Tag: ခမ်းသားငေါဝ်း

PNO ပြည်သူ့စစ်က လွယ်လုံရွာသား ၇ ဦးကိုဖမ်းဆီးပြီး ၆ ဦးကိုပြန်လွှတ်ပေး၊ ရွာသားဆိုင်ကယ်၂၈ စီးကိုလည်း သိမ်းဆည်းသွား

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ PNO ပြည်သူ့စစ်က လွယ်လုံရွာသား ၇ ဦးကိုဖမ်းဆီးပြီး ၆ ဦးကိုပြန်လွှတ်ခဲ့သော်လည်း တဦးကိုဖမ်းဆီးထားဆဲဖြစ်ပြီး ၊ရွာသားဆိုင်ကယ်၂၈ စီးကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လွယ်လုံရွာသား ၇ ဦးကို PDFနှင့်ပက်သက်သည်ဟု ဆိုပြီး PNO ပြည်သူ့စစ်ကဇူလိူင်လ၂၁ ရက်နေ့တွင် ဖမ်းဆီးပြီး သြဂုတ်လ…

ကျေးသီးမြို့နယ်တွင် SSPP ကရွာသားများကို ကင်းစောင့်ခိုင်းဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့်၊ မိုင်းယန်းအုပ်စုရှိ ရွာသားများကို SSPP/SSA တပ်ဖွဲ့များက ကင်းစောင့်ရန် ပြောကြောင်း ဩဂုတ် ၁၂ ရက်တွင် ဒေသခံထံက စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့် မိုင်းယန်းအုပ်စု ကျေးရွာရှိ ရွာသားများကို တစ်ရက်လျှင် တစ်ယောက် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတပ်စွဲထားသည့်နေရာတွင် ကင်းစောင့်ရန် ပြောကြောင်း ရွာသားများထံမှ သတင်းရရှိသည်။…

မှတ်ပုံတင်မရှိဘဲ အွန်လိုင်းတွင် ဈေးရောင်းချသူများကို ဥပဒေပုဒ်မ ၅ နှင့်အရေးယူဟု စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊ ၂၀၂၄ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းတွင်ဈေးရောင်းချသူများအား စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဥပဒေပုဒ်မ ၅ နှင့်အရေးယူသွာဟု ဩဂုတ် ၉ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေနှင့် မှတ်ပုံတင်များလျှောက်ထားရန်အတွက်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်…

မြန်မာနိုင်ငံတွင်နေ့စဉ် လုပ်ခ ၆၈၀၀ ကျပ်အဖြစ်တိုးမြင့်သတ်မှတ်

ခမ်းသားငေါဝ် ဩဂုတ် ၁၁၊ ၂၀၂၄ မြန်မာနိုင်ငံတွင်နေ့စဉ် လုပ်ခကို ငွေကျပ် ၆၈၀၀ ကျပ်အဖြစ်တိုးမြင့်သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်နေ့စဉ် လုပ်ခကို ငွေကျပ် ၆၈၀၀ ကျပ်အဖြစ်တိုးမြင့်သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကသြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ယင်းသတ်မှတ်ချက်ကို သြဂုတ်လ ၁ ရက်နေ့တွင်စတင်ပြီး အကျုံးဝင်မည်ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည့်စာထဲ့တွင် ပြောထားပါသည်။…

တောင်ကြီးမြောက်ဘက်နှင့် ရပ်စောက်မြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် RCSS/SSA မှဆန်တစ်အိတ်အတွက်ဟုဆိုကာ ဆက်ကြေး ကောက်ခံနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊ ၂၀၂၄ တောင်ကြီးမြောက်ဘက်နှင့် ရပ်စောက်မြို့နယ်ရှိကျေးရွာတစ်ချို့တွင် RCSS/SSA က ဆန်တစ်အိတ်အတွက်ဟုဆိုကာ ဆက်ကြေး တစ်အိမ်တစ်သိန်းကောက်ခံမှုရှိနေကြောင်း ဩဂုတ် ၁၁ ရက်နေ့တွင်ဒေသခံထံက သိရသည်။ တောင်ကြီးမြောက်ဘက် ညောင်းစဲဉ်းရွာ၊ ရေပုတ်ရွာနှင့် ရပ်စောက်မြို့နယ်ရှိ လဲလောင်းရွာ၊ မုဲင်းတွိုင်တမွူးရွာတို့တွင် ဆန်တအိတ်အတွက်ဟုဆိုကာ ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA တစ်အိမ်လျှင်တစ်သိန်းကျပ် ကောက်ခံနေသည်။ “ကြားကောင်းအောင်လို့ ဆန်တောင်းတာပေါ့ တအိတ်ဆိုပြီး ငွေတစ်သိန်းကျပ်နဲ့ဖြတ်ပြီး…

ကားနှင့်ဆိုင်ကယ်တိုက်ပြီး နေရပ်နှင့်အမည်မသိအမျိုးသားတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊ ၂၀၂၄ အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်ပြီး နေရပ်နှင့်အမည်မသိ အမျိုးသားတစ်ဦးပွဲချင်းသေဆုံးသွားကြောင်း သြဂုတ်လ ၁၁ ရက်နေ့တွင် နာရေးကူညီမှုအသင်း အောင်ပန်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ပင်းတယလမ်းလှည်းရိုး စာသင်ကျောင်းအကျော်လမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိသောကြောင့် အမျိုးသားတစ်ဦးပွဲချင်း သေဆုံးသွားသည်။ “မျက်နှာမှာ ပွန်းပဲ့တာလောက်ဘဲတွေ့ရတယ်ဗျ ကျွန်တော့်အထင်တော့ ခေါင်းထိတာထင်တယ်ဗျ ခုလောလောဆယ်တော့ အောင်ပန်းပြည်သူ့ဆေးရုံမှာ တင်ထားပြီးခွဲစိတ်နေတုန်းပါ ကျွန်တော်ခန့်မှန်းရသလောက်တော့အသက် ၃၅ နဲ့…

စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၄၈ ကို မိုးကုတ်ဗျူဟာနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲများသိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊ ၂၀၂၄ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၄၈ ကို မိုးကုတ်ဗျူဟာနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ ၁၄၈)ကို မိုးကုတ်ဗျူဟာနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ များကက ဩဂုတ် ၉ ရက်နေ့တွင် သိမ်းပိုင်နိုင်ခဲ့ကြောင်း ဆိုထားသည်။ ခြေလျင်တပ်ရင်းခလရ ၁၄၈ ကို…

ဆီဆိုင်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား

ခမ်းသားငေါဝ်း သြဂုတ် ၁၁၊ ၂၀၂၄ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကယနေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကယနေ့တွင် ထုတ်ပြန်ထားသည်။ “မနေ့က ဆီဆိုင်မြို့နယ် အရှေ့ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။သုံ့ပန်း ၁ ဦး…

ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတွင်ကလေးအများစု ရာသီတုပ်ကွေး​ကြောင့်ဖျားနာနေကြ

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ကလေးများ ရာသီတုပ်ကွေးအဖြစ်များနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ခြင်၊ယင်ပေါများသောရာသီဖြစ်နေသည့်အပြင် သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်မှု မရှိခြင်းကြောင်း ကလေးများရာသီတုပ်ကွေး ဖြစ်ပွားနေသည်။ ” အဓိက ကလေးတွေဖျားတာများတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကူးကြတာ၊ ဒီမှာက ခြင်ကောင်တွေပေါတယ်၊ ပြီးရေကသိပ်မသန့်ဘူး၊ မိုးရေပဲအဓိကခံသုံးရတာ၊ ယင်လုံအိမ်သာတွေလည်း လုံလောက်မှုမရှိတဲ့ အခြေအနေတွေကြောင့် ရောဂါ…

နားဘောင်စျေးရောက် စစ်ရှောင်များ စားဝတ်နေရေး အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ တောင်ကြီးမြို့နယ်၊နားဘောင်ဈေးရောက် စစ်ရှောင်များသည် အစားအသောက်အခက်ခဲဖြစ်နေကြောင်းစစ်ရှောင်ကူညီသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊နားဘောင်ဈေးတွင်စစ်ရှောင် ဦးရေ (၆၀) ဝန်းကျင်ရှိပြီး စားနပ်ရိက္ခာအကူညီများလိုအပ်နေကြောင်းသိရသည်။ “ဒီထဲမှာကျောင်းနေအရွယ်ခလေးအယောက်၂၀ ကျော်ပါတယ်၊ အဓိကလိုအပ်တာကဆန်နဲ့ဆီပါ”ဟုစစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။ သြဂုတ်လ(၈)ရက်နေ့တွင်လည်းနားဘောင်ရှိစစ်ဘေးရှောင်များအတွက်ဖြူစင်ပရဟိတအသင်းနှင့်လမ်းပြကြယ်လေးများပရဟိတအဖွဲ့တို့ကအဝတ် အထည်များလာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ #PPV0012 #နားဘောင်စျေး #စစ်ဘေးရှောင် #အကူအညီလိုအပ်