Tag: ခမ်းသားငေါဝ်း

စစ်ကောင်မှ လက်နက်ကြီးများ နှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ခလယ်ထွီခရိုင်၊ မူးမြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟို မှ သြဂုတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ခလရ ၇၃ မှ ဩဂုတ်လ ၅ ရက်နေ့…

စက်သုံးဆီ ပြတ်လပ်မှုကြောင့် စက်လှေသမားများ အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ အင်းလေးတွင် စက်သုံးဆီပြတ်လပ် နေခြင်းကြောင့် စက်လှေပြေးဆွဲနေသူများအခက်အခဲ ဖြစ်နေကြောင်းစက်လှေသမားထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီစျေးမြင့်တက်နေပြီး အကန့်သတ်ဖြင့်သာ ရရှိနိုင်သောကြောင့် စက်လှေပြေးဆွဲသူများအခက်အခဲဖြစ်နေသည်။ ” စက်သုံးဆီတွေက စျေးအရမ်းတက်နေတယ်၊ ပြီးတော့ တစ်ချို့နေ့တွေဆိုထည့်လို့မရဘူး အကြာကြီးတန်းစီဝယ်ရတာ၊ ဒီစက်လှေနဲ့ပဲ လုပ်စားနေတာ ဆယ်စုနှစ်လောက်ရှိပြီ၊ ဒါပဲ လုပ်စားစရာရှိတယ်လေ ၊ ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင်တော့…

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲပေါင်းစပ် အရှိန်မြင့်ဆောင်ရွက်ရန် ABSDF တိုက်တွန်း

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီး အရှိန်မြင့်ဆောင်ရွက်ရန် ၃၆ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံကြီးနေ့တွင်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က တိုက်တွန်းလိုက်သည်။ ၂၀၂၄ ခုနှစ်သြဂုတ်လ ၈ ရက်နေ့ ၌ ကျရောက်သော ၃၆ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံကြီးနေ့တွင်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက သဝဏ်လွှာပေးပို့ရာတွင်တိုက်တွန်းထားသည်။ ၂၁ ရာစုနွေဦးတော်လှန်ရေး၏ထူးကဲသောဝိသေသ သည်လူထုတော်လှန်ရေးဖြစ်သည်နှင့်အညီစစ်အာဏာရှင်စနစ်အဆုံးသတ်ချူပ်ငြိမ်းရေးကိုတိုက်ပွဲဝင်ရင််းနှင့်အတူမြန်မာနိုင်ငံ၏အဓိကလိုအပ်ချက်ဖြစ်သည့်တိုင်းရင်းသားလူမျိူးအသီးသီး၏ အမျိူးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဒီမိုကရေစီရေးကိုအာမခံသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင််စုကိုတည်ထောင်ရန်နှင့်အဓိပ္ပာယ်ရှိသည့်လက်တွေ့ ကျသောနိုင်ငံရေးအခင်းအကျင်းအသစ်ကိုဦးတည်ဖော်ဆောင်နေသည့်သမိုင်းစာမျက်နှာတစ်ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း…

ဆီဆိုင်မြို့ ဇဝနာရာမ ကျောင်းတိုက် ဦးဇင်းအား Democracy Page မှ “ဆီဆိုင်မြို့ကို ဝင်လာဖျက်ဆီးဖို့ ပဒက်တွေကို ခွင့်ပေးတဲ့ ထောက်ပို့အကြီးစား” ဟု မဟုတ်မမှန်စွပ်စွဲ

ခမ်းသားငေါဝ်း ဩဂုတ်၉၊ ၂၀၂၄ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဆရာတော်ဦးကောဝိဒ၏ ယုံကြည်အားထားရသူ ဦးဇင်းဦးသုဝဏ္ဏ(ခ) ဦးဇင်းဖွားအား Democracy Page မှမဟုတ်မမှန်စွပ်စွဲခြင်းကြောင့် ဆီဆိုင်ဒေသခံအပြင် တကာများက ဆရာတော်နှင့်ဦးဇင်းအတွက် စိုးရိမ်နေကြကြောင်း သိရသည်။ ဦးဇင်း ဦးသုဝဏ္ဏသည် ဆီဆိုင်ဇဝနာရာမစာသင်တိုက်ဆရာတော် လမ်းညွန်မှုဖြင့် ကိုဗစ်ကာလတွင် အောက်စီဂျင်မပျက်လပ်ရေး အောက်စီဂျင်စက်ရုံထူထောင်ခြင်း၊ ဆီဆိုင်မြို့အတွက်လိုအပ်သည့် မီးသင်းဂျိုလ်စက်တည်ထောင်ခြင်း၊ သင်္ချိုင်းသွားသည့်လမ်းဖောက်လုပ်ပေးခြင်း၊ ရေရရှိရန်ဆောင်ရွက်ပေးခြင်း၊ လူမျိုးဘာသာခွဲခြားခြင်းမရှိဘဲ ထောင်နှင့်ချီစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးခြင်းအပြင်…

