Tag: ခမ်းသားငေါဝ်း

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းဂူအတွင်းရေကြီးရေလျှံမှုဖြစ်ပွားနေ

ခမ်သားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းဂူအတွင်းရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဩဂုတ် ၂၆ ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ ဂူအတွင်းရှိချောင်းရေများမြှင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ရက်ပိုင်းကမိုးတော်တော်ရွာလို့ ဂူအတွင်းမှာရှိတဲ့ချောင်းရေနဲ့တောင်ကျရေတွေ ရောပါလာတော့ရေတက်လာတာပေါ့၊ သွားလို့တော့ရတယ် အဆုံးထိတော့မရတော့ဘူးပေါ့” ဟုဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဟိုပုံးထမ်းစမ်းဂူသွားလမ်းအနီးတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်…

ဆီဆိုင်မြို့နယ် တောတောင်အတွင်း စစ်ရှောင်သူများ စားနပ်ရိက္ခာနှင့်မိုးကာများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း သြဂုတ် ၂၆၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊တောင်ယာတောအတွင်း စစ်ဘေးရှောင်နေရသူများ စားနပ်ရိက္ခာ၊အမိုးအကာများ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော လွယ်ထွယ်ရွာမှ အိမ်ထောင်စု (၁၂၀)၊လူဦးရေ(၆၀၀)ကျော်သည် လက်ရှိတွင် တောင်ယာတောထဲ တဲထိုးပြီး အဆင်ပြေသလိုနေထိုင် စားသောက်နေရပြီး အခြေခံစားသောက်ကုန်၊ ဆန်၊ဆီ၊ဆားနှင့် အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။ “မိုးရွာရင် ပိုပြီး ဒုက္ခရောက်ကြတယ်။လိုအပ်ချက်တွေတော့ အများကြီးပေါ့။ကိုယ်တိုင်သွားနိုင်သူများ သွားရောက်ကူညီပေးစေချင်တယ်”ဟု…

သပိတ်ကျင်းမြို့ကို ပြည့်သူကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း ဩဂုတ် ၂၆ တွင်အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂…

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း TNLA သတင်းထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ နောင်ချိုမြို့နယ်တွင် စစ်အင်အားဖြည့်တင်းနေသော စစ်ကောင်စီနှင့် တိုက်ပွဲဆက်လက်ဖြစ် ပွားနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လ (၂၅)ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေချိုမြို့တွင် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးအပိုင်း(၂)၊ (၆၂) ရက်မြောက် စစ်ရေးသတင်းထုတ်ပြန်ချက်အဖြစ် တအာင်းပြည် တပ်မဟာ (၂)၊ နယ်မြေ နောင်ချိုမြို့နယ် မကျီးရေကျေးရွာတွင်…

လားရှိုးမြို့တွင် ခိုးယူခံထားရသည့် မော်တော်ယာဉ်များ အမြန်ဆုံးလာယူရန် MNDAA အသိပေးထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ လားရှိုးမြို့တွင် ဩဂုတ်လ ၃ ရက်နေ့မှစတင်ကာ လွတ်မြောက်ရေးရရှိခဲ့ပြီဖြစ်သည့်အတွက် ခိုးယူခံထားရသည့် ကား၊ ဆိုင်ကယ်အား ယာဉ်ပိုင်ဆိုင်သတ်သေလက်မှတ်နှင့်အတူ အမြန်ဆုံးလာယူရန်ဖိတ်ခေါ်ကြောင်း MNDAA ကဩဂုတ် ၂၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ပွဲအတွင်း အချို့သောရာဇဝတ်ကောင်များသည် အခွင့်ကောင်းယူပြီး မော်တော်ယာဉ်များနှင့် ပုဂ္ဂလိကပိုင်အိမ်တွင်းပစ္စည်းများ ခိုယူမှုရှိရာ ယခုလွတ်မြောက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ…

