Tag: ခမ်းသားငေါဝ်း

ပင်လုံမြို့တွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ ပင်လုံမြို့၊ပေါင်းလိုင်ကျေးရွာအနီးတွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဩဂုတ်လ (၂၆) ရက်တွင် စစ်ကောင်စီလက်အောက် CCDAC Myanmar မှ ဖော်ပြထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်ကျေးရွာ အနီးတွင် ဩဂုတ်လ(၂၄)ရက်နေ့က စစ်ကောင်စီလက်အောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ်…

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြသနာအဖြစ် သတ်မှတ်ထားသည့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်ပြီး NUG အသိပေး

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ Mpox ကျောက်ရောဂါ လက္ခဏာများသည် ပုံမှန်အားဖြင့် ရောဂါပိုးနှင့် ထိတွေ့ပြီး တစ်ပတ်အတွင်း စတင်ပေါ်ပေါက်လေ့ရှိသော်လည်း ၁ ရက်မှ ၂၁ ရက်အကြာတွင်လည်း စတင်ပေါ်ပေါက်နိုင်သည့်အတွက် ရောဂါနှင့်ပတ်သက်ပြီး NUG ကအသိပေးထုတ်ပြန်ထားသည်။ Mpox ကျောက်ရောဂါလက္ခဏာများသည် အရေပြားနှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် အနီစက်၊ အနီကွက်များ၊ အရည်ကြည်ဖုများ၊ ပြည်ဖုများထွက်ခြင်း၊ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ကြွက်သားများ…

ဒေသခံ ရွာသား၏ ဆန်များကို ခွန်မြင့်ထွန်းတို့အဖွဲ့ဦးဆောင်သည့် တောင်ဘက်ကအဖွဲ့ တို့ ဓားမြတိုက် ယူပြန်သွားသည်ဆိုသည့် သတင်းအမှား

The People’s Voice – ခမ်းသားငေါဝ်း Fact-check သတင်းအမှား ဖြန့်ဝေသူ – PA-O Pay Facebook page အကြောင်းအရာ – ဆီဆိုင်မြို့နယ်၊ လွယ်သောဝ်ကျေးရွာတွင် စစ်ကောင်စီတပ်၊ လက်အောက်ခံ PNO တို့နှင့် PNLA ၊ PNDF-KK နှင့်မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း အပြီးတွင် ရွာသူရွာသား ဒေသခံများ၏ ဆန်များ…

ထူးခြားသည့် တပ်သားသစ် ကြိုဆိုပွဲအခမ်းအနားကို ကိုးကန့်တပ်မတော် MNDAA ပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ ကိုးကန့်တပ်မတော် MNDAA ထံသို့ ဗမာလူမျိုး ၁၃ ဦးက တပ်သားသစ် အဖြစ် ဝင်ရောက်ခဲ့ကြသည့်အတွက်ကြောင့် ထူးခြားသည့် တပ်သားသစ် ကြိုဆိုပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း MNDAA ကသတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီရဲ့ ဒုတိယအတွင်းရေးမှူး Mr. Li Xinhai နှင့်…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းဂူအတွင်းရေကြီးရေလျှံမှုဖြစ်ပွားနေ

ခမ်သားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းဂူအတွင်းရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဩဂုတ် ၂၆ ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ ဂူအတွင်းရှိချောင်းရေများမြှင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ရက်ပိုင်းကမိုးတော်တော်ရွာလို့ ဂူအတွင်းမှာရှိတဲ့ချောင်းရေနဲ့တောင်ကျရေတွေ ရောပါလာတော့ရေတက်လာတာပေါ့၊ သွားလို့တော့ရတယ် အဆုံးထိတော့မရတော့ဘူးပေါ့” ဟုဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဟိုပုံးထမ်းစမ်းဂူသွားလမ်းအနီးတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်…

ဆီဆိုင်မြို့နယ် တောတောင်အတွင်း စစ်ရှောင်သူများ စားနပ်ရိက္ခာနှင့်မိုးကာများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း သြဂုတ် ၂၆၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊တောင်ယာတောအတွင်း စစ်ဘေးရှောင်နေရသူများ စားနပ်ရိက္ခာ၊အမိုးအကာများ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော လွယ်ထွယ်ရွာမှ အိမ်ထောင်စု (၁၂၀)၊လူဦးရေ(၆၀၀)ကျော်သည် လက်ရှိတွင် တောင်ယာတောထဲ တဲထိုးပြီး အဆင်ပြေသလိုနေထိုင် စားသောက်နေရပြီး အခြေခံစားသောက်ကုန်၊ ဆန်၊ဆီ၊ဆားနှင့် အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။ “မိုးရွာရင် ပိုပြီး ဒုက္ခရောက်ကြတယ်။လိုအပ်ချက်တွေတော့ အများကြီးပေါ့။ကိုယ်တိုင်သွားနိုင်သူများ သွားရောက်ကူညီပေးစေချင်တယ်”ဟု…

သပိတ်ကျင်းမြို့ကို ပြည့်သူကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း ဩဂုတ် ၂၆ တွင်အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂…

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း TNLA သတင်းထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊ ၂၀၂၄ နောင်ချိုမြို့နယ်တွင် စစ်အင်အားဖြည့်တင်းနေသော စစ်ကောင်စီနှင့် တိုက်ပွဲဆက်လက်ဖြစ် ပွားနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လ (၂၅)ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေချိုမြို့တွင် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးအပိုင်း(၂)၊ (၆၂) ရက်မြောက် စစ်ရေးသတင်းထုတ်ပြန်ချက်အဖြစ် တအာင်းပြည် တပ်မဟာ (၂)၊ နယ်မြေ နောင်ချိုမြို့နယ် မကျီးရေကျေးရွာတွင်…

လားရှိုးမြို့တွင် ခိုးယူခံထားရသည့် မော်တော်ယာဉ်များ အမြန်ဆုံးလာယူရန် MNDAA အသိပေးထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ လားရှိုးမြို့တွင် ဩဂုတ်လ ၃ ရက်နေ့မှစတင်ကာ လွတ်မြောက်ရေးရရှိခဲ့ပြီဖြစ်သည့်အတွက် ခိုးယူခံထားရသည့် ကား၊ ဆိုင်ကယ်အား ယာဉ်ပိုင်ဆိုင်သတ်သေလက်မှတ်နှင့်အတူ အမြန်ဆုံးလာယူရန်ဖိတ်ခေါ်ကြောင်း MNDAA ကဩဂုတ် ၂၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ပွဲအတွင်း အချို့သောရာဇဝတ်ကောင်များသည် အခွင့်ကောင်းယူပြီး မော်တော်ယာဉ်များနှင့် ပုဂ္ဂလိကပိုင်အိမ်တွင်းပစ္စည်းများ ခိုယူမှုရှိရာ ယခုလွတ်မြောက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ…

စစ်ကောင်စီက ပြည်သူများအားဦးတည်ကာ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် တစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ ဩဂုတ်လ ၂၄ ရက်နေ့၌ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ၊တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် ပြည်သူများအား ဦးတည်ကာ စစ်ကောင်စီကလက်နက်ကြီး(၆)လုံးပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရပြီး သီပေါမြို့ရွှေကျောင်းရပ်ကွက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ခြင်းကြောင့် အသက်(၆၀)ကျော်အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ဒဏ်ရာနှင့် ပွဲချင်းသေဆုံးခဲ့ကြောင်း…

You missed