နိုင်ငံတဝန်းရှိ ရေဘေးသင့်ပြည်သူ တစ်သိန်းကျော် WFP အရေးပေါ်စားနပ်ရိက္ခာကူညီ

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၅ ခုတွင် သိန်းချီ ရေဘေးသင့်သူတစ်သိန်းကျော်ကို အရေး​ပေါ် စားနပ်ရိက္ခာ အကူအညီပေးနေကြောင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကဩဂုတ်လ ၇ ရက်က ထုတ်ပြန်ထားသည်။ ယခုနှစ် ဇွန်လကုန်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ရေလျှံမှု များကို မြန်မာနိုင်ငံရှိ လူဦးရေ ၂ သိန်းကျော် ရေဘေးသင့်များ…

လားရှိုးမြို့ ဒေသခံများ နေရပ်ပြန်နေထိုင်နိုင်ပြီဟုဆို

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ လားရှိုးမြို့တွင် ဒေသခံအများအပြား ပြန်ဝင်ရောက် နေထိုင်နေကြ ပြီးဖြစ်ကြောင်း ဩဂုတ်လ ၉ ရက်နေ့တွင် လားရှိုးမြို့ခံထံမှ သတင်းရရှိသည်။ ရှမ်းပြည်နယ်‌မြောက်ပိုင်း၊လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီး ယခုချိန်တွင် အရပ်သားများကိုပြန်နေထိုင်ခွင့်ပြုထားပြီဖြစ် ကြောင်းသိရသည်။ “ကျွန်တော်က ‌အသက်ကြီးတဲ့ မိဘတွေလည်းရှိတော့ တိုက်ပွဲဖြစ်ကတည်းက ဘယ်မှမပြေးဘူး၊လုံခြုံမယ်ထင်တဲ့ နေရာမှာ ‌‌ မြို့ထဲမှာဘဲ…

သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၄၁ ဦးကို နေရပ်ပြန်ပို့ပြီဖြစ်ကြောင်း AA ဆို

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ ရခိုင်ပြည်နယ် သံတွဲအကျဥ်းထောင် မှ အကျဥ်းသား ၃၇၂ ဦးကို ဘေးလွတ်ရာသို့ကယ်ထုတ်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၄၃ ဦးအား မိသားစုနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA ကသြဂုတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂) ဦးကို…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် ထီးရီရွာနေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ ဆီဆိုင်မြို့အရှေ့ဘက် ထီရီးရွာတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် ရွာတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ် လေးလုံးမီးလောင်ပျက်စီးခဲ့ရ ကြောင်းဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီရီးရွာထဲသို့ သြဂုတ် ၈ ရက်နေ့ခင်း ၂ နာရီအချိန်တွင် လွယ်ပွတ်ရွာအထိုင်ချသည့် စစ်ကောင်စီတပ် ၄၂၃ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းဖြစ်သည်။ ‘’ရွာထဲကိုဘယ်သူမှမဝင်ရဲဘူး၊ လက်နက်ကြီးတွေအချိန်မရွေးကျနိုင်တဲ့အခြေအနေရှိတယ်၊…

ရပ်စောက်မြို့နယ်တွင် DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၈ ဦးကို အရှင်ဖမ်းမိ

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင်ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်က DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၈ ဦးကို DPLA ပူးပေါင်းတပ်တို့က အရှင်ဖမ်းမိထားကြောင်း DPLA ထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA…

ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကိုယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ကထုတ်ပြန်ထားပါသည်။ ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ကဖော်ဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ကနေမှ အဆင့်မြှင့်ပညာရေးအထိ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲတွင် ကယန်းအမျိုးသားပညာရေးကော်မတီ KNEC နာယကကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊Thinking Classroom Foundation ဒေါက်တာ သိန်းလွင်မှ အမှာစကားပြောကြားခဲ့ကြပြီး…