Tag: ခမ်းသားငေါဝ်း

PNO ဖမ်းသွားသည့် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖခွန်ထက်နိုင်သေဆုံးလျက်ပြန်တွေ့

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ PNO ပြည်သူ့စစ် ဖမ်းသွားသည့် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖအသက် ၅၀ ကျော်အရွယ် ခွန်ထက်နိုင်သည် သေဆုံးလျက်ပြန်တွေ့ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘတ်ကျေးရွာအုပ်စု၊ နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖဖြစ်သူ အသက် ၅၀ ကျော်အရွယ် ခွန်ထက်နိုင်သည် PNO ပြည်သူ့စစ် ဖမ်းဆီးသွားပြီးနောက် သေဆုံးလျက်ပြန်လည်တွေ့ ရှိခဲ့ကြောင်းသိရသည်။…

ပန်ကန်းဘက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးတော်လှန်ရေးဘက်မှ ထိခိုက်ကျဆုံးမှုရှိ

ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ လွိုင်ကော်မြို့ ပန်ကန်းဘက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖက်မှ ထိခိုက်ကျဆုံး မှုရှိကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။ ကယား( ကရင်နီ) ပြည်၊ လွိုင်ကော်မြို့၊ ပန်ကန်းဘက်၌ သြဂုတ်လ ၂ ရက်နေ့တွင်စစ်ကောင်စီနှင့် တော်လှန်ရေး တပ်တို့ တိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့သည်။ ” မနေ့ကတစ်နေကုန်တိုက်ပွဲ ဖြစ်တယ်၊ ကျွန်တော်တို့ KNDF ရဲဘော် နှစ်ဦး ကျသွားတယ်၊…

ကရင်နီပြည်တွင် စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်သား ၃၄၅၅ ဦးသေဆုံး

ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ ကရင်နီပြည်တွင် အာဏာသိမ်းစချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သား ၃၄၅၅ ဦးသေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က သြဂုတ်လ ၁ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ကရင်နီပြည်တွင် တိုက်ပွဲအကြိမ်ရေ ၁၁၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်မှ ၆၀၈…

မြို့စွန်ရပ်ကွက်များရှိနေအိမ်များကိုဖယ်ရှားပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ်ပြန်လည်သိမ်းဆည်းရန်ပြင်ဆင်နေ

ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ တောင်ကြီးမြို့စွန်ရပ်ကွက်များရှိအိမ်များကိုဖယ်ရှားပြီးအစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ်ပြန်လည်သိမ်းဆည်းရန်စစ်ကောင်စီကပြင်ဆင်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရပ်ကွက်အစွန်အဖျားတောင်စောင်းတွင်ရှိ နေ အိမ်များကို ပထမအကြိမ်အသိပေးစာလိုက်ကပ်ထားခြင်းများပြုလုပ်နေကြောင်းဒေသခံထံ သိရသည်။ ‟သူတို့ကစခန်းဆောက်ဖို့ဖယ်ခိုင်းတာလို့ကြားတယ် သေချာတော့မသိရဘူး ဖယ်ခိုင်းတာတော့မှန်တယ်”ဟုမြို့ဒေသခံတစ်ဦးကပြောသည်။ ကျောင်းကြီးစုရပ်ကွက် ၊ စမ်းရေတွင်း တစ်ကြော တောင်စောင်းတွင် ဆောက်လုပ်ထားသည့် နေအိမ်များကို ဇူလိုင်လ(၂၆) ရက်စွဲဖြင့် အသိပေးအကြောင်း ကြားစာ လိုက်ပို့ထားပြီး၊ အသိပေးစာ တွင် ၁၅ ရက်အတွင်း ဖယ်ရှားပေးရန်…

