Tag: ခမ်းသားငေါဝ်း

စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကရှေ့တန်းပို့

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ဆိဆိုင်တွင် စစ်ဘေးရှောင်ရာက ပြန်လာသည့်လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူပြီး သေနတ်တပ်ဆင်ပေးကာ ရှေ့တန်းပို့နေကြောင်းဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိဆိုင်မြို့နယ် ကျေးရွာဖက်တွင် စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူကာ သေနတ်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ ပို့နေသည်။ “သင်တန်း ၅ ရက်တောင်မတက်ရဘူး PNO ကရှေ့တန်းပို့ပြီ။ ဖုန်းလည်းသိမ်းထားတယ်။ အဆက်သွယ်မရဘူး။…

ပင်းတယမြို့နယ်တွင် စစ်မှုထမ်းအတွက်လူငှားရန် ပြည်သူထံ တအိမ်နှစ်သိန်းခွဲထိ ငွေကြေးကောက်ခံမှုရှိနေ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၄ ပင်းတယမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ် စစ်မှုထမ်းခေါ်ရာ ရွာခံလူငယ်မလိုက်နိုင်ခြင်းကြောင့် လူငှားရန် တစ်အိမ်ကို ငွေနှစ်သိန်းခွဲကောက်ခံနေကြောင်း ဒေသခံကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းလီကျေး ရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ ခေါ်သည့် စစ်မှုထမ်းအတွက် မဲနိုက်ခြင်းအစီစဉ်ကို ဒေသခံရွာသားများကလက်မခံသဖြင့် အစည်းအဝေးလုပ်ပြီး စစ်မှုထမ်းအတွက်လူငှားရန် ငွေကြေးကောက်ခံခြင်းများပြုလုပ်နေ သည်။ ‘’ရွာခံတွေက စိုက်ပျိုးရေးဖြစ်တဲ့ ပြောင်းနဲ့…

စပါးခင်းများ ဧကထောင်ချီပျက်စီးသွားသောကြောင့် ကရင်နီပြည်သူများ စားနပ်ရိက္ခာစိုးရိမ်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ရေကြီးမှုကြောင့် စပါးခင်းများ ဧကထောင်ချီပျက်စီးသွားသောကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်နေရကြောင်း ဒေသခံလယ်သမား ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရေကာတာကို ရေဖောက်ချမှုနှင့် အတူ မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့် ကရင်နီပြည်ရှိ စပါးခင်းဧက ထောင်ချီ ရေနှစ်မြုပ်သွားကာ ယခုနှစ်စားနပ်ရိက္ခာအတွက် ပြည်သူများစိုးရိမ်နေကြသည်။ ” ဒီနှစ်ရေကြီးတာနဲ့ စပါးခင်းတွေပျက်ကုန်ပြီ၊ ဘယ်လိုမှလုပ်လို့မရတော့တဲ့အခြေအနေပေါ့နော်၊ အရင်နှစ်က ကျန်တဲ့စပါးတွေလည်းကုန်တော့မယ်၊ ရှေ့ဆက်ဘာနဲ့စားရမလည်း မသိတော့ဘူး၊…

NCA လက်မှတ်ထိုးထားသည့် RCSS/SSA က တောင်ကြီးမြို့နယ်ထိ တစ်အိမ်တစ်သောင်းကျပ် ဆက်ကြေးကောက်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၄ တောင်ကြီးမြို့မြောက်ဘက်တကြောတွင် ယခုရက်ပိုင်းအတွင်း NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်က တစ်အိမ်တစ်သောင်းနှုန်းဖြင့် ဆက်ကြေးကောက်ခံ နေကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော်တောင်ကြီးကပ်ရက် မြောက်ဘက်တကြောကျေးရွာများတွင် RCSS/SSA တပ်ဆက်ကြေးကောက်ခံသည့် တစ်အိမ်တစ်သောင်းကို ထည့်ပေးလိုက်ရပြီ ဟုသိရသည်။ ‘’ တစ်အိမ်တစ်သောင်းက အိမ်ခြေနည်းတာမဟုတ်ဘူး ဒီပိုက်ဆံကသူတို့ရသွားပြီ မထည့်လို့လည်းမရဘူး၊ ရွာတာဝန်ခံကိုခေါ်အစည်းဝေးလုပ်ပြီး ကောက်တာ၊…

နောင်ချိုနှင့်သီပေါမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှလေကြောင်းဖြင့် (၂၆)ကြိမ်တိုက်ခိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ နောင်ချိူနှင့်သီပေါမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှလေကြောင်းဖြင့်(၂၆)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA မှယနေ့ညတွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသည်။ နောင်လင်ရွာ၌ တပ်မ(၉၉)လက်အောက်ခံခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၂၅)တပ်နှင့် သော်လည်းကောင်း ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။…

တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ လူငယ်စကားဝိုင်း ဆွေးနွေးချက်အရသိရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃ ၊ ၂၀၂၄ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် လူငယ်စကားဝိုင်းပြုလုပ်စဉ် တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန်လိုအပ်ကြောင်း ဆွေးနွေးချက်များအရ သိရသည်။ လူငယ်စကားဝိုင်းတွင် လူငယ်နှင့်လူငယ်အနာဂတ်အတွက်လည်းဆွေးနွေးခဲ့ကြောင်းထိုသို့ ဆွေးနွေးစဉ် တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန်လိုအပ်သည့်အကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ “ဒီချိန်တော်လှန်ရေးကာလမှာ လူငယ်တွေကိုယ်စီ တစ်ဦးချင်းစီကသူတို့ရဲ့ ဘဝတွေ၊ အနာဂတ်တွေကို ပေးဆပ်ပြီးတော့မှ လောင်းကြေးထပ်ပြီးတော့မှ…

စစ်သင်တန်းတက်မှ နေအိမ်ပေးပြန်သ​ည့်​ အတွက်ဒေသခံများအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၃၊၂၀၂၄ ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်ထဲဝင်မှရွာပေးပြန်မည်ပြောသဖြင့် ဒေသခံများကအခက်အခဲဖြစ်နေရကြောင်း ဩဂုတ်လ(၁၃)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ဇွန်လနောက်ဆုံးပတ်၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့၍ ဒေသခံများစစ်ဘေးတိမ်းရှောင်နေခဲ့ရပြီး ယချိန်ထိနေရပ်ပြန်ရန်အခက်ခဲရှိနေ ကြောင်းသိရသည်။ “သူတို့က စစ်သင်တန်းမတက်ရင်ရွာပေးမပြန်ဘူးပြောတော့ အများစုကတက်လိုက်ရတယ်၊ ရွာသားတွေရဲ့ဆန္ဒမပါပဲ သူတို့ကစစ်မဝင်ရင်ရွာပေးမပြန်ဘူးပြောလို့ လိုက်လုပ်နေရတာ၊ သင်တန်းကတခါးယဥ်ရွာမှာ (၃)ရက်သွားတက်ရတယ်၊ ရွာထဲကလူအကုန်နီးပါးလည်း စစ်သင်တန်းတက်ပြီးကြပြီ အခုတော့သူတို့ကရွာမှာ…

နောင်ကျောကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်‌နေသောကြောင့် ရွာသားများစစ်ဘေးရှောင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ယနေ့တွင် ရွာသားများရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ပင်ငို၊ ကောင်ဝိန်၊ နောင်ကျော်၊နောင်သဲင်ရွာတွင် သြဂုတ်လ ၁၃ ရက် မနက် ၆ နာရီကျော် အချိန်တွင်တိုက်ပွဲဖြစ်သောကြောင့် ရွာသားများစစ်ဘေးရှောင်နေရကြောင်း သိရသည်၊၊ “ကြိုလည်းမရှောင်ခိုင်ဘူး တိတ်တိတ်လေးဘဲ လာတိုက်နေတယ် တစ်ချို့ဆိုတစ်နေ့လုပ်မှ တစ်နေ့စားဘဲစားရတာ…

ရှမ်းမြောက်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူသေဆုံးမှု ၉၀ ဦးထိရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ ရှမ်းမြောက်တွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် ဇူလိုင်လအတွင်း အရပ်သားပြည်သူသေဆုံးမှု (၉၀)ဦးရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဩဂုတ်လ(၁၃)ရက်နေ့ ထုတ်ပြန်ထားသည်။ ရှမ်းမြောက်တွင် ဇွန်လ(၂၅)ရက်နေ့မှစကာ “၁၀၂၇စစ်ဆင်ရေး” ဒုတိယတစ်ကျော့ပြန်လည်စတင်ခဲ့ပြီး ဇူလိုင်လအတွင်း ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ နောင်ချို၊ သီပေါ၊ သိန္နီစသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ(၉၀)ဦးသေဆုံးခဲ့ရပြီး (၈၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း…

တကောင်းမြို့ကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ)နှင့်ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ တကောင်းမြို့ကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို သြဂုတ်လ ၁၂ ရက်နေ့တွင် အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များ တကောင်းတိုက်နယ် (ပကဖ) များ…