မိုးရာသီတွင်းဖြစ်နေသော်လည်း ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင် သောက်သုံးရေရှားပါးနေဆဲ
ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဒေသခံများနှင့် စစ်ဘေးရှောင်လာသည့် စစ်ရှောင် ၄၀၀၀ ကျော်တို့အပါ မိုးရာသီဖြစ်နေသော်လည်း သောက်သုံးရေရှားပါးနေဆဲကြောင့် အခက်ခဲများကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် တိုက်ပွဲများကြောင့် ၎င်းဒေသရှိစစ်ရှောင်စခန်း၌ လာရောက်တိမ်းရှောင်နေရသည့် လူဦးရေများလာသည်အလျှောက်…