးမြို့ ရှိ ကိုးကန့်လူမှူရေးခန်းမတွင် smart card (စမတ်ကဒ်)ပြုလုပ်ပေးရာတွင် အသက် ၅၀ ကျော်လူကြီးများက အချိန် ကြာမြင့်စွာစောင့်ခဲ့သော်လည်း smart card (စမတ်ကဒ်) မရရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့သူထံသိရသည်။ ရှမ်းပြည်နယ်တောင်ပ်ိုင်း၊ တောင်ကြီးမြို့ဘုရားဖြူ နယ်မြေ (၁) (၂) (၃) ရှိ နေထိုင်သူများအား ဇူလိုင် ၂၉…

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈၀ ကျော်သေဆုံးဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ တစ်လအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား(၈၀)ကျော်သေဆုံးခဲ့ရသည်ဟု ဇူလိုင်လ(၃၁)ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရသိရသည်။ မြန်မာနိုင်ငံတစ်ဝန်း (၂၀၂၄)ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိတစ်လအတွင်း စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး(၂၄)ဦးသေဆုံးခဲ့ရပြီး အမျိုးသား(၆၀)ဦး စုပေါင်း(၈၄)ဦး သေဆုံးခဲ့ရကြောင်းသိရသည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သား(၄၀)ဦးအများဆုံးသေဆုံးခဲ့ရပြီး ဒုတိယအများဆုံးသေဆုံးမှုမှာ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် (၁၆)ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသတွင် အရပ်သား(၁၅)ဦးစီပထမအများဆုံးသေဆုံးမှုဒေသဖြစ်ပြီး မကွေးတိုင်းတွင်…

ပင်လောင်းမြို့ပေါ်တွင်ရေကြီးနေပြီး ဒေသခံတစ်ချို့ ရေဘေးကြုံနေရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ ပင်လောင်းမြို့ပေါ်တွင်ရေကြီးနေပြီး ဒေသခံတစ်ချို့ ရေဘေးကြုံနေရကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် တွင် ယခုတစ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများခြင်းကြောင်း ယနေ့ မနက်ပိုင်းတွင် မြို့ပေါ်ရှိ ပြည်သူနေအိမ်တစ်ချို့ ရေနစ်မြုပ်သွားကြောင်း သိရသည်။ “မိုးရွာနေတာ ကြာနေပြီ အရင်နေ့တွေကတည်းက မြေနိမ့်ပိုင်းမှာရှိတဲ့ နေရာတစ်ချို့ ရေမြုပ်တယ်။ဒီနေ့ကျတော့မြို့ပေါ်…

ဖာမွန်းပန်းခြံရောက် စစ်ဘေးရှောင်မိဘမဲ့ကလေးများ ဖာမွန်း အထကကျောင်းတွင် ပညာသင်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၁ ၊ ၂၀၂၄ ဖာမွန်းပန်းခြံဟောင်းနေရာတွင် လားရှိုးမှလာသည့်စစ်ဘေးရှောင်မိဘမဲ့ကလေးများသည် ဇူလိုင်လ၂၉ ရက်နေ့တွင် ဖာမွန်းအထက‌‌ကျောင်း၌ ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်ဆရာမတစ်ဦးထံမှသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ သဲအင်းဝိပသာနာကျောင်းတောင်ဖက် ဖာမွန်းပန်းခြံဟောင်းနေရာတွင် လားရှိုးမှလာသည့်စစ်ရှောင်များထဲကကျောင်းနေအရွယ်မိဘမဲ့ကလေးများသည် ဖာမွန်းအထက‌‌ကျောင်းတွင် ကျောင်းပြန်တက်နေပြီဖြစ်သည်။ “ကလေး‌တွေကိုမနက်စာကျွေးပြီးမှ နေ့လည်စာကိုထမင်းချိုင့်နဲ့ထုပ်ပေးထားတယ်၊ လောလောဆယ်တော့အခက်ခဲကမရှိသေးပါဘူး အဆင်ပြေနေပါတယ်”ဟု စစ်ဘေးရှောင်ဆရာမတစ်ဦးကပြောသည်။ အထကဖာမွန်းကျောင်းတွင် စစ်ဘေးရှောင်ကလေးများသည် မူကြိုကနေ ၈ တန်းအထိစုစုပေါင်း ၄၂…

ဝမ်စိမ်းရွာအနီးတွင် RCSS နှင့် SSPP စစ်ရေးတင်းမာမှုကြောင့် ဒေသခံများတောင်ယာလုပ်ကိုင်ခွင့်မရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ ကျေးသီးမြို့နယ် ဝမ်စိမ်းရွာအနီးတွင် RCSS နှင့် SSPP တို့ကြား စစ်ရေးတင်းမာမှု ကြောင့် အချို့ဒေသခံများ တောင်ယာလုပ်ငန်း လုပ်ကိုင်ခွင့်မရကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းဒေသအနီးတွင် ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPPတို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့်…

စစ်ကောင်စီ လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီးနေအိမ် ၁၅ လုံးပျက်စီး

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ လားရှိုးမြို့တွင် စစ်ကောင်စီ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား(၅)ဦးသေဆုံးပြီး နေအိမ်(၁၅)လုံးထိခိုက်ပျက်စီး ခဲ့ရကြောင်း တအာင်းတပ်မတော် (TNLA)က ဇူလိုင်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှတိုက်ခိုက်မှုများကြောင့် အရပ်သား(၅)ဦးသေဆုံးခဲ့ရပြီး နေအိမ်(၁၅)လုံးထိခိုက်ပျက်စီးခဲ့သည်။ လာရှိုးမြို့ရပ်ကွက်(၉)ကုန်စုံဆိုင်တစ်ဆိုင်သည် ဇူလိုင်လ(၃၁)ရက်နေ့ စစ်ကောင်စီတပ်လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင်း မီးလောင်ပြာကျခဲ့ရပြီး၊ ဇူလိုင်လာ(၂၉)ရက်နေ့တွင်လည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းအမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး…