Tag: ခမ်းသားငေါဝ်း

ခရမ်းချဥ်သီး တပိဿာ ၃၀၀ ကျပ်ထိဈေးထိုးကျသဖြင့် တောင်သူများအရှုံးဖြင့်ရင်ဆိုင်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ ခရမ်းချဥ်သီး တပိဿာကို ၃၀၀ ကျပ်ထိထိုးကျသွားသဖြင့် တောင်သူများအရှုံးများဖြင့်ရင်ဆိုင်နေရကြောင်း ခရမ်းချဥ်သီးစိုက်တောင်သူများထံမှ သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊နောင်တရား၊တီကျစ်ဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသေးသော်လည်း ယခုတွင် တစ်ပိဿာ ၃၀၀ နှင့် ၄၀၀ ကြားသာ ရရှိနေသည့်အတွက် တောင်သူများအရှုံးဖြင့်ရင်ဆိုင်နေကြရကြောင်းသိရသည်။ “ခုဆို တစ်ပိဿာ၃၀၀၊၄၀၀ဘဲကျန်တယ်။ ဝယ်မယ့်သူတောင်မရှိဘူး။ ကုန်စည်အမျိုးမျိုးစျေးတက်နေတာ…

ရဲအင်အားပြည့်မီဖို့အသက် ၁၈ နှစ်အထက်များပါဝင်ဖို့ KSP ဖိတ်ခေါ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ ကရင်နီပြည်ရဲဌာန(KSP) ဖွဲ့စည်းခြင်း ၃ နှစ်အတွင်းရဲတပ်သား အင်အား ( ၁၀၀၀ ) ပြည့်ရန်မျော်မှန်းထားသော်လည်း ရဲအင်အား ၆၀၀ ကျော်သာရှိသေးတာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသား ပြည်သူများ ပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း KSP သတင်းနှင့်ပြန်ကြား‌ရေးဌာနထံမှ သိရသည်။ လက်ရှိ ရဲဌာနမှာ အဖွဲ့ဝင်တွင်အနေဖြင့် အမျိုးသား (…

တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီပုံမှန်အတိုင်းပြန်လှည်ရရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီများပုံမှန်အတိုင်းပြည်လှည်ရရှိနေပြီး ရပ်ကွက်တွင်ရှိ ဆီဆိုင်သေးနှင့် အိမ်ဆိုင်များသည် ဆီစျေးများကြီးနေသေးကြောင့်ကို ဩဂုတ်လ ၂၈ ရက်နေ့ ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများဖြင့်သည့် BOC ဆိုင်များ၌ ဆီကိုအချိန်ကြာမြင့်စွာ ဆီတန်းစီစရာမလိုတော့ဘဲ ပုံမှန်အတိုင်းပြန်လည် ရရှိနေပြီး ရပ်ကွက် ဆိုင််များရှိ ဆီစျေးသည် ဆီဆိုင်ကြီးထက် နှစ်ဆ…

စစ်ကောင်စီတပ်ကလေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်ပျက်စီးမှုရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ လားရှိုးမြို့နယ်၊ သံလွင်စံပြကျေးရွာတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်ပျက်စီးမှုရှိကြောင်း ဩဂုတ်လ (၂၈)ရက်တွင် စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် သံလွင်စံပြကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ (၂၄)ရက်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်ပျက်ဆီးမှုများရှိပြီး လူသေဆုံးမှု မရှိကြောင်း…

ဟဲဟိုးမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ ဟဲဟိုးမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဩဂုတ်လ (၂၇)ရက်တွင် မီးတပ်ဦးစီးဌာနမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ မိုင်တိုင်အမှတ်(၉၇/၇) နှင့် (၉၈/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားနှစ်ဦးအနက် တစ်ဦးထိခိုက်ဒဏ်ရာရ (သေဆုံး)ပြီး ကျန်တစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်ရာတွင် ကလောမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊…

ပင်လောင်းတွင် မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်စခန်းရှိတဲအချို့ ရေနှစ်မြှုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်စခန်းရှိ တဲအချို့ ရေနှစ်မြှုပ်ပြီး စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရသောကြောင့် အခက်အခဲများကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ဆောင်းခါး-နန်းထာရွာမြေနိမ့်ပိုင်းရှိ စစ်ရှောင်စခန်းမှ တဲအချို့တွင် ယခုတပတ်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေနှစ်မြှုပ်သွားပြီး စစ်ရှောင်များအခက်အခဲကြုံတွေ့နေရသည်။ “အခုတလောမိုးရွာတာအရမ်းများတယ်၊ စစ်ရှောင်စခန်းမှာ တဲအချို့ရေနှစ်မြှုပ်တာတွေရှိတယ် သူတို့ကထပ်မံပြီးရှောင်နေရတယ်၊ အခက်အခဲဖြစ်နေကြတော့ အကူအညီလည်းလိုအပ်တာပေါ့”…

သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးကျော်အား သင်းဂြိုလ်ပေးခဲ့ကြေောင်း AA ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ မောင်တောမြို့နယ်တွင်(၃)ရက်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့ပြီး သင်းဂြိုလ်ပေးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)ကသြဂုတ်လ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် သြဂုတ် လ(၂၄ )ရက်မှ(၂၆)ရက်အထိမောင်တောမြို့တိုက်ပွဲအတွင်းစစ်ကောင်စီအလောင်း(၁၀၀)ကျော်ကိုမြေမြှပ်သဂြိုလ်ပေးခဲ့ပြီး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်းဆိုထားသည်။ မောင်တောအမှတ်(၂)ရပ်ကွက်ရှိဖေဇီရွာနှင့် မောင်နီရွာအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်းပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ARA#တပ်ဖွဲ့ဝင်များ၏ခံစစ်နေရာအများစုကိုအာရက္ခတပ်တော်မှသိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။ ထို့အပြင်သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နှင့်ဂွမြို့နယ် ကျိန္တလီမြို့အနီးကျောက်ပါးစပ်ကျေးရွာအနီးတို့တွင်လည်း စစ်ကောင်စီတပ်နှင့်…

စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ်် ၂၇၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ နံနက် (၁း၂၀)မိနစ်မှ (၂း၀၀)နာရီကျော်အချိန်ထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုများ အိပ်မောကျချိန်တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၂…

အောင်ပန်းတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး မိသားစုနှင့်အဆက်သွယ်မရသေး

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ အောင်ပန်းတွင် အမျိုးသားတစ်ဦးသည် ဩဂုတ် ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန်တွင် ကြိုးဆွဲချသေဆုံးပြီး မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း ဩဂုတ်လ၂၇ ရက်တွင် နာရေးကူညီမှုအသင်း အောင်ပန်းထံ သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ညောင်သာယာရပ်ကွက်၊ ပြည်သာယာစျေး ကျေးဇူးရှင်ထမင်းဆိုင်အရှေ့ဘက် သံလမ်းအနီးဇီးကြမ်းပင်ပေါ်တွင် ပဲခူးမြို့နယ် ယာဥ်မောင်းကိုမျိုး ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန်တွင်…

ပင်လုံမြို့တွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ ပင်လုံမြို့၊ပေါင်းလိုင်ကျေးရွာအနီးတွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဩဂုတ်လ (၂၆) ရက်တွင် စစ်ကောင်စီလက်အောက် CCDAC Myanmar မှ ဖော်ပြထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်ကျေးရွာ အနီးတွင် ဩဂုတ်လ(၂၄)ရက်နေ့က စစ်ကောင်စီလက်အောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ်…