ပင်လောင်း- လွိုင်ကော်လမ်းမကြီး ပင်ကာလရွာအဝင် လမ်းပိုင်းမြေပြိုကျပျက်စီး

ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ ပင်လောင်း-လွိုင်ကော် အဓိကလမ်းမကြီး ပင်ကာလရွာအဝင်တွင် မြေပြိုကျပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့အနီး၊ ပင်လောင်း-ဝါးလီရွာအဆင်း၊ ပင်ကာလရွာအဝင်၌ ယနေ့မနက် ၁ နာရီခန့်တွင် မိုးရေကြီးမှုကြောင့် လမ်းပိုင်းမြေ ပြိုကျပျက်စီးသွားသည်။ ”ဒီမနက်လောက်မှာ ပြိုသွားတယ်လို့သိရတယ်၊ ချိုင့်တစ်ခုနားမှာပြိုသွားတယ်ပေါ့နော်၊ ကားတစ်စီးတော့အောက်ကျသွားတယ်၊ လူတော့နဲနဲထိသွားတယ်၊ အခုဆိုသွားလို့မရတော့ဘူး” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ လမ်းသည် ပေ ၅၀၊၆၀ ကျော်လောက်ပြိုကျပျက်စီးသွားပြီး…

ကုန်းဆွတ်ကျေးရွာအုပ်စုတွင် စစ်ရှောင်ပြီးပြန်မလာသည့်အိမ်ကို သိန်း ၃၀ ဖြင့် PNO ပြည်သူ့စစ်ငွေတောင်းနေ

ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရွာတစ်ရွာတွင် တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်ပြီး နေရပ်ပြန်မလာနိုင်သေးသည့် နေအိမ်ကို PDF ဟုစွပ်စွဲပြီး PNO ပြည်သူ့စစ်ကတစ်အိမ်သိန်းသုံးဆယ်ငွေတောင်းနေကြောင်း သြဂုတ် ၃ ရက်နေ့ကဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စု ရွာတစ်ရွာတွင် ဆီဆိုင်တိုက်ပွဲဖြစ်ပြီးနောက် စစ်ဘေးတိမ်းရှောင်ခဲ့သည့် နေအိမ် ၁၀ အိမ် ခုထိနေအိမ်မပြန်လာသည့်အတွက် PNO ပြည်သူ့စစ်က တအိမ်သားလုံးPDF ဟုစွပ်စွဲပြီး ဒဏ်ငွေရိုက်ငွေကြေးကောက်ခံနေကြောင်းသိရသည်။…

ကုန်းဆွတ်ကျေးရွာအုပ်စုတွင် စစ်ရှောင်ပြီးပြန်မလာသည့်အိမ်ကို သိန်း ၃၀ ဖြင့် PNO ပြည်သူ့စစ်ငွေတောင်းနေ

ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရွာတစ်ရွာတွင် တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်ပြီး နေရပ်ပြန်မလာနိုင်သေးသည့် နေအိမ်ကို PDF ဟုစွပ်စွဲပြီး PNO ပြည်သူ့စစ်ကတစ်အိမ်သိန်းသုံးဆယ်ငွေတောင်းနေကြောင်း သြဂုတ် ၃ ရက်နေ့ကဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စု ရွာတစ်ရွာတွင် ဆီဆိုင်တိုက်ပွဲဖြစ်ပြီးနောက် စစ်ဘေးတိမ်းရှောင်ခဲ့သည့် နေအိမ် ၁၀ အိမ် ခုထိနေအိမ်မပြန်လာသည့်အတွက် PNO ပြည်သူ့စစ်က တအိမ်သားလုံးPDF ဟုစွပ်စွဲပြီး ဒဏ်ငွေရိုက်ငွေကြေးကောက်ခံနေကြောင်းသိရသည်။…

လောင်စာဆီ ပြတ်လပ်မှုကြောင့် ယာဥ်လိုင်းပြေးဆွဲမှုရပ်နားပြီးမြို့ပေါ်အလုပ်လာလုပ်သူများအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၂၊ ၂၀၂၄ တောင်ကြီးမြို့တွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ယာဥ်လိုင်းပြေးဆွဲမှုအချို့ရပ်နားပြီးတောင်ကြီးမြို့ပေါ်အလုပ်လာလုပ်သူများအခက်ခဲကြုံတွေ့ သြဂုတ် ၂ ရက်နေ့ကဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လောင်စာဆီ ပြတ်လပ်မှုသည် မြို့တွင်းပြေးဆွဲနေ သည့်ယာဥ်လိုင်းအချို့ရပ်နားရမှုကြောင့် ​အခြေခံ လူတန်းစားသွားလာခြင်း အခက်ခဲကြုံတွေ့ရကြောင်းသိရသည်။ “ အန်တီက မြို့မစျေး မှာအလုပ်လုပ်တော့ ညဆို အေးသာယာကို လိုင်းကားနဲ့ပဲပြန်တယ်။ အဲ့တာ မနေ့ညက ဓာတ်ဆီတွေ လည်း…

တောင်ကြီးမြို့တွင် ဂက်စ်စျေးမြင့်တက်သည့်အပြင် လုံလုံလောက်လောက် မရရှိ

ခမ်းသားငေါဝ်း သြဂုတ် ၂ ၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်သုံးဂက်စ်များ ဈေးမြင့်တက်သည့်အပြင် ပစ္စည်းများပြတ်လပ်နေ​ကြောင်းဂက်စ်ဘူးဝယ်ရောင်းဆိုင်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တွင်ဇူလိုင်လနောက်ဆုံးပတ်အတွင်း အိမ်သုံးဂက်စ်များ စျေးမြင့်တက်လာသည့်အပြင် လိုအပ်သလောက်ဝယ်ယူ၍မရကြောင်းသိရသည်။ “ကျွန်တော်တို့ဆိုင်ကတစ်ခါယူရင်အဗူး ၃၀ ပဲယူတာ အဲတာတောင်ဒီတစ်ခေါက်မှာတာက ၃ ရက် ၄ ရက်လောက်ရှိနေပြီပစ္စည်းကပြတ်နေလို့မရလိုက်ဘူး၊အရင်ကကြာရင်တောင်တစ်ရက်ပဲစောင့်ရတယ်”ဟု ဂက်စ်ဘူးဝယ်ရောင်းကုန်စုံဆိုင် ဆိုင်ရှင်တစ်ဦးကပြောသည်။ အိမ်ရှင်မတစ်ဦးကလည်း”အရင်ကဂက်စ်တစ်ဗူးမှာအပြည့်ပါတယ်၊‌နောက်ပိုင်းတစ်ဝက်ပဲပါတော့တယ်၂ ခါ ၃ ခါချက်လိုက်ရုံနဲ့ကုန်သွားရော၊ခုဆိုဂက်စ်ဈေးလည်းတက်တော့အဆင်ပြေမနေဘူး”ဟုပြောသည်။…

စစ်ကောင်စီတပ်က မိုင်းရယ်မြို့မှအထိုင်ချပြီး လက်နက်ကြီး လှမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

ခမ်းသားငေါဝ်း သြဂုတ် ၂၊ ၂၀၂၄ စစ်ကောင်စီတပ်က မိုင်းရယ်မြို့ရှိ မီးတပ်ဦးစီးဌာနရုံးမှ ဟိုယ ကျေးရွာအုပ်စု အနီးနားရှိရွာများသို့ လက်နက်ကြီးနှင့်ပစ်ခတ်နေသဖြင့် မြို့တွင်းတိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြောင်း ဩဂုတ်လ ၂ ရက်နေ့တွင် စုံစမ်း သိရသည်။ ရှမ်းပြည်မြောက်ပိုင်း၊လားရှိုးခရိုင်၊မိုင်းရယ်မြို့တွင် စစ်ကောင်စီက မြို့ပြင် မီးတပ်ရုံးမှ အထိုင်ချပြီး ကိုးကန့်တပ်ရှိမည့်နေရာ ဟိုယကျေးရွာအုပ်စု အနီးနားရှိကျေးရွာများသို့ လက်နက်ကြီးဖြင့် လှန်းပစ်နေကြောင်း သိရသည်။ “မြို့ထဲမှာ…