စစ်ကောင်စီက ပြည်သူများအားဦးတည်ကာ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် တစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ ဩဂုတ်လ ၂၄ ရက်နေ့၌ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ၊တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် ပြည်သူများအား ဦးတည်ကာ စစ်ကောင်စီကလက်နက်ကြီး(၆)လုံးပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရပြီး သီပေါမြို့ရွှေကျောင်းရပ်ကွက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ခြင်းကြောင့် အသက်(၆၀)ကျော်အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ဒဏ်ရာနှင့် ပွဲချင်းသေဆုံးခဲ့ကြောင်း…

PRF ထောက်ပို့ရေးမိသားစုတွေကို အသိအမှတ်ပြုကြောင်း NUG ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးဆို

ခမ်းသားငေါဝ်း ဩဂတ် ၂၅၊ ၂၀၂၄ PRF ထောက်ပံ့ရေးမိသားစုတွေကို တော်လှန်ရေးရဲဘော်အဖြစ် အသိအမှတ်ပြုကြောင်း NUG ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးက ဩဂုတ် ၂၄ ရက်တွင်ဆိုထားသည်၊၊ ပြည်ထောင်ကာကွယ်ရေးဝန်ကြီးဌာနမှ စီစဥ်ပြုလုပ်နေသည့် PRF မိသားစုဝင် ပြည်သူ့တော်လှန်ရေး ထောက်ပို့ရေးအစီစဥ်တွင် တော်လှန်ရေးအောင်ပွဲဆက်လက်ရတဲ့ထိ အင်မတန်မှအရေးကြီးသည့်အတွက် ထောက်ပို့ဆောင်ရွက်သည့်ရဲဘော်များကို တော်လှန်ရေးရဲဘော်အဖြစ်အသိအမှတ်ပြုကြောင်း NUG ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးကဆိုသည်၊၊ “စစ်သားတစ်ယောက် ရှေ့တန်းတက် တိုက်ပွဲဝင်ဖို့ နောက်ကနေထောက်ပို့လုပ်ပေးတဲ့ရဲဘော် အနည်းဆုံးငါးဦးလောက်လိုတယ်လို့…

မောင်တောမြို့ကို မကြာခင် အလုံးစုံထိန်းချုပ်နိုင်တော့မည်ဟု AA ထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊ ၂၀၂၄ မောင်တောမြို့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေလျှက်ရှိပြီး မကြာခင်တွင် အလုံးစုံထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေလျှက်ရှိပြီး မောင်တောမြို့သည် အာရက္ခတပ်တော် AA ၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ ဖြစ်လာတော့မည်ဟု AA က ဆိုထားသည်။ မောင်းတောမြို့တွင်…

ကျောက်နီတိုက်နယ်အတွင်း စစ်မှုထမ်းအတွက်နှင့် RCSS ဆက်​ကြေးအတွက် ငွေကောက်ခံမှုကြောင့် ဒေသခံအခက်ခဲဖြစ်

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ ကျောက်နီတိုက်နယ် ရှိကျေးရွာများတွင် စစ်မှုထမ်းအတွက်နှင့် RCSS ဆက်​ကြေးအတွက် ငွေကောက်ခံမှုကြောင့် ဒေသခံအခက်ခဲဖြစ်နေရကြောင်း ဒေသခံကပြောသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ‌ကေျာက်နီတိုက်နယ်အတွင်းရှိကျေးရွာများတွင် စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ၅ သောင်းနှုန်းနှင့် RCSS ဆက်ကြေးအတွက်တစ်အိမ် တစ်သောင်း ငွေကြေးကောက်ခံနေကြောင်းသိရသည်။ “ကျောက်နီတိုက်နယ်ကအကုန်ထည့်ပေးရတယ် အခုကငွေကြေး အရမ်းကြပ်တဲ့ကာလလေ ဒါပေမယ့် ထည့်ပေးရတာပဲ”ဟု ဒေသခံ…

ဆီဲဲဆိုင်မြို့တွင်တစ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ် ၅၀ နီးပါးသေဆုံး

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ PNLA ရှိသည့်နေရာများသို့ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာခြင်းကြောင့် သြဂုတ်လတစ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွား စစ်ကောင်စီ တပ် ၅၀ နီးပါးသေဆုံး ခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးခဲ့ပြီး အလောင်း ၃၁ လောင်း ကျန်ရှိခဲ့ကာကျန်ရှိခဲ့သည